• Follow Us on
Latest News

Home အင္ဒိုနီးရွားေလတပ္သို႔ တိုင္ဖြန္းတိုက္ေလယာဉ္ ၁၅ စင္း ေရာင္းခ်ရန္ ျသစႀတီးယား သေဘာတူ

အင္ဒိုနီးရွားေလတပ္သို႔ တိုင္ဖြန္းတိုက္ေလယာဉ္ ၁၅ စင္း ေရာင္းခ်ရန္ ျသစႀတီးယား သေဘာတူ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၁

အင္ဒိုနီးရွား ကာကြယ္ေရးဝန္ႀကီး ပရာဘိုဝိုဆူဘီယန္တို၏ အီးအက္ဖ္-၂၀၀၀ တိုင္ဖြန္းတိုက္ေလယာဉ္ ၁၅ စင္း ဝယ္ယူရန္အဆိုျပဳမႈ စာတစ္ေစာင္ကို ျသစႀတီးယား ကာကြယ္ေရးဝန္ႀကီး ကေလာ္ဒီယာတန္နာက အျပဳ သေဘာေဆာင္စြာ တုံ႔ျပန္ခဲ့ေၾကာင္း သိရသည္။

ျသစႀတီးယားႏိုင္ငံက ထိုစီမံကိန္းမူေဘာင္အတြင္း အင္ဒိုနီးရွား ေခါင္းေဆာင္ပိုင္းႏွင့္ ပူးေပါင္းေဆာင္ရြက္ ရန္ အသင့္ရွိၿပီး အီးအက္ဖ္-၂၀၀၀ တိုင္ဖြန္းတိုက္ေလယာဉ္မ်ား ေရာင္းခ်မႈအတည္ျပဳရန္ ပါဝင္ေသာကုမၸဏီအား လုံးႏွင့္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား ျပဳလုပ္သြားမည္ျဖစ္သည္။

ယခုႏွစ္ ဇူလိုင္ ၁၀ ရက္တြင္ အင္ဒိုနီးရွား ကာကြယ္ေရးဝန္ ႀကီး ပရာဘိုဝိုဆူဘီယန္တိုက အင္ဒိုနီးရွားႏိုင္ငံ အေနျဖင့္ အီးအက္ဖ္-၂၀၀၀ တိုင္ဖြန္းတိုက္ေလယာဉ္ ၁၅ စင္း ဝယ္ယူလိုေၾကာင္း အဆိုျပဳခ်က္တစ္ရပ္ပါရွိသည့္ စာတစ္ေစာင္ကို ျသစႀတီးယား ကာကြယ္ေရးဝန္ႀကီး ကေလာ္ဒီ ယာတန္နာထံ ေပးပို႔ခဲ့သည္။

အက်င့္ပ်က္ခ်စားမႈ စုံစမ္းစစ္ေဆးျခင္းေၾကာင့္ ထိုတိုက္ေလယာဉ္မ်ား ထုတ္လုပ္ေရးတြင္ ျသစႀတီးယား ႏိုင္ငံ ရင္ဆိုင္ခဲ့ရေသာ အခက္အခဲမ်ားကို နားလည္ပါေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံသို႔ တိုင္ဖြန္းတိုက္ေလယာဉ္မ်ား ေရာင္းခ်မႈေၾကာင့္ ကိုယ္စီျပႆနာမ်ားေျဖရွင္းရာတြင္ ႏွစ္ႏိုင္ငံစလုံးအတြက္ အခြင့္အလမ္းမ်ား ေဆာင္က်ဉ္းလာ ေၾကာင္း ပရာဘိုဝိုဆူဘီယန္တိုက စာအတြင္း ေရးသားခဲ့သည္။

ထို႔အျပင္ တစ္ပတ္ရစ္ကားမ်ား ေရာင္းခ်မႈႏွင့္ပတ္ သက္၍ ေစ့စပ္ညႇိႏႈိင္းမႈမ်ား စတင္ရန္ ပရာဘိုဝိုဆူဘီယန္တိုက တရားဝင္ အဆိုျပဳခဲ့သည္။ တိုင္ဖြန္းတိုက္ေလ ယာဉ္မ်ား ဖ်က္သိမ္းမႈကို ယခုႏွစ္အတြင္းစတင္မည္ဟု ျသစႀတီးယားႏိုင္ငံက အေစာပိုင္းတြင္ ေၾကညာခဲ့သည္။

အဆိုပါတိုက္ေလယာဉ္မ်ားေနရာတြင္ ေဂ်ေအအက္စ္-၃၉ ဂရစ္ပင္ သို႔မဟုတ္ အက္ဖ္-၁၆ ဖယ္ကြန္ တိုက္ေလယာဉ္မ်ားျဖင့္ အစားထိုးရန္ ျသစႀတီးယားႏိုင္ငံက စဉ္းစားေနသည္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံတန္ေၾကးရွိ ဆူး-၃၅ တိုက္ေလယာဉ္ ၁၁ စင္း ေရာင္းခ်ေရးဆိုင္ရာ သ ေဘာတူညီခ်က္တစ္ရပ္ကို ႐ုရွားႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔က လက္မွတ္ေရးထိုးခဲ့သည္။ ႐ုရွားေလယာဉ္မ်ား ဝယ္ ယူပါက ဒဏ္ခတ္မႈမ်ားျပဳလုပ္မည္ဟု အေမရိကန္ႏိုင္ငံက အင္ဒိုနီးရွားႏိုင္ငံကို ၿခိမ္းေျခာက္မႈေၾကာင့္ သေဘာတူ ညီခ်က္ အေကာင္အထည္ေဖာ္ေဆာင္မႈ ရပ္ဆိုင္းခဲ့ရသည္။

ယခုႏွစ္မတ္လအတြင္း အေမရိကန္အစိုးရက ႐ုရွားႏိုင္ငံႏွင့္ သေဘာတူညီခ်က္ကို စြန္႔လႊတ္ပစ္ရန္ အင္ဒို နီးရွားႏိုင္ငံအား ဖိအားေပးခဲ့သည္ဟု သိရသည္။ အျပန္အလွန္အားျဖင့္ ၂၀၀၃ ခုႏွစ္တြင္ အဲဘတ္ကုမၸဏီက ျသစ ႀတီးယားႏိုင္ငံသို႔ အီးအက္ဖ္-၂၀၀၀ တိုင္ဖြန္းတိုက္ေလယာဉ္ ေရာင္းခ်မႈႏွင့္ပတ္သက္ေသာ ခ်စားမႈစြဲခ်က္မ်ားကို စုံ စမ္းစစ္ေဆးရန္ ျမဴးနစ္ေရွ႕ေန႐ုံးက ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း လုပ္ေဆာင္ခဲ့သည္။

အေရွ႕ေတာင္အာရွ ေဒသတြင္ ေခတ္အမီဆုံးႏွင့္ အေကာင္းမြန္ဆုံး တိုက္ေလယာဉ္မ်ားအနက္တစ္ခုျဖစ္သည့္ ဆူး-၃၅ တိုက္ေလ ယာဉ္မ်ားဝယ္ယူရန္ အင္ဒိုနီးရွားႏိုင္ငံက စိတ္ဝင္စားခဲ့ေသာ္လည္း ယင္းတိုက္ေလယာဉ္ မ်ားဝယ္ယူမႈႏွင့္ပတ္ သက္၍ အေရးႀကီးေသာ ျပႆနာႏွစ္ရပ္ ရင္ဆိုင္ခဲ့ရသည္။
ပထမျပႆနာတစ္ခုမွာ အေမရိကန္ျပည္ေထာင္စုထံမွ စီးပြားေရးအရ ဒဏ္ခတ္မႈမ်ားျပဳလုပ္မည္ဆို ေသာ ၿခိမ္းေျခာက္မႈျဖစ္သည္။

ဒုတိယျပႆ နာမွာ အေနာက္ႏိုင္ငံမ်ားမွထုတ္လုပ္ေသာ စစ္ေလယာဉ္မ်ားျဖင့္ တည္ေဆာက္ထားသည့္ အင္ဒိုနီးရွားေလတပ္အ တြက္ ဆူး-၃၅ တိုက္ေလယာဉ္မ်ား ဝယ္ယူမႈက အဆင္ေျပမႈရွိ မ ရွိ စိုးရိမ္ဖြယ္ရာ ရွိေနျခင္းျဖစ္သည္။

အင္ဒိုနီးရွား ေလတပ္၌ လက္ရွိအခ်ိန္တြင္ ဆူး-၃၅၊ ဆူး-၂၇ႏွင့္ ဆူး-၃၀ ဂ်က္ တိုက္ေလယာဉ္မ်ား အသုံးျပဳေနေသာ္လည္း အက္ဖ္-၁၆ တိုက္ေလယာဉ္မ်ား သို႔မဟုတ္ ဥေရာပတိုင္းျပည္မ်ားမွ ထုတ္လုပ္ေသာ စစ္သေဘၤာမ်ားႏွင့္အတူ အခ်က္အလက္မ်ား မွ်ေဝျခင္းမျပဳႏိုင္သလို စစ္ဆင္ေရးလည္း အတူတ ကြ လုပ္ေဆာင္ရန္ အခက္အခဲအခ်ိဳ႕ရွိေနသည္။

ထိုသို႔ေသာျပႆနာမ်ားကို ကမၻာ့ႏိုင္ငံအမ်ားစု၌ ႀကဳံေတြ႕ခဲ့ဖူးသည္။ ႐ုရွားႏိုင္ငံလုပ္ စစ္လက္နက္ပစၥည္း မ်ားက အေနာက္ႏိုင္ငံမ်ားမွထုတ္လုပ္ေသာ စစ္လက္နက္မ်ားတပ္ဆင္ထားသည့္ တိုင္းျပည္အခ်ိဳ႕အတြက္ နည္းပ ညာပိုင္းအရ အဆင္မေျပမႈမ်ား ရွိေနသည္။

အင္ဒိုနီးရွားေလတပ္က ႐ုရွားႏိုင္ငံထံမွ ဆူး-၃၅ တိုက္ေလယာဉ္မ်ား ဝယ္ယူရန္ ကနဦး စိတ္ဝင္စားမႈ ျပသခဲ့ၿပီး ပထမအသုတ္ ဆူး-၃၅ တိုက္ေလယာဉ္မ်ားက စိတ္ေက်နပ္ဖြယ္ စြမ္း ေဆာင္ရည္ျပႏိုင္ပါက ထပ္မံဝယ္ယူမႈမ်ား ျပဳလုပ္လာဖြယ္ရွိပါသည္။

“႐ုရွားႏိုင္ငံက အင္ဒိုနီးရွားႏိုင္ငံသို႔ ဆူး-၃၅ ဘက္စုံသုံး တိုက္ေလယာဉ္မ်ား ေရာင္းခ်ႏိုင္ပါသည္။ အင္ဒိုနီးရွားေလတပ္အတြက္ တိုက္ခိုက္ေရးစြမ္းပကား တိုးတက္လာေစမည့္ အေကာင္းမြန္ဆုံး ေရြးခ်ယ္မႈတစ္ခုဟု ေျပာႏိုင္ပါသည္” ဟု ႐ုရွားစစ္လက္နက္ထုတ္လုပ္ေရးလုပ္ငန္း ႐ိုဆိုဘိုရြန္အိတ္စပို႔က ေျပာၾကားခဲ့သည္။–ကိုး ကား–ဘူလ္ေဂးရီးယားမီလီထရီ

Ref; Austria agreed to sell the troubled 15 Typhoon fighters to Indonesia

#PeopleMedia

(unicode)
အင်ဒိုနီးရှားလေတပ်သို့ တိုင်ဖွန်းတိုက်လေယာဉ် ၁၅ စင်း ရောင်းချရန် သြစတြီးယား သဘောတူ
………………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို၏ အီးအက်ဖ်-၂၀၀၀ တိုင်ဖွန်းတိုက်လေယာဉ် ၁၅ စင်း ဝယ်ယူရန်အဆိုပြုမှု စာတစ်စောင်ကို သြစတြီးယား ကာကွယ်ရေးဝန်ကြီး ကလော်ဒီယာတန်နာက အပြု သဘောဆောင်စွာ တုံ့ပြန်ခဲ့ကြောင်း သိရသည်။

သြစတြီးယားနိုင်ငံက ထိုစီမံကိန်းမူဘောင်အတွင်း အင်ဒိုနီးရှား ခေါင်းဆောင်ပိုင်းနှင့် ပူးပေါင်းဆောင်ရွက် ရန် အသင့်ရှိပြီး အီးအက်ဖ်-၂၀၀၀ တိုင်ဖွန်းတိုက်လေယာဉ်များ ရောင်းချမှုအတည်ပြုရန် ပါဝင်သောကုမ္ပဏီအား လုံးနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ် ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှား ကာကွယ်ရေးဝန် ကြီး ပရာဘိုဝိုဆူဘီယန်တိုက အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အီးအက်ဖ်-၂၀၀၀ တိုင်ဖွန်းတိုက်လေယာဉ် ၁၅ စင်း ဝယ်ယူလိုကြောင်း အဆိုပြုချက်တစ်ရပ်ပါရှိသည့် စာတစ်စောင်ကို သြစတြီးယား ကာကွယ်ရေးဝန်ကြီး ကလော်ဒီ ယာတန်နာထံ ပေးပို့ခဲ့သည်။

အကျင့်ပျက်ချစားမှု စုံစမ်းစစ်ဆေးခြင်းကြောင့် ထိုတိုက်လေယာဉ်များ ထုတ်လုပ်ရေးတွင် သြစတြီးယား နိုင်ငံ ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို နားလည်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ တိုင်ဖွန်းတိုက်လေယာဉ်များ ရောင်းချမှုကြောင့် ကိုယ်စီပြဿနာများဖြေရှင်းရာတွင် နှစ်နိုင်ငံစလုံးအတွက် အခွင့်အလမ်းများ ဆောင်ကျဉ်းလာ ကြောင်း ပရာဘိုဝိုဆူဘီယန်တိုက စာအတွင်း ရေးသားခဲ့သည်။

ထို့အပြင် တစ်ပတ်ရစ်ကားများ ရောင်းချမှုနှင့်ပတ် သက်၍ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ပရာဘိုဝိုဆူဘီယန်တိုက တရားဝင် အဆိုပြုခဲ့သည်။ တိုင်ဖွန်းတိုက်လေ ယာဉ်များ ဖျက်သိမ်းမှုကို ယခုနှစ်အတွင်းစတင်မည်ဟု သြစတြီးယားနိုင်ငံက အစောပိုင်းတွင် ကြေညာခဲ့သည်။

အဆိုပါတိုက်လေယာဉ်များနေရာတွင် ဂျေအေအက်စ်-၃၉ ဂရစ်ပင် သို့မဟုတ် အက်ဖ်-၁၆ ဖယ်ကွန် တိုက်လေယာဉ်များဖြင့် အစားထိုးရန် သြစတြီးယားနိုင်ငံက စဉ်းစားနေသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ ဆူး-၃၅ တိုက်လေယာဉ် ၁၁ စင်း ရောင်းချရေးဆိုင်ရာ သ ဘောတူညီချက်တစ်ရပ်ကို ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားလေယာဉ်များ ဝယ် ယူပါက ဒဏ်ခတ်မှုများပြုလုပ်မည်ဟု အမေရိကန်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံကို ခြိမ်းခြောက်မှုကြောင့် သဘောတူ ညီချက် အကောင်အထည်ဖော်ဆောင်မှု ရပ်ဆိုင်းခဲ့ရသည်။

ယခုနှစ်မတ်လအတွင်း အမေရိကန်အစိုးရက ရုရှားနိုင်ငံနှင့် သဘောတူညီချက်ကို စွန့်လွှတ်ပစ်ရန် အင်ဒို နီးရှားနိုင်ငံအား ဖိအားပေးခဲ့သည်ဟု သိရသည်။ အပြန်အလှန်အားဖြင့် ၂၀၀၃ ခုနှစ်တွင် အဲဘတ်ကုမ္ပဏီက သြစ တြီးယားနိုင်ငံသို့ အီးအက်ဖ်-၂၀၀၀ တိုင်ဖွန်းတိုက်လေယာဉ် ရောင်းချမှုနှင့်ပတ်သက်သော ချစားမှုစွဲချက်များကို စုံ စမ်းစစ်ဆေးရန် မြူးနစ်ရှေ့နေရုံးက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်ခဲ့သည်။

အရှေ့တောင်အာရှ ဒေသတွင် ခေတ်အမီဆုံးနှင့် အကောင်းမွန်ဆုံး တိုက်လေယာဉ်များအနက်တစ်ခုဖြစ်သည့် ဆူး-၃၅ တိုက်လေ ယာဉ်များဝယ်ယူရန် အင်ဒိုနီးရှားနိုင်ငံက စိတ်ဝင်စားခဲ့သော်လည်း ယင်းတိုက်လေယာဉ် များဝယ်ယူမှုနှင့်ပတ် သက်၍ အရေးကြီးသော ပြဿနာနှစ်ရပ် ရင်ဆိုင်ခဲ့ရသည်။
ပထမပြဿနာတစ်ခုမှာ အမေရိကန်ပြည်ထောင်စုထံမှ စီးပွားရေးအရ ဒဏ်ခတ်မှုများပြုလုပ်မည်ဆို သော ခြိမ်းခြောက်မှုဖြစ်သည်။

ဒုတိယပြဿ နာမှာ အနောက်နိုင်ငံများမှထုတ်လုပ်သော စစ်လေယာဉ်များဖြင့် တည်ဆောက်ထားသည့် အင်ဒိုနီးရှားလေတပ်အ တွက် ဆူး-၃၅ တိုက်လေယာဉ်များ ဝယ်ယူမှုက အဆင်ပြေမှုရှိ မ ရှိ စိုးရိမ်ဖွယ်ရာ ရှိနေခြင်းဖြစ်သည်။

အင်ဒိုနီးရှား လေတပ်၌ လက်ရှိအချိန်တွင် ဆူး-၃၅၊ ဆူး-၂၇နှင့် ဆူး-၃၀ ဂျက် တိုက်လေယာဉ်များ အသုံးပြုနေသော်လည်း အက်ဖ်-၁၆ တိုက်လေယာဉ်များ သို့မဟုတ် ဥရောပတိုင်းပြည်များမှ ထုတ်လုပ်သော စစ်သင်္ဘောများနှင့်အတူ အချက်အလက်များ မျှဝေခြင်းမပြုနိုင်သလို စစ်ဆင်ရေးလည်း အတူတ ကွ လုပ်ဆောင်ရန် အခက်အခဲအချို့ရှိနေသည်။

ထိုသို့သောပြဿနာများကို ကမ္ဘာ့နိုင်ငံအများစု၌ ကြုံတွေ့ခဲ့ဖူးသည်။ ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်း များက အနောက်နိုင်ငံများမှထုတ်လုပ်သော စစ်လက်နက်များတပ်ဆင်ထားသည့် တိုင်းပြည်အချို့အတွက် နည်းပ ညာပိုင်းအရ အဆင်မပြေမှုများ ရှိနေသည်။

အင်ဒိုနီးရှားလေတပ်က ရုရှားနိုင်ငံထံမှ ဆူး-၃၅ တိုက်လေယာဉ်များ ဝယ်ယူရန် ကနဦး စိတ်ဝင်စားမှု ပြသခဲ့ပြီး ပထမအသုတ် ဆူး-၃၅ တိုက်လေယာဉ်များက စိတ်ကျေနပ်ဖွယ် စွမ်း ဆောင်ရည်ပြနိုင်ပါက ထပ်မံဝယ်ယူမှုများ ပြုလုပ်လာဖွယ်ရှိပါသည်။

“ရုရှားနိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ ဆူး-၃၅ ဘက်စုံသုံး တိုက်လေယာဉ်များ ရောင်းချနိုင်ပါသည်။ အင်ဒိုနီးရှားလေတပ်အတွက် တိုက်ခိုက်ရေးစွမ်းပကား တိုးတက်လာစေမည့် အကောင်းမွန်ဆုံး ရွေးချယ်မှုတစ်ခုဟု ပြောနိုင်ပါသည်” ဟု ရုရှားစစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း ရိုဆိုဘိုရွန်အိတ်စပို့က ပြောကြားခဲ့သည်။–ကိုး ကား–ဘူလ်ဂေးရီးယားမီလီထရီ

Ref; Austria agreed to sell the troubled 15 Typhoon fighters to Indonesia

#PeopleMedia


Share this post