• Follow Us on
Latest News

Home အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုလုပ် ရပ်များကြောင့် အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုဖြစ်ပွားခဲ့ရကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုလုပ် ရပ်များကြောင့် အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုဖြစ်ပွားခဲ့ရကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့်အချိန်တွင် အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုကာ ဆေးရုံများကို စွန့်ခွာသွားကြသည့်လုပ်ရပ်များကြောင့် အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့ရကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့်အချိန်တွင် မြွေပူရာကင်း မှောင့်ဆိုသကဲ့သို့ အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့ တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့ လုပ် ရပ်များကြောင့် လူနာများမနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့သည်ကို မြင် တွေ့ခဲ့ရမည်ဖြစ်ကြောင်း၊ အဆိုပါကာလများတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိ ကဆုံးရှုံးနစ်နာရသူများသည် သာမန်ပြည်သူလူထုများသာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

ထို့အတူ စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံ ပေးရေးလုပ်ငန်းအတွက် ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော်ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ် ဆေးထိုးနှံမှုကို ယခုလအကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါသည် လုံးဝပျောက်ကင်းသွားမည်မဟုတ်ဘဲ အတူယှဉ်တွဲ နေထိုင်ရမည့် ရောဂါတစ်ခု ဖြစ်သဖြင့် ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပါ တပ်မတော်အနေဖြင့် အရေးပါသည့် အခန်း ကဏ္ဍမှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ် တာဝန်ကျရာနေရာ ဒေသအသီးသီးကို ရောက်ရှိသည့်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေး တာဝန်များကိုတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်အသိပေး မှာကြားလိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #ကျန်းမာရေး #COVID19

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 



Share this post