• Follow Us on

Home အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်မကြုံစဖူးကူးစက်မှုများတွေ့ကြုံနေရ

အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်မကြုံစဖူးကူးစက်မှုများတွေ့ကြုံနေရ

Share this post

လန်ဒန်၊ ဒီဇင်ဘာ ၂၉

လူနာပမာဏများပြားလာခြင်းကိုခြုံငုံမိစေရန် အမျိုးသားကျန်းမာရေးဌာန(NHS)ကကြိုးစားနေရသဖြင့် အင်္ဂလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအလွန်မြင့်တက်နေခြင်းကြောင့် စိုးရိမ်မှုပိုများနေသည်ဟု ကျန်းမာရေးအရာရှိတယောက်ကပြောသည်။

ဗြိတိန်တွင် တနင်္လာနေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄၁၃၈၅ ယောက်နှင့် သေဆုံးသူ ၃၅၇ ယောက်ထပ်တိုးခဲ့သည်။

ဆေးရုံတက်ကုသမှုခံယူနေသူ ၂၀၄၂၆ ယောက်ရှိသည်ဟု အင်္ဂလန် NHSက ပြောပြီး ထိုပမာဏသည် ဧပြီလတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့သည့်အချိန်ထက် ပိုများနေခြင်းဖြစ်သည်။

ဝေလနှင့်စကော့တလန်တို့တွင်လည်း ကုသမှုဝန်ထုပ်ဝန်ပိုးကြုံရနိုင်သည့်အန္တရာယ်ရှိနေကြောင်း ကျန်းမာရေးအရာရှိများကပြောသည်။

တနင်္လာနေ့ပမာဏသည် ဗြိတိန်အစိုးရကအစီရင်ခံထားသည့်ပမာဏထဲတွင် တနေ့တာကူးစက်မှုအမြင့် ဆုံးဖြစ်ပြီး ပထမဆုံး ၄၀၀၀၀ ကျော်ခဲ့ခြင်းလည်းဖြစ်သည်။

ဧပြီလတွင် ပထမတကြိမ်ကူးစက်မှုမြင့်တက်ခဲ့ခြင်းထက် ကူးစက်မှုနှုန်းပိုမြင့်တက်နေသော်လည်း အမှန်တ ကယ်ကူးစက်မှုပမာဏကိုရှာဖွေရန် စမ်းသပ်နိုင်စွမ်းအကန့်အသတ်ရှိသည်။

အချို့သောရောဂါရှာဖွေမှုရလဒ်များကိုရပ်ဆိုင်းထားရသဖြင့် ခရစ္စမတ်ကာလကူးစက်မှုများလည်း မပြီးဆုံး သေးချေ။
Ref : Covid-19: Concern at ‘unprecedented’ infection level in England

#PeopleMedia

(unicode)
………………………………………








Ref : Covid-19: Concern at ‘unprecedented’ infection level in England

#PeopleMedia


Share this post