• Follow Us on

Home အင်းစိန်ရွာမ အနောက်ရပ်ကွက်၌ ရာအိမ်မှူးဖြစ်သူသည် ရုံးအတွင်း၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ

အင်းစိန်ရွာမ အနောက်ရပ်ကွက်၌ ရာအိမ်မှူးဖြစ်သူသည် ရုံးအတွင်း၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀ (PeopleMedia)

 

ရန်ကုန်တိုင်းဒေသကြီး၌ ယခုရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို အမည်မသိ လက်နက် ကိုင်အဖွဲ့က လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ပေါ်လျက်ရှိရာ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း အင်းစိန် မြို့နယ်၊ ရွာမအနောက်ရပ်ကွက် ရာအိမ်မှူးတစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖွဲနုဆီစက်လမ်း၊ နယ်မြေ(၁၆)ရုံးတွင် အထက်ပါ ရာအိမ်မှူး သည် ရုံးအတွင်း၌ ရှိနေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

“ညက ၈ နာရီလောက်တော့ ဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့ကို အကြောင်းကြားလို့ သွားရောက်ပြီးတော့ ကူညီပေးခဲ့တဲ့တာတော့ရှိတယ်။ ဘယ်နေရာကို မှန်ပြီးသေတာလည်းဆိုတာကိုတော့ မမေးကြည့်ဘူး” ဟု အင်းစိန်မြို့နယ်မှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက် ရာအိမ်မှူးအား လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် သေဆုံးသူ အနီး၌ ၉ မမ ကျည်ခွံတစ်ခုတွေ့ခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #အင်းစိန်

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post