• Follow Us on

Home အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်လေးများအပေါ်မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှု များ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများပြုလုပ်နေသည်ကိုတွေ့မြင်နေရဟု နစကဥက္ကဋ္ဌပြောကြား

အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်လေးများအပေါ်မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှု များ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများပြုလုပ်နေသည်ကိုတွေ့မြင်နေရဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

အင်အားကြီးနိုင်ငံအချို့သည် နိုင်ငံငယ်လေးများအပေါ် မလိုတစ်မျိုးလိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှု များ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့မြင်နေရပါကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၇၅) နှစ်မြောက် မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယမန်နေ့တွင် နေပြည် တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

 

“ဒီကနေ့ကမ္ဘာကြီးမှာ အင်အားကြီးနိုင်ငံအချို့ဟာ နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ အကြောင်း အမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက် ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်း လမ်းမျိုးစုံ အသုံးပြုပြီးဆောင်ရွက်နေကြပါတယ်၊ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးတွေအပေါ် မလိုတစ်မျိုးလို တစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်မှုတွေ အနိုင်ကျင့်ဗိုလ်ကျမှုတွေ ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထူးသဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံငယ်တစ်ခုကို ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း သြဇာ ကျယ် ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံနှင့် ဖိအားပေး အကျပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုများကို စဉ်ဆက်မပြတ် တစ်စိုက်မတ်မတ် အရှိန်ယူဆောင်ရွက်နေသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်နေရကြောင်း ပြောသည်။

 

ထိုကဲ့သို့ နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနှင့် အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့် ကြံဆောင်ရွက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် မိတ်ကောင်းဆွေသဟာပီသစွာ အမြဲဖေးမကူညီ ရပ်တည်ပေးသည့် ရုရှားနိုင်ငံ၏ ခေါင်းဆောင်များနှင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများကို အထူးပင် ကျေးဇူး တင်ရှိကြောင်းကို ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အင်အားကြီးကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံငယ်များအပေါ် တစ်ဖက်သတ် ဝါစွဲဖြင့်မတူညီသည့်နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ် နိုင်ရန် နည်းလမ်းမျိုးစုံနှင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း အားလုံးက သတိပြုကြ ရန်လိုအပ်ကြောင်း၊ အဆိုးဆုံးမှာဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ အချုပ်အခြာအာ ဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်လိုမှုများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post