• Follow Us on

Home အင္ဒိုနီး႐ွားမြတ္ဆလင္ဘာသာေရးဆရာကိုေထာက္ခံသူ ၆ ေယာက္ေသဆံုး

အင္ဒိုနီး႐ွားမြတ္ဆလင္ဘာသာေရးဆရာကိုေထာက္ခံသူ ၆ ေယာက္ေသဆံုး

Share this post

ဂ်ာကာတာ၊ ဒီဇင္ဘာ ၇
 
တနလၤာေန႔တြင္ ရဲမ်ားႏွင့္အထိက႐ုဏ္းျဖစ္ၿပီးေနာက္ပိုင္း အင္ဒိုနီး႐ွားႏိုင္ငံမွ အယူစြဲျပင္းထန္ေသာမြတ္ဆလင္ဘာသာေရးဆရာ ရီဇီး ႐ွီဟက္ကိုေထာက္ခံသူ ၆ ေယာက္ေသဆံုးခဲ့သည္ဟု ဂ်ာကာတာရဲခ်ဳပ္ ဖာေဒး အင္မရန္က သတင္းေထာက္မ်ားကိုေျပာသည္။
 
သန္းေခါင္ေက်ာ္တြင္ အေ၀းေျပးလမ္းမေပၚ၌ ရဲကားကို ေထာက္ခံသူမ်ား၏ကားဟုယူဆရေသာကားတစီးက လိုက္လံတိုက္ခိုက္ၿပီးေနာက္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဖာေဒးကေျပာသည္။
 
ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ထြက္ေျပးရာမွ ကမာၻ႔မြတ္ဆလင္အမ်ားဆံုးေနထိုင္သည့္ႏိုင္ငံသို႔ ၿပီးခဲ့သည့္လတြင္ ဘာသာေရးဆရာျပန္လာၿပီးေနာက္ လူအမ်ားအျပားေအာင္ပြဲခံခဲ့သည္ကို ကမာၻ႔ကပ္ေရာဂါကာလတြင္ က်န္းမာေရးစည္းကမ္းမ်ားခ်ိဳးေဖာက္သည္ဟုဆိုကာ ဘာသာေရးဆရာကို စံုစမ္းစစ္ေဆးေနၿပီးေနာက္ ယခုျဖစ္ရပ္ျဖစ္လာသည္။
 
အသက္ ၅၅ ႏွစ္႐ွိသည့္ဘာသာေရးဆရာသည္ ၂၀၁၇ ခုႏွစ္တြင္ အျပာဇာတ္လမ္းမ်ားႏွင့္ဆက္စပ္ေသာစြပ္စြဲမႈမ်ားႏွင့္ ႏိုင္ငံေတာ္ဆိုင္ရာအေတြးအျမင္မ်ားကိုေစာ္ကားသည္ဟုေသာစြပ္စြဲမႈမ်ားရင္ဆိုင္ရၿပီးေနာက္ ႏိုင္ငံမွထြက္ေျပးခဲ့သည္။ မွန္ကန္မႈမ႐ွိဘဲ သူ႔ကို ဂုဏ္သိကၡာက်ေစရန္ႀကိဳးစားမႈမ်ားဟု ေထာက္ခံသူမ်ားကေျပာေသာစြပ္စြဲမႈမ်ား႐ွိေနေသာ္လည္း ထြက္ေျပးမႈသည္ သူ၏တံု႔ျပန္မႈကိုမွိန္ေဖ်ာ့ေစရန္ လုပ္ေဆာင္ႏိုင္မႈအနည္းငယ္သာ႐ွိသည္။
 
Ref : 6 suspected supporters of Indonesian cleric killed in clash
 
#PeopleMedia
 
(unicode)
အင်ဒိုနီးရှားမွတ်ဆလင်ဘာသာရေးဆရာကိုထောက်ခံသူ ၆ ယောက်သေဆုံး
…………………………………………….
 
ဂျာကာတာ၊ ဒီဇင်ဘာ ၇
 
တနင်္လာနေ့တွင် ရဲများနှင့်အထိကရုဏ်းဖြစ်ပြီးနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံမှ အယူစွဲပြင်းထန်သောမွတ်ဆလင်ဘာသာရေးဆရာ ရီဇီး ရှီဟက်ကိုထောက်ခံသူ ၆ ယောက်သေဆုံးခဲ့သည်ဟု ဂျာကာတာရဲချုပ် ဖာဒေး အင်မရန်က သတင်းထောက်များကိုပြောသည်။
 
သန်းခေါင်ကျော်တွင် အဝေးပြေးလမ်းမပေါ်၌ ရဲကားကို ထောက်ခံသူများ၏ကားဟုယူဆရသောကားတစီးက လိုက်လံတိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖာဒေးကပြောသည်။
 
ဆော်ဒီအာရေဗျနိုင်ငံသို့ထွက်ပြေးရာမှ ကမ္ဘာ့မွတ်ဆလင်အများဆုံးနေထိုင်သည့်နိုင်ငံသို့ ပြီးခဲ့သည့်လတွင် ဘာသာရေးဆရာပြန်လာပြီးနောက် လူအများအပြားအောင်ပွဲခံခဲ့သည်ကို ကမ္ဘာ့ကပ်ရောဂါကာလတွင် ကျန်းမာရေးစည်းကမ်းများချိုးဖောက်သည်ဟုဆိုကာ ဘာသာရေးဆရာကို စုံစမ်းစစ်ဆေးနေပြီးနောက် ယခုဖြစ်ရပ်ဖြစ်လာသည်။
 
အသက် ၅၅ နှစ်ရှိသည့်ဘာသာရေးဆရာသည် ၂၀၁၇ ခုနှစ်တွင် အပြာဇာတ်လမ်းများနှင့်ဆက်စပ်သောစွပ်စွဲမှုများနှင့် နိုင်ငံတော်ဆိုင်ရာအတွေးအမြင်များကိုစော်ကားသည်ဟုသောစွပ်စွဲမှုများရင်ဆိုင်ရပြီးနောက် နိုင်ငံမှထွက်ပြေးခဲ့သည်။ မှန်ကန်မှုမရှိဘဲ သူ့ကို ဂုဏ်သိက္ခာကျစေရန်ကြိုးစားမှုများဟု ထောက်ခံသူများကပြောသောစွပ်စွဲမှုများရှိနေသော်လည်း ထွက်ပြေးမှုသည် သူ၏တုံ့ပြန်မှုကိုမှိန်ဖျော့စေရန် လုပ်ဆောင်နိုင်မှုအနည်းငယ်သာရှိသည်။
 
Ref : 6 suspected supporters of Indonesian cleric killed in clash
 
#PeopleMedia

Share this post