• Follow Us on

Home အင်ဒိုနီးရှားမြေငလျင်လှုပ်ခတ်မှု တစ်ဦးသေ၊ တစ်ဦး ပျောက်ဆုံး

အင်ဒိုနီးရှားမြေငလျင်လှုပ်ခတ်မှု တစ်ဦးသေ၊ တစ်ဦး ပျောက်ဆုံး

Share this post

အင်ဒိုနီးရှားနိုင်ငံက မာလူကူကျွန်းတွေမှာ စက်တင်ဘာ ၂၆ ရက်နေ့က ၆.၅ မဂ္ဂနီကျူ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး လျက်ရှိနေပါတယ်။

ငလျင်ကြောင့် နေအိမ်တွေပြိုပျက်ခဲ့ပြီး မြေပြိုကျမှုတွေလည်းရှိခဲ့ပါတယ်။ မြေငလျင်ဟာ အင်ဒိုနီးရှားဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်မှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လူတစ်ဦးဟာ မြေငလျင်လှုပ်ချိန်မှာ ကုန်းမြင့်ပေါ်က ဆိုင်ကယ်နဲ့ ဆင်းပြေးရာက ဆိုင်ကယ်မှောက်ပြီးသေဆုံးခဲ့တာလို့ သိရပါတယ်။ တစ်ဦးကတော့ မြေပြိုမှုဖြစ်ပွားရာ ပျောက်ဆုံးလျက်ရှိနေကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

Ref;CNA


Share this post