• Follow Us on

Home အင္ဒိုနီး႐ွားဂ်က္တိုက္ေလယာဥ္ပ်က္က်မႈမွာ ေလယာဥ္မွဴးအသက္႐ွင္

အင္ဒိုနီး႐ွားဂ်က္တိုက္ေလယာဥ္ပ်က္က်မႈမွာ ေလယာဥ္မွဴးအသက္႐ွင္

Share this post

ဂ်ာကာတာ၊ ဇြန္ ၁၆

ႏုိင္ငံအေနာက္ပိုင္းမွာ႐ွိတဲ့ရီအူျပည္နယ္မွာ တနလၤာေန႔ကပ်က္က်ခဲ့တဲ့ အင္ဒိုနီး႐ွားဂ်က္တိုက္ေလယာဥ္က ေလယာဥ္မွဴး အသက္႐ွင္တယ္လို႔ အင္ဒိုနီး႐ွားစစ္ဘက္အရာ႐ွိတစ္ေယာက္ကေျပာပါတယ္။

Bae Hawk 209 ေလယာဥ္ဟာ ပီကန္ဘာ႐ူၿမိဳ႕က ႐ို႕မင္ႏူဂ်ာဒင္ေလယာဥ္ေျပးလမ္းမွာကေန ၃ မိုင္အကြာမွာပ်က္က်ခဲ့တာလို႔ အင္ဒိုနီး႐ွားေလတပ္ေျပာခြင့္ရသူ ဖာဂ်ာအဒရီယန္တိုကေျပာပါတယ္။

“ေလယာဥ္ကေန ေလယာဥ္မွဴးထြက္ႏိုင္ခဲ့ၿပီး အသက္႐ွင္ခဲ့ပါတယ္”လို႔ အဒရီယန္တိုက အနာဒိုလူသတင္းေအဂ်င္စီကို ေျပာပါ တယ္။

“စစ္ေဆး႐ံုမွာ သူ႔ကိုေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြလုပ္ေနပါတယ္” လို႔လည္းေျပာၿပီး ဘာလို႔ပ်က္က်သြားသလဲဆိုတာကို ဆံုးျဖတ္ေနတုန္းလို႔လည္း ျဖည့္စြက္ေျပာဆိုပါတယ္။

ပ်က္စီးဆံုး႐ွံုးမႈေတြအတြက္ ေလတပ္ကေလ်ာ္ေၾကးေပးသြားမယ္လို႔ ေျပာခြင့္ရသူကေျပာတယ္ဆိုၿပီး ဆင္ဟြာသတင္းေအဂ်င္ စီက ေဖာ္ျပပါတယ္။

Ref : Pilot survives Indonesia fighter jet crash

#PeopleMedia

(unicode)
အင်ဒိုနီးရှားဂျက်တိုက်လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအသက်ရှင်
………………………………………………………

ဂျာကာတာ၊ ဇွန် ၁၆

နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ရီအူပြည်နယ်မှာ တနင်္လာနေ့ကပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားဂျက်တိုက်လေယာဉ်က လေယာဉ်မှူး အသက်ရှင်တယ်လို့ အင်ဒိုနီးရှားစစ်ဘက်အရာရှိတစ်ယောက်ကပြောပါတယ်။

Bae Hawk 209 လေယာဉ်ဟာ ပီကန်ဘာရူမြို့က ရို့မင်နူဂျာဒင်လေယာဉ်ပြေးလမ်းမှာကနေ ၃ မိုင်အကွာမှာပျက်ကျခဲ့တာလို့ အင်ဒိုနီးရှားလေတပ်ပြောခွင့်ရသူ ဖာဂျာအဒရီယန်တိုကပြောပါတယ်။

“လေယာဉ်ကနေ လေယာဉ်မှူးထွက်နိုင်ခဲ့ပြီး အသက်ရှင်ခဲ့ပါတယ်”လို့ အဒရီယန်တိုက အနာဒိုလူသတင်းအေဂျင်စီကို ပြောပါ တယ်။

“စစ်ဆေးရုံမှာ သူ့ကိုနောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်” လို့လည်းပြောပြီး ဘာလို့ပျက်ကျသွားသလဲဆိုတာကို ဆုံးဖြတ်နေတုန်းလို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေအတွက် လေတပ်ကလျော်ကြေးပေးသွားမယ်လို့ ပြောခွင့်ရသူကပြောတယ်ဆိုပြီး ဆင်ဟွာသတင်းအေဂျင် စီက ဖော်ပြပါတယ်။

Ref : Pilot survives Indonesia fighter jet crash

#PeopleMedia


Share this post