• Follow Us on

Home အင်ဒိုနီးရှားနိုင်ငံက AstraZeneca နှင့် Pfizer ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူ

အင်ဒိုနီးရှားနိုင်ငံက AstraZeneca နှင့် Pfizer ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဝယ်ယူ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀

ဆေးဝါးကုမ္ပဏီများဖြစ်သော Pfizer ၊ AstraZeneca တို့ထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ဝယ်ယူမည့် သဘောတူညီချက်များ အင်ဒိုနီးရှားနိုင်ငံက အပြီးသတ်လုပ်ဆောင်လိုက်ကြောင်း ကျန်းမာ ရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ပြောသည်။

ယခုနှစ်မကုန်မီ AstraZeneca ကုမ္ပဏီနှင့် ဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူရေး သဘောတူညီချက်အပြီးသတ် မည်ဖြစ်သလို ဇန်နဝါရီလ ပထမအပတ်တွင် Pfizer ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေး ထိုးမည်ဟု ၎င်းက ပြောသည်။

ကျန်းမာရေးဝန်ထမ်း ၁ ဒသမ ၃ သန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ပထမဆုံးသော တရားဝင် သတင်းစာရှင်းလင်းပွဲ၌ ဆာဒီကင်က ပြောသည်။

“ကျန်းမာရေးဝန်ထမ်းတွေက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရာမှာ အရေးပါဆုံးသူတွေ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်တွင် အင်ဒိုနီးရှားနိုင်ငံသို့ AstraZeneca ဗိုင်းရပ်စ်ကာကွယ်ဆေးများ ရောက်ရှိ မည်ဖြစ်ပြီး တတိယသုံးလပတ်တွင် Pfizer ကာကွယ်ဆေးများ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

ကိုးကား – ရိုက်တာ

Ref; Indonesia secures vaccine deals with Pfizer, AstraZeneca

(unicode)
…………………………………..








Ref; Indonesia secures vaccine deals with Pfizer, AstraZeneca


Share this post