• Follow Us on
Latest News

Home အကြမ်းဖက်နှင့် မတရားအသင်း သတ်မှတ်ခံထားရသည့်လက်နက်ကိုင်အဖွဲ့များကို ပယ်ဖျက်ကြောင်း CRPH ထုတ်ပြန်

အကြမ်းဖက်နှင့် မတရားအသင်း သတ်မှတ်ခံထားရသည့်လက်နက်ကိုင်အဖွဲ့များကို ပယ်ဖျက်ကြောင်း CRPH ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၁၇ (People Media)

ယခင်အစိုးရ အဆက်ဆက်တွင် အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ်သတ်မှတ်ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို အဆိုပါ သတ်မှတ်ထားခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ယနေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရန် ဆက်သွယ်ဆောင်ရွက်မှုကြောင့် မတရားအသင်း ဥပဒေ ပုဒ်မ (၁၇)(၁) ဖြင့်အရေးယူဆောင်ရွက်မှုများသည် တရားဝင်မှုမရှိကြောင်း ၎င်းဥပဒေများဖြင့် တရားစွဲဆိုမှုများကိုလဲရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်နေသော နိုင်ငံဝန်ထမ်းများ၊ မတရားမှုများ ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

#PeopleMedia #CRPH


Share this post