• Follow Us on

Home အင်ဒိုနီးရှားကို ဆေးခြောက် တင်သွင်းပါက သေဒဏ်ကျခံရနိုင်တယ်လို့ ထိုင်းသံရုံး သတိပေး

အင်ဒိုနီးရှားကို ဆေးခြောက် တင်သွင်းပါက သေဒဏ်ကျခံရနိုင်တယ်လို့ ထိုင်းသံရုံး သတိပေး

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

ဆေးခြောက်နဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ အင်ဒိုနီးရှားကိုတင်သွင်းပါက သေဒဏ်ကျခံရနိုင်တာကြောင့် ထိုင်း နိုင်ငံသားတွေအနေနဲ့ ဆေးခြောက်နဲ့ ဆက်စပ်ပစ္စည်းတွေကို အင်ဒိုနီးရှားနိုင်ငံထဲကို မသယ်ဆောင်ဖို့ ဂျကာ တာမှာရှိတဲ့ ထိုင်းတော်ဝင်သံရုံးက သတိပေးလိုက်ပါတယ်။

 

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက  ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာတွေမှာ အသုံးပြုဖို့နဲ့ စီးပွား ဖြစ်သီးနှံအဖြစ် အစားထိုးအသုံးပြုဖို့ ရည်ရွယ်ချက်တွေနဲ့ မူးယစ်ဆေးဝါးစာရင်းကနေ ဇွန်လ ၉ ရက်နေ့ကနေ ဖယ်ရှားပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖောက်ကားတာတွေ  သုံးစွဲ တာတွေ ရှိလာပါတယ်။

 

ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ဆေးခြောက်နဲ့ ဆက်စပ်တဲ့ ဘယ်လိုထုတ်ကုန်တွေမဆို နိုင်ငံထဲသယ် ဆောင်တင်သွင်းလာပါက သေဒဏ်အထိ ချမှတ်ခံရနိုင်တာကြောင့် ထိုင်းသံရုံးကနေ နိုင်ငံသားတွေကို သတိ ပေးခဲ့တာပါ။

 

သံရုံးရဲ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံအတွင်းကို ဆေးခြောက်သယ်ဆောင်သူဟာ အနည်းဆုံးဒဏ်ငွေ အင်ဒိုနီးရှား ရူပီယာ ၁ ဘီလီယံ( ဘတ် ၂.၃ သန်း)၊ ထောင်ဒဏ် ငါးနှစ်ကနေ တစ်သက်တစ်ကျွန်း ချမှတ် နိုင်တဲ့အပြင် သေဒဏ်အထိပါ ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့ကြောင့် နိုင်ငံသားတွေကို အင်ဒိုနီးရှားကို ခရီးသွားတဲ့အခါ အခြားသူတွေဆီက ပစ္စည်းတွေကို လက်မခံဖို့ ထိုင်းသံရုံးက ထည့်သွင်းသတိပေးထားပါတယ်။

 

Source – nationthailand

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 


 

Source – nationthailand

 

#PeopleMedia


Share this post