• Follow Us on
Latest News

Home အင်ဒိုနီးရှားနိုင်ငံက ဒေသအချို့၌ ဗိုင်းရပ်စ်ကန့်သတ်ချက်များ ဖြေလျှော့မည်

အင်ဒိုနီးရှားနိုင်ငံက ဒေသအချို့၌ ဗိုင်းရပ်စ်ကန့်သတ်ချက်များ ဖြေလျှော့မည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၇ (People Media)

 

ဂျကာတာမြို့တော်နှင့် အခြားနေရာအချို့တွင် ချမှတ်ထားသော ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို သြ ဂုတ်လ ၂ ရက်အထိ သက်တမ်းတိုးမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

 

တိုင်းပြည်တစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေလင့်ကစား အင်ဒိုနီးရှားအစိုးရက ကိုဗစ် ၁၉ ဆိုင်ရာ စည်းမျဉ်းအချို့ ဖြေလျှော့လျက်ရှိသည်။

 

သတ်မှတ်ချိန်အတွင်း မရှိမဖြစ်ပစ္စည်းများ ရောင်းချသောဈေးများကို ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သော်လည်း စား သောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေမည်ဟု ၎င်းကဆိုသည်။

 

ယခုအစီအမံများက ဗိုင်းရပ်စ်ဆိုင်ရာကန့်သတ်ချက်များကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အသေးစားစီးပွားရေး လုပ်ငန်းများကို အားပေးရန် ရည်ရွယ်သည်ဟုဆိုသည်။

 

အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုများတားဆီးရန် အင်ဒိုနီးရှားအစိုးရက ဇူလိုင်လ ၃ ရက်တွင် ဂျာဗားနှင့် ဘာလီကျွန်း၌ ကန့်သတ်ချက်များ အရင်ဆုံး ချမှတ်ခဲ့ သည်။

 

ယခုအစီအမံများတွင် နယ်ပယ်အများစုမှ အလုပ်သမားများကို နေအိမ်မှ အလုပ်လုပ်ကိုင်စေခြင်းလည်း ပါဝင်ကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်သစ်ကူးစက်ခံရသူအရေအတွက်မှာ တစ်ရက်လျှင် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ရှိပြီး သေဆုံးမှုများလည်း မြင့်တက်လျှက်ရှိသည်။

 

အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးစနစ်က ဗိုင်းရပ်စ်ကုသရေးတွင် မနိုင်မနင်းဖြစ်နေပြီး ပြည်သူများက ဗိုင်းရပ်စ် ကူးစက်မှုများအတွက် တာဝန်ရှိသူများကို ရာထူးမှဖယ်ရှားရန် တောင်းဆိုနေကြသည်။

 

Ref; Indonesia to partly ease coronavirus restrictions

 

#PeopleMedia #EPN #international #အင်ဒိုနီးရှား

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 


 

Ref; Indonesia to partly ease coronavirus restrictions

 



Share this post