• Follow Us on

Home အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပါတီငယ်များနှင့် အမျိုးသမီးများ ပိုမိုရွေးကောက်ခံရ လာနိုင်ကြောင်း တစညပါတီ ထုတ်ပြန်

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသားပါတီငယ်များနှင့် အမျိုးသမီးများ ပိုမိုရွေးကောက်ခံရ လာနိုင်ကြောင်း တစညပါတီ ထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၉

 

ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးခြင်းဖြင့် အားသာချက်မှာ တိုင်းရင်းသားပါတီငယ်များနှင့် အမျိုးသမီးများ ပိုမိုရွေးကောက်ခံရလာနိုင်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။

 

နစကမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ် အပိုဒ်(၅)တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း၊ ထိုလုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပရာတွင် ရွေး ကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအတွက် နိုင်ငံရေးပါတီများနှင့်လည်း ညှိနှိုင်းခဲ့ပြီးဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးခြင်းဖြင့် အားသာချက်မှာ တိုင်းရင်းသာပါတီငယ်များနှင့် အမျိုးသမီးများ ပိုမို ရွေးကောက်ခံရလာနိုင်ကြောင်း၊ သို့ဖြစ်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ကျင်းပလာမည့် ရွေးကောက်ပွဲတွင် အရည်အချင်းပြည့်မီသည့် အမျိုးသမီးကိုယ်စားလှယ်များ ပေါ်ထွက်လာရေး ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 


 

#PeopleMedia


Share this post