• Follow Us on

Home အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များနေရပ်ပြန်ပါက ခွင့်ပြုမည်


Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၆
#PeopleMedia

(unicode)
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များနေရပ်ပြန်ပါက ခွင့်ပြုမည်
………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ နေရပ်ပြန်မည်ဆိုပါက ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ယနေ့ အင်းစိန်ရွာမပရယတ္တိစာသင်တိုက်မှ ထုတ်ပြန်လိုက်သည်။
ယခုအခါ သံဃာ ၅၀၀ ကျော် သီတင်းသုံးနေခိုင်ရသဖြင့် ကျန်းမာရေး ညွန်ကြားချက်များနှင့်အညီ နေထိုင်ရန် ခတ်ခဲပြီး နေရာလည်း မမျှကြောင်း၊ သို့ဖြစ်၍ ယခု ၁၃၈၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်အတွင်း မိမိတို့ဆန္ဒအရ ပြန်ခြင်းကို ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျောင်းတိုင်းကျောင်းတိုင်းက သီတင်းကျွတ်ကျောင်းပိတ်ရက်ရှိတယ်၊ သံဃာတွေလည်း အရမ်းတယ်၊ ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ နေလို့မရဘူး၊ အဲ့ဒါကြောင့် ပြန်ချင်တဲ့သူရှိရင် ပြန်နိုင်တယ်လို့ ထုတ်ပြန်လိုက်တာပါ”ဟု အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ အရှင်ပညာသာရက ပြောသည်။
နေရပ်ပြန်မည့် ပုဂ္ဂိုလ်များအတွက်လည်း သက်ဆိုင်ရာဒေသရှိတာဝန်ရှိသူများနှင့် အဆင်ပြေစေရန် ကျောင်းတိုက်က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊ မပြန်သင့်သော ပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နာယကဆရာများမှ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ စာတင်တိုက်တွင် ယခုအခါ သံဃာ ၅၀၀ ကျော် သီးတင်းသုံးနေထိုင်လျက်ရှိပြီး၊ မကြာမီအချိန်က ကိုဗစ်ရောဂါ စွဲကပ်သူ သံဃာတော် ၄၀၀ နီးပါး Positive တွေ ရှိခဲ့သည့် စာသင်တိုက်တစ်ခုဖြစ်သည်။
#PeopleMedia


Share this post