• Follow Us on
Latest News

Home အင္ဒိုနီးရွားႏိုင္ငံတြင္ ေရေဘးေၾကာင့္ ၁၅ ဦးေသ၊ ဒါဇင္ႏွင့္ခ်ီ ေပ်ာက္ ဆုံးေန

အင္ဒိုနီးရွားႏိုင္ငံတြင္ ေရေဘးေၾကာင့္ ၁၅ ဦးေသ၊ ဒါဇင္ႏွင့္ခ်ီ ေပ်ာက္ ဆုံးေန

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၁၅

အင္ဒိုနီးရွားႏိုင္ငံ၊ ဆူလာေဝစီေတာင္ပိုင္း ေျမာက္ပိုင္းလူဝူဧရိယာတြင္ ေရႀကီးမႈေၾကာင့္ လူ ၁၅ ဦး ထက္ မနည္း ေသဆုံးခဲ့ၿပီး အမ်ားအျပား ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။

“ေက်းရြာအခ်ိဳ႕ကို ဝင္ခြင့္မေရေသးလို႔ ေသဆုံးသူဦးေရ ျမင့္တက္လာႏိုင္ပါတယ္” ဟု ေျမာက္ပိုင္းလူဝူ အုပ္ခ်ဳပ္ေရးမွဴး အင္ဒါပူထရီအင္ဒရီယာနီက ေျပာသည္။ ဇူလိုင္လ ၁၂ ရက္ကတည္းက မိုးသည္းထန္စြာ ရြာသြန္းခဲ့ ရာ ျမစ္သုံးစင္း ေရႀကီးခဲ့သည္။ ခ႐ိုင္ေျခာက္ခ႐ိုင္ရွိ မိသားစုေပါင္း ၄၉၃၀ ေရေဘးသင့္ခဲ့ေၾကာင္း အမ်ိဳးသား ေဘး အႏၲရာယ္ေလွ်ာ့ခ်ေရးေအဂ်င္စီ (BNPB) က ဇူလိုင္လ ၁၄ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

ဇူလိုင္လ ၁၆ ရက္အထိ ေဒသတြင္း မိုးဆက္လက္ရြာသြန္းႏိုင္ေၾကာင္း မိုေလဝသေအဂ်င္စီ (BMKG) ခန္႔ မွန္းခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား ပိုမိုျဖစ္လာႏိုင္မႈေၾကာင့္ ေစာင့္ၾကည့္ၾကရန္ ေဒသခံမ်ားသို႔ တိုက္တြန္းခဲ့သည္။

ရာခ်ီေသာ အိမ္မ်ားႏွင့္ အမ်ားျပည္သူပိုင္အေဆာက္အအုံမ်ား ရႊံ႕ႏြံမ်ာေအာက္ ၅ မီတာခန္႔အထိ နစ္ျမႇဳပ္ခဲ့ ၿပီး ေက်းရြာအခ်ိဳ႕သို႔ဝင္ေရာက္ရန္ ၂ မီတာခန္႔နစ္ျမႇဳပ္ေနေသာ ရႊံ႕ႏြံမ်ားက ပိတ္ဆို႔လ်က္ရွိသည္။

ထိုသို႔ပိတ္ဆို႔ေနမႈက ေဒသခံမ်ား ေဘးလြတ္ရာေရႊ႕ေျပာင္းေရး လုပ္ငန္းစဉ္ကိုသာမက အကူအညီျဖန္႔ျဖဴး ေရးကိုလည္း အဟန္႔အတားျဖစ္ေစခဲ့သည္။

“ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြအျပင္ အကူအညီ အထူးသျဖင့္ အဝတ္အစားေတြေပးေဝမႈ ဆက္လက္ေဆာင္ရြက္ဖို႔ လမ္းပြင့္သြားေရး ကြၽန္ေတာ္တို႔ အခု အေလးထားေဆာင္ရြက္ေနပါတယ္။ ေဒသခံျပည္ သူ ၂၆၅၀ အိုးအိမ္စြန္႔ခြာခဲ့ရပါတယ္” ဟု အင္ဒါက ဆိုသည္။

“အခုေရေဘးက ဒီႏွစ္အတြင္း စတုတၳေျမာက္ေရေဘးျဖစ္ပါတယ္။ ယခင္ ေရႀကီးေရလွ်ံမႈေတြက ေမလနဲ႔ ဇြန္လမွာ ျဖစ္ပြားခဲ့ပါတယ္” ဟု ၎က ဆိုသည္။

ကိုးကား – သည္ဂ်ကာတာပို႔စ္

Ref; Flood leaves at least 15 dead, dozens missing in South Sulawesi

#PeopleMedia

(unicode)
အင်ဒိုနီးရှားနိုင်ငံတွင် ရေဘေးကြောင့် ၁၅ ဦးသေ၊ ဒါဇင်နှင့်ချီ ပျောက် ဆုံးနေ
……………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ၁၅

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်း မြောက်ပိုင်းလူဝူဧရိယာတွင် ရေကြီးမှုကြောင့် လူ ၁၅ ဦး ထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။

“ကျေးရွာအချို့ကို ဝင်ခွင့်မရေသေးလို့ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ပါတယ်” ဟု မြောက်ပိုင်းလူဝူ အုပ်ချုပ်ရေးမှူး အင်ဒါပူထရီအင်ဒရီယာနီက ပြောသည်။ ဇူလိုင်လ ၁၂ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ ရာ မြစ်သုံးစင်း ရေကြီးခဲ့သည်။ ခရိုင်ခြောက်ခရိုင်ရှိ မိသားစုပေါင်း ၄၉၃၀ ရေဘေးသင့်ခဲ့ကြောင်း အမျိုးသား ဘေး အန္တရာယ်လျှော့ချရေးအေဂျင်စီ (BNPB) က ဇူလိုင်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၁၆ ရက်အထိ ဒေသတွင်း မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုလေဝသအေဂျင်စီ (BMKG) ခန့် မှန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ပိုမိုဖြစ်လာနိုင်မှုကြောင့် စောင့်ကြည့်ကြရန် ဒေသခံများသို့ တိုက်တွန်းခဲ့သည်။

ရာချီသော အိမ်များနှင့် အများပြည်သူပိုင်အဆောက်အအုံများ ရွှံ့နွံမျာအောက် ၅ မီတာခန့်အထိ နစ်မြှုပ်ခဲ့ ပြီး ကျေးရွာအချို့သို့ဝင်ရောက်ရန် ၂ မီတာခန့်နစ်မြှုပ်နေသော ရွှံ့နွံများက ပိတ်ဆို့လျက်ရှိသည်။

ထိုသို့ပိတ်ဆို့နေမှုက ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းရေး လုပ်ငန်းစဉ်ကိုသာမက အကူအညီဖြန့်ဖြူး ရေးကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။

“ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် အကူအညီ အထူးသဖြင့် အဝတ်အစားတွေပေးဝေမှု ဆက်လက်ဆောင်ရွက်ဖို့ လမ်းပွင့်သွားရေး ကျွန်တော်တို့ အခု အလေးထားဆောင်ရွက်နေပါတယ်။ ဒေသခံပြည် သူ ၂၆၅၀ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်” ဟု အင်ဒါက ဆိုသည်။

“အခုရေဘေးက ဒီနှစ်အတွင်း စတုတ္ထမြောက်ရေဘေးဖြစ်ပါတယ်။ ယခင် ရေကြီးရေလျှံမှုတွေက မေလနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ကိုးကား – သည်ဂျကာတာပို့စ်

Ref; Flood leaves at least 15 dead, dozens missing in South Sulawesi

#PeopleMedia


Share this post