• Follow Us on

Home အင္ဒိုနီးရွား စစ္တကၠသိုလ္တြင္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားရာ ဗိုလ္ေလာင္း ၁၀၀၀ နီးပါး ဗိုင္းရပ္စ္ ကူးစက္ခံရ

အင္ဒိုနီးရွား စစ္တကၠသိုလ္တြင္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားရာ ဗိုလ္ေလာင္း ၁၀၀၀ နီးပါး ဗိုင္းရပ္စ္ ကူးစက္ခံရ

Share this post

နိုင္ငံတကာ၊ ဇူလိုင္ ၁၂(PeopleMedia)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါထိန္းခ်ဳပ္ရန္ ႐ုန္းကန္ေနရေသာ အင္ဒိုနီးရွားနိုင္ငံရွိ စစ္တကၠသိုလ္တစ္ခုမွ လူေပါင္း ၁၃၀၀ နီးပါးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

အင္ဒိုနီးရွားနိုင္ငံ၏ လူေနအထူထပ္ဆုံး အေနာက္ဂ်ာဗားျပည္နယ္ရွိ တပ္မေတာ္အရာရွိေလ့က်င့္ေရးသင္ တန္းေက်ာင္းကို သီးျခားခြဲထားခဲ့ၿပီး ေရာဂါလကၡဏာမျပင္းထန္ေသာ လူ ၃၀ ဦးကို ကနဦး ေဆး႐ုံတင္ခဲ့ေၾကာင္း စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး အန္ဒီကာပါကာဆာက ယမန္ေန႕ေႏွာင္းပိုင္းတြင္ ေျပာၾကားခဲ့သည္။

အတည္ျပဳကူးစက္လူနာ ၁၂၈၀ ဦးအနက္ ၉၉၁ ဦးမွာ ဗိုလ္ေလာင္းမ်ားျဖစ္ၿပီး က်န္ရွိသူမ်ားမွာ ဝန္ထမ္း မ်ားႏွင့္ မိသားစုဝင္မ်ားျဖစ္ေၾကာင္း၊ ကူးစက္ခံရသူအမ်ားစုက ေရာဂါလကၡဏာမျပသခဲ့ေၾကာင္း ၎က ဆိုသည္။

လူ ၁၇ ဦး ေဆး႐ုံ၌ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ ဗိုလ္ေလာင္းႏွစ္ဦးက ဖ်ားနာမႈႏွင့္ ေနာက္ေက်ာနာ က်င္မႈေၾကာင့္ ေဆးခန္းတစ္ခုသို႔ သြားေရာက္ျပသခ်ိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈကို ပထမဆုံး သတိျပဳမိခဲ့ ျခင္းျဖစ္သည္။

ဗိုလ္ေလာင္းႏွစ္ဦးစလုံးတြင္ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိမႈေၾကာင့္ ဝန္ထမ္းႏွင့္ဗိုလ္ေလာင္း ၂၀၀၀ ခန႔္ရွိေသာ အ ဆိုပါစစ္တကၠသိုလ္၌ အစုလိုက္အၿပဳံလိုက္ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့သည္။ ဗိုလ္ေလာင္းမ်ား မည္ကဲ့သို႔ ကူးစက္ခံ ခဲ့ရသည္မွာ မရွင္းလင္းေၾကာင္း၊ ဝန္ထမ္းအခ်ိဳ႕က စစ္တကၠသိုလ္အျပင္၌ ေနထိုင္ေၾကာင္း ပါကာဆာက ေျပာ သည္။

အေနာက္ဂ်ာဗားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ဗိုင္းရပ္စ္ျဖစ္ပြားမႈအတြက္ ေတာင္းပန္ခဲ့ၿပီး ေရာဂါထိန္း ခ်ဳပ္နိုင္သည္အထိ စစ္တကၠသိုလ္အနီး သြားလာမႈမျပဳလုပ္ၾကရန္ တိုက္တြန္းခဲ့သည္။

အင္ဒိုနီးရွားနိုင္ငံက အတည္ျပဳကူးစက္လူနာ ၇၄၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၃၅၀၀ ေက်ာ္ျဖင့္ အေရွ႕ ေတာင္အာရွေဒသတြင္ ကိုရိုနာဗိုင္းရပ္စ္ ေဘးအသင့္ဆုံးတိုင္းျပည္ျဖစ္သည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Indonesia military academy hit by coronavirus outbreak, with nearly 1,300 testing positive

[Unicode]
အင်ဒိုနီးရှား စစ်တက္ကသိုလ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဗိုလ်လောင်း ၁၀၀၀ နီးပါး ဗိုင်းရပ်စ် ကူးစက်ခံရ
…………………………………………………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၁၂(PeopleMedia)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ရန် ရုန်းကန်နေရသော အင်ဒိုနီးရှားနိုင်ငံရှိ စစ်တက္ကသိုလ်တစ်ခုမှ လူပေါင်း ၁၃၀၀ နီးပါးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ လူနေအထူထပ်ဆုံး အနောက်ဂျာဗားပြည်နယ်ရှိ တပ်မတော်အရာရှိလေ့ကျင့်ရေးသင် တန်းကျောင်းကို သီးခြားခွဲထားခဲ့ပြီး ရောဂါလက္ခဏာမပြင်းထန်သော လူ ၃၀ ဦးကို ကနဦး ဆေးရုံတင်ခဲ့ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်ဒီကာပါကာဆာက ယမန်နေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အတည်ပြုကူးစက်လူနာ ၁၂၈၀ ဦးအနက် ၉၉၁ ဦးမှာ ဗိုလ်လောင်းများဖြစ်ပြီး ကျန်ရှိသူများမှာ ဝန်ထမ်း များနှင့် မိသားစုဝင်များဖြစ်ကြောင်း၊ ကူးစက်ခံရသူအများစုက ရောဂါလက္ခဏာမပြသခဲ့ကြောင်း ၎င်းက ဆိုသည်။

လူ ၁၇ ဦး ဆေးရုံ၌ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဗိုလ်လောင်းနှစ်ဦးက ဖျားနာမှုနှင့် နောက်ကျောနာ ကျင်မှုကြောင့် ဆေးခန်းတစ်ခုသို့ သွားရောက်ပြသချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပထမဆုံး သတိပြုမိခဲ့ ခြင်းဖြစ်သည်။

ဗိုလ်လောင်းနှစ်ဦးစလုံးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကြောင့် ဝန်ထမ်းနှင့်ဗိုလ်လောင်း ၂၀၀၀ ခန့်ရှိသော အ ဆိုပါစစ်တက္ကသိုလ်၌ အစုလိုက်အပြုံလိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ဗိုလ်လောင်းများ မည်ကဲ့သို့ ကူးစက်ခံ ခဲ့ရသည်မှာ မရှင်းလင်းကြောင်း၊ ဝန်ထမ်းအချို့က စစ်တက္ကသိုလ်အပြင်၌ နေထိုင်ကြောင်း ပါကာဆာက ပြော သည်။

အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးက ဗိုင်းရပ်စ်ဖြစ်ပွားမှုအတွက် တောင်းပန်ခဲ့ပြီး ရောဂါထိန်း ချုပ်နိုင်သည်အထိ စစ်တက္ကသိုလ်အနီး သွားလာမှုမပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက အတည်ပြုကူးစက်လူနာ ၇၄၀၀၀ ကျော်နှင့် သေဆုံးသူ ၃၅၀၀ ကျော်ဖြင့် အရှေ့ တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ဘေးအသင့်ဆုံးတိုင်းပြည်ဖြစ်သည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Indonesia military academy hit by coronavirus outbreak, with nearly 1,300 testing positive


Share this post