• Follow Us on

Home အင်းစိန်၊ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး COVID-19 ကူးစက်ခံရ၊ဆရာတော်ကြီး ဘဒ္ဒန္တတိလောကဘိဝံသ ကူးစက်ခံရမှုမရှိ


Share this post

ရန်ကုန်၊စက်တင်ဘာ-၂၄
[Unicode]
အင်းစိန်၊ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး COVID-19 ကူးစက်ခံရ၊ဆရာတော်ကြီး ဘဒ္ဒန္တတိလောကဘိဝံသ ကူးစက်ခံရမှုမရှိ
ရန်ကုန်၊စက်တင်ဘာ-၂၄
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါးသည် COVID-19 အတည်ပြု့လူနာများဖြစ်လာခဲ့ပါတယ်။
စက်တင်ဘာ(၂၄)ရက်နေ့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 အတည်ပြု့လူနာစာရင်း၌ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါး ပါဝင်လာခဲ့တယ်လို့ အင်းစိန်မြို့နယ် တိုင်းအမှတ်-၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
လက်ရှိအချိန်၌ COVID-19 ကူးစက်ခံရသည့် သံဃာတော်များသည် တပ်မတော်ဆေးရုံး၌ ဆေးဝါးကုသမှုခံယူလျက်ရှိပါတယ်။ထို့အတူ ကျောင်းတိုက် အတွင်းသို့ အဝင်အထွက်ကို လည်းကန့်သတ်ထားပါတယ်။
ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကဘိဝံသ ဆရာတော်ကြီးသည် COVID-19 ကူးစက်ခံရမှု မရှိကြောင်း ဒေါက်တာတေဇနိယက အတည်ပြု့ မိန့်ကြားပါတယ်။
#PeopleMedia #ရွာမ #COVID


Share this post