• Follow Us on

Home အင်ဒိုနီးရှားတွင် အိမ်ထောင်မပြုမီ ချစ်သူစုံတွဲများအတူနေမှုကို တားမြစ်သည့် ဥပဒေပြဌာန်းရန် စီစဉ်

အင်ဒိုနီးရှားတွင် အိမ်ထောင်မပြုမီ ချစ်သူစုံတွဲများအတူနေမှုကို တားမြစ်သည့် ဥပဒေပြဌာန်းရန် စီစဉ်

Share this post

အင်ဒိုနီးရှားနိုင်ငံမှာ ဂေးတွေနဲ့ ချစ်သူစုံတွဲတွေ အိမ်ထောင်မပြုမီ အတူနေမှုတွေကို ရာဇ၀တ်မှုဥပဒေအရ အပြစ်ပေးမယ့် အစီအစဉ်အတွက် မဲခွဲဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

ရှေးရိုးစွဲဘာသာဝင်တွေရဲ့ လှုံ့ဆော်မှုကြောင့် တရားဥပဒေပြဌာန်းဖို့ ဖြစ်လာတဲ့ အဆိုပါ ဘာသာရေးထိပါးစော်ကားမှု ဥပဒေကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စက်တင်ဘာ ၁၉ ရက်နေ့မှာ ဝေဖန်ခဲ့ကြပါတယ်။

တရားဝင်ပြဌာန်းဖို့ အဆိုပြုထားတဲ့ ဥပဒေဟာ ကမ္ဘာ့မူဆလင်လူမျိုးစုအများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက သန်းနဲ့ချီတဲ့ ပြည်သူတွေအပေါ် သက်ရောက်မှုရှိစေမှာဖြစ်ပြီး ချစ်သူစုံတွဲတွေအနေနဲ့လည်း လက်မထပ်ခင် အတူနေမှုကြောင့် ထောင်ဒဏ်ကျခံရဖို့ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံက LGBT အသိုင်းအ၀ိုင်းတွေကလည်း နိုင်ငံတွင်း လိင်တူလက်ထပ်မှုကို တရားဝင်ခွင့်မပြုတဲ့အတွက် အပြစ်ပေးခံရမှာကို စိုးရိမ်နေကြပါတယ်။

လု့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အင်ဒိုနီးရှားသုတေသီတစ်ဦးဖြစ်သူ အန်ဒရီရက် ဟာဆန်နိုက အင်ဒိုနီးရှားအစိုးရရဲ့ ရာဇ၀တ်မှု ဥပဒေမူကြမ်းဟာ အမျိုးသမီးတွေ၊ဘာသာခြားတွေနဲ့ အင်ဒိုနီးရှားနိုင်ငံသားအားလုံးအတွက် ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Ref; CNA


Share this post