• Follow Us on

Home အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစံချိန်တင်မြင့်တက်


Share this post

ဂျာကာတာ၊ ဇူလိုင် ၆







#PeopleMedia

(unicode)
အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစံချိန်တင်မြင့် တက်
……………………………………………………

ဂျာကာတာ၊ ဇူလိုင် ၆

တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၂ ယောက်ရှိခဲ့တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနအရာရှိအာ့ခ်ျမက် ယူရီယန်တိုကပြောပါတယ်။

ဒါ့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၃၁၇၁ ယောက်ရှိနေပါပြီ။

တနင်္ဂနွေနေ့မှာပဲ ကူးစက်ခံရသူ ၁၆၀၇ ယောက်ထပ်တိုးလာလို့ စုစုပေါင်းကူးစက်ခံရသူ ၆၃၇၄၉ ယောက်ရှိလာ ပါပြီ။

ပြီးခဲ့တဲ့အင်္ဂါနေ့က အင်ဒိုနီးရှားမှာ တစ်နေ့အတွင်းသေဆုံးသူစံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်း ၇၁ ယောက်ရှိခဲ့ တာပါ။

လက်ရှိကိန်းဂဏန်းတွေအရတော့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရသူနဲ့ သေဆုံးသူအများဆုံးရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။

Ref : Indonesia reports highest daily tally of coronavirus deaths

#PeopleMedia


Share this post