• Follow Us on

Home အင်္ဂပူမြို့၊ ရှမ်းတောကျောင်းတိုက်သက်တော်ရှည်ဆရာတော်ကြီး ပျံလွန်တော်မူ

အင်္ဂပူမြို့၊ ရှမ်းတောကျောင်းတိုက်သက်တော်ရှည်ဆရာတော်ကြီး ပျံလွန်တော်မူ

Share this post

No description available.

No description available.

 

ဧရာဝတီ၊ ဇူလိုင် ၂၈ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ အောက်ရွာကြီးကျေးရွာ ရှမ်းတောကျောင်းတိုက် သက်တော်ရှည်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တက္ကန္ဒာသီရိဟာ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၆ မိနစ်အချိန်မှာ ပျံလွန်တော်မူ သွား ခဲ့ပါတယ်။

 

“ဆရာတော်ကြီးဟာ အင်္ဂပူမြို့မှာဆို ရဟန်းနာလို့ သတ်မှတ်ကြတာပေါ့၊ မနေ့က ၁၂ နာရီ ၅၆ မိနစ်မှာ လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာပါ” လို့ အင်္ဂပူမြို့နယ် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုမင်းထက်စံက People Media ကို ပြောပါတယ်။

 

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာတော့ သက်တော် (၉၇)နှစ်ရှိပြီဖြစ်ပြီး ဝါတော်ကတော့ (၇၇) ဝါ ရှိနေပြီး၊ ဆရာတော်ကြီးမှာ အင်္ဂပူမြို့ရဲ့ အထင်ကရ ဆရာတော်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။

 

#PeopleMedia #သာသနာရေး #အင်္ဂပူမြို့

 

(unicode)


…………………………………………………….

 


 


 


 


 

#PeopleMedia #သာသနာရေး #အငျ်ဂပူမွို့


Share this post