• Follow Us on

Home အချိုးကျကိုယ်စားပြု(PR)စနစ်နှင့် စပ်လျဉ်း၍ မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

အချိုးကျကိုယ်စားပြု(PR)စနစ်နှင့် စပ်လျဉ်း၍ မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၆ (People Media)

 

အချိုးကျကိုယ်စားပြု (PR) စနစ်နှင့်စပ်လျဉ်း၍ မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် သက်ဆိုင်ရာပါတီများနှင့် ဆွေးနွေးနေကြောင်း၊ NGO၊ INGO အဖွဲ့များနှင့် လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၆/၂၀၂၁)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

 

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ အာဆီယံတွင် ဧပြီ ၂၄ ရက်၌ အာဆီယံ အထူးကိုယ်စားလှယ်ရွေး ချယ်စေလွှတ်ရေးအပါအဝင် အကြမ်းဖျဉ်းအားဖြင့် သဘောတူညီချက် ၅ ချက်ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင်နိုင်ငံ ရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံမှ ပူးပေါင်းဆောင်ရွက် ပေးနိုင်မည့်ကိစ္စရပ်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပဋိဉာဏ်၊ အာဆီယံကတိကဝတ်များဖြင့် ရပ်တည်ဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခြင်း ထက် အခြားစွက်ဖက်မှုအချို့ရှိသည်ကိုတွေ့ရှိရသဖြင့် အတတ်နိုင်ဆုံးပြေလည်အောင် ဆွေးနွေးဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

လက်နက်ကိုင်ပဋိပက္ခကိစ္စများနှင့်ပတ်သက်၍လည်း တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်မှလည်း EAO အဖွဲ့အချို့အနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကို အသုံးချ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများ ပြုလုပ်လာသဖြင့် ထိန်းသိမ်းဆောင်ရွက်နေရမှုများရှိကြောင်း၊ ယခုအခါပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာပြီး ပြည်သူများ၏ သတင်းပေးမှုများနှင့် ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖမ်းဆီရမိမှုများ များစွာပြုလုပ်လာနိုင်ကြောင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးအကြီးဆုံးဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းသည့်ဒေသများတွင် သတင်းရရှိမှု ပိုမိုမြန်ဆန်ကာ ဒေသတည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးတည်ဆောက်နိုင်သည်ကို တွေ့ရှိရ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

စီးပွားရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ် – ၁၉  ရောဂါဖြစ်ပွားချိန်တွင် ပြည်တွင်းဖြစ်ကိုအားပေးရန်နှင့် ပြည်တွင်းစီးပွားရေးကို ပိုမိုအားပေးရန် လိုအပ်ကြောင်း၊ ပြည်သူများချမ်းသာ ကြွယ်ဝခြင်းသည် နိုင်ငံချမ်းသာကြွယ်ဝခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူကိုဆင်စီးမြင်းရံဖြင့် လူမှုဘဝမြင့်မြင့် မားမားနေထိုင်နိုင်ရန်အတွက် တွန်းအားပေးဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ လိုအပ်သည်များ ထိန်း ကျောင်းပေးခြင်းနှင့်အားပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #PR

 

(unicode)

အခြိုးကကြိုယျစားပွု(PR)စနဈနှင့ျ စပျလဉြျး၍ မူအားဖွင့ျ သဘောတူညီပွီးဖွဈကွောငျး န-စ-ကဥက်ကဋ်ဌ ပွောကွား

………………………………………………………………..

 


 


 


 


 


 


 



Share this post