• Follow Us on

Home အင္ဒိုနီးရွားနိုင္ငံက ပထမအသုတ္ တ႐ုတ္ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၁ ဒသမ ၂ သန္း လက္ခံရရွိ

အင္ဒိုနီးရွားနိုင္ငံက ပထမအသုတ္ တ႐ုတ္ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၁ ဒသမ ၂ သန္း လက္ခံရရွိ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၇(PeopleMedia)
အစိုးရက အစုလိုက္အျပဳံလိုက္ ကာကြယ္ေဆးထိုးေရး အစီအစဥ္လုပ္ေဆာင္ရန္ ျပင္ဆင္ေနစဥ္ အင္ဒိုနီး ရွားနိုင္ငံက ဒီဇင္ဘာလ ၆ ရက္တြင္ တ႐ုတ္နိုင္ငံထံမွ ပထမအသုတ္ ကိုဗစ္ကာကြယ္ေဆး လက္ခံရရွိခဲ့ေၾကာင္း သမၼတ ဂ်ိဳကိုဝီဒိုဒိုက ေျပာၾကားလိုက္သည္။
အင္ဒိုနီးရွားနိုင္ငံက တ႐ုတ္နိုင္ငံ Sinovac Biotech ထံမွ ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၁ ဒသမ ၂ သန္း လက္ခံရရွိခဲ့ေၾကာင္း သမၼတ ဂ်ိဳကိုဝီဒိုဒိုက အြန္လိုင္းရွင္းလင္းပြဲတစ္ခုအတြင္း ေျပာၾကားခဲ့သည္။
အင္ဒိုနီးရွားနိုင္ငံက တ႐ုတ္နိုင္ငံထုတ္ အဆိုပါဗိုင္းရပ္စ္ကာကြယ္ေဆးကို ၾသဂုတ္လကတည္းက စမ္း သပ္လ်က္ရွိသည္။
လာမည့္ ဇန္နဝါရီလအေစာပိုင္းတြင္ ေနာက္ထပ္ ကိုဗစ္ကာကြယ္ေဆး ၁ ဒသမ ၈ သန္းရရွိရန္ အင္ဒိုနီး ရွားအစိုးရက စီစဥ္ေနေၾကာင္း ၄င္းက ေျပာသည္။
Sinovac ကာကြယ္ေဆး၏ အၿပီးသတ္အဆင့္ စမ္းသပ္မႈမ်ားကို ဘရာဇီးႏွင့္ တူရကီနိုင္ငံ၌ လုပ္ေဆာင္ ေနၿပီး ဘရာဇီးနိုင္ငံ၌ လုပ္ေဆာင္လ်က္ရွိသည့္ ကာကြယ္ေဆးထိေရာက္မႈ ၾကားျဖတ္ရလဒ္ကို ယခုလလယ္တြင္ ရရွိမည္ဟု ေမၽွာ္မွန္းရသည္။
ႏွစ္လအတြင္း ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၄၅သန္း ထုတ္လုပ္နိုင္မည့္ ကုန္ၾကမ္းမ်ား ယခုလအတြင္း ရရွိမည္ဟု အင္ဒိုနီးရွားနိုင္ငံက ေမၽွာ္မွန္းေၾကာင္း ၄င္းက ေျပာသည္။
ယခုကာကြယ္ေဆးကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဌာန (BPOM) က အတည္ျပဳရန္ လိုအပ္ဆဲ ျဖစ္ၿပီး အစိုးရက လူဦးေရ သန္း ၂၇၀ ေနထိုင္ရာ အင္ဒိုနီးရွားနိုင္ငံတစ္ဝန္း ကာကြယ္ေဆးမ်ားျဖန္႔ျဖဴးရန္ ျပင္ဆင္ ေနေၾကာင္း သူက ဆိုသည္။
အင္ဒိုနီးရွားနိုင္ငံတြင္ မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း ေန႔အလိုက္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ျမင့္ တက္လာခဲ့ၿပီး လက္ရွိတြင္ အတည္ျပဳ ကိုဗစ္ကူးစက္မႈ ၅၇၅၇၉၆ မႈႏွင့္ ေသဆုံးသူ ၁၇၇၄၀ ဦးရွိကာ အေရွ႕ ေတာင္အာရွေဒသတြင္ ဗိုင္းရပ္စ္ကူးစက္မႈႏွင့္ ေသဆုံးမႈႏႈန္း အျမင့္ဆုံးျဖစ္သည္။
ကိုးကား – စီအန္ေအ
Ref; Indonesia receives first COVID-19 vaccine from China’s Sinovac
(unicode)
အင်ဒိုနီးရှားနိုင်ငံက ပထမအသုတ် တရုတ်ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၂ သန်း လက်ခံရရှိ
…………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ ၇(PeopleMedia)
အစိုးရက အစုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးရေး အစီအစဉ်လုပ်ဆောင်ရန် ပြင်ဆင်နေစဉ် အင်ဒိုနီး ရှားနိုင်ငံက ဒီဇင်ဘာလ ၆ ရက်တွင် တရုတ်နိုင်ငံထံမှ ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး လက်ခံရရှိခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံ Sinovac Biotech ထံမှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၂ သန်း လက်ခံရရှိခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက အွန်လိုင်းရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံထုတ် အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို သြဂုတ်လကတည်းက စမ်း သပ်လျက်ရှိသည်။
လာမည့် ဇန်နဝါရီလအစောပိုင်းတွင် နောက်ထပ် ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၈ သန်းရရှိရန် အင်ဒိုနီး ရှားအစိုးရက စီစဉ်နေကြောင်း ၄င်းက ပြောသည်။
Sinovac ကာကွယ်ဆေး၏ အပြီးသတ်အဆင့် စမ်းသပ်မှုများကို ဘရာဇီးနှင့် တူရကီနိုင်ငံ၌ လုပ်ဆောင် နေပြီး ဘရာဇီးနိုင်ငံ၌ လုပ်ဆောင်လျက်ရှိသည့် ကာကွယ်ဆေးထိရောက်မှု ကြားဖြတ်ရလဒ်ကို ယခုလလယ်တွင် ရရှိမည်ဟု မျှော်မှန်းရသည်။
နှစ်လအတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၄၅သန်း ထုတ်လုပ်နိုင်မည့် ကုန်ကြမ်းများ ယခုလအတွင်း ရရှိမည်ဟု အင်ဒိုနီးရှားနိုင်ငံက မျှော်မှန်းကြောင်း ၄င်းက ပြောသည်။
ယခုကာကွယ်ဆေးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (BPOM) က အတည်ပြုရန် လိုအပ်ဆဲ ဖြစ်ပြီး အစိုးရက လူဦးရေ သန်း ၂၇၀ နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ကာကွယ်ဆေးများဖြန့်ဖြူးရန် ပြင်ဆင် နေကြောင်း သူက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မကြာသေးမီ သီတင်းပတ်များအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့် တက်လာခဲ့ပြီး လက်ရှိတွင် အတည်ပြု ကိုဗစ်ကူးစက်မှု ၅၇၅၇၉၆ မှုနှင့် သေဆုံးသူ ၁၇၇၄၀ ဦးရှိကာ အရှေ့ တောင်အာရှဒေသတွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်သည်။
ကိုးကား – စီအန်အေ
Ref; Indonesia receives first COVID-19 vaccine from China’s Sinovac


Share this post