• Follow Us on

Home အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ မြေပြိုမှုများကြောင့် ၁၁ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရရှိပြီး ၁၄ ဦး ပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ မြေပြိုမှုများကြောင့် ၁၁ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရရှိပြီး ၁၄ ဦး ပျောက်ဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၊ ဂျာဗားပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိကာ ၁၄ ဦး ပျောက်ဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။
 
ဇန်နဝါရီလ ၉ ရက် ညနေ ၄ နာရီခန့်က ဆူမီဒန်းခရိုင် စီဟန်ဂျူအန်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲ ဘူဒီဘူဒီမန်က ပြောသည်။
 
“သေဆုံးသူတွေအတွက် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေချိန်မှာ ရုတ်တရက် မြေပြိုမှုတွေ ဖြစ်ပွား ခဲ့လို့ ကယ်ဆယ်ရေးသမားများစွာ သေဆုံးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
 
စီမန်ဂန်ခရိုင်၌ ဒေသစံတော်ချိန် ၇ နာရီ မိနစ် ၃၀ ခန့်တွင် မြေပြိုမှုများ ထပ်မံဖြစ်ပွားခဲ့ပြီး သေဆုံးသူများတွင် ကယ်ဆယ်ရေးသမားများ ပါဝင်ကြောင်း ဘူဒီမန်က ဆိုသည်။
 
“မြေပြိုမှုတွေဖြစ်ရာနေရာက မြေသားအခြေအနေက မတည်ငြိမ်လို့ ဒီလိုဖြစ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
 
မြေပြိုမှုများကြောင့် နေအိမ် ၁၄ လုံး ပျက်စီးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိကာ ၎င်းတို့ကို ဆေးရုံ၌ ကုသပေးနေ ကြောင်း ဘူဒီမန်က ဆိုသည်။
 
 
အကြီးစားစက်ကိရိယာများ၊ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်နှင့်အတူ ပျောက်ဆုံးနေသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ကိုးကား – ဆင်ဟွာ
 
Ref; 11 killed, 14 missing as landslides hit Indonesia’s West Java
 
#PeopleMedia
 
(unicode)
………………………………………………………
 
 
 
 
 
 
 
 
 
 
 
Ref; 11 killed, 14 missing as landslides hit Indonesia’s West Java
 
#PeopleMedia

Share this post