• Follow Us on

Home အဂတိဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် ဈေးများဌာနမှူး အမှုမှ အပြီးသတ် လွတ် မြောက် မဟုတ်မမှန်တိုင်ကြားသူကို ဥပဒေအရ ပြန်လည်တရားစွဲဆိုမည်ဟု ၄င်း၏ရှေ့နေေ ပြာဆို

အဂတိဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် ဈေးများဌာနမှူး အမှုမှ အပြီးသတ် လွတ် မြောက် မဟုတ်မမှန်တိုင်ကြားသူကို ဥပဒေအရ ပြန်လည်တရားစွဲဆိုမည်ဟု ၄င်း၏ရှေ့နေေ ပြာဆို

Share this post

မန္တလေး၊ သြဂုတ် ၂၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် နေပြည်တော်စည်ပင် သာ ယာရေးကော်မတီ ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးကို သြဂုတ်လ ၂၈ ရက် မွန်းလွဲ ၃ နာရီ၌ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ အပြီးပြတ် လွှတ်ပေးခဲ့ သည်။

“အပြီးသတ်လွတ်သွားပြီ။ ဘာကြောင့် လွတ်သွားသလဲဆိုရင် ဗီဒီယိုဖိုင်ကို လုပ်ကြံပြီး တင်တယ်။ ဓာတ်ပုံတွေ လုပ်ကြံတင်တယ်။ ဗီဒီယို ဖြတ်ညှပ်ကပ်တင်တာပေါ်တယ်။ ပေါ်အောင်လည်း ကျွန်တော်တို့ စစ်ခဲ့တယ်။ အခုလို လိမ်လည်တိုင်ကြားခဲ့သည့်အမှု အပေါ် ကျွန်တော်တို့ဘက်က ပြန်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ တရားစွဲပါ့မယ်။ အဂတိ တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့လည်း သေချာစစ်ဆေးဖော်ထုတ်ဖို့ လိုပါတယ်“ အမှု အား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း ကပြော သည်။

အဆိုပါအမှုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မန္တလေးတိုင်းဒေသကြီး တရားလွှတ် တော်တွင် အမှုအား စစ်ဆေးခဲ့ရာ ၂ နှစ်ကျော်ခန့်အချိန်၌ စစ်ဆေးချက်အရ အဂတိဟု မပေါ်ပေါက်၍ ယခုလိုအပြီးပြတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်အနေနဲ့ လက်ရှိမှာ ဘာမှမပြောချင်သေးဘူး။ ယခုလို လွတ်လာတဲ့အတွက် ၀မ်းသာပါ တယ်” ဟု ဦးမင်းလွင်စိုးကပြောသည်။

ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က ကျပ်ငွေ ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ငွေကျပ် သိန်း ၂၀ တို့ကို ရယူခဲ့သည့် အတွက် နိုင်ငံ့ဝန်ထမ်း လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံး စားပြု ကာ ငွေကြေးရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ခံရခြင်းသည်။


Share this post
https://www.facebook.com/1120229281493723/videos/421395941823401/