• Follow Us on

Home အင်းစိန်မြို့နယ်၌ တက္ကစီယာဉ်မောင်းတစ်ဦးကို အမျိုးသားနှစ်ဦးမှ ဓါးဖြင့်ထိုးပြီး ယာဉ်ကို လုယူမှု ပြုလုပ်ခဲ့၊ ယာဉ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သော်လည်း တရားခံ ဖမ်းမမိသေး

အင်းစိန်မြို့နယ်၌ တက္ကစီယာဉ်မောင်းတစ်ဦးကို အမျိုးသားနှစ်ဦးမှ ဓါးဖြင့်ထိုးပြီး ယာဉ်ကို လုယူမှု ပြုလုပ်ခဲ့၊ ယာဉ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သော်လည်း တရားခံ ဖမ်းမမိသေး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ HH- YGN တက္ကစီယာဉ်၏ ယာဉ် မောင်းဖြစ်သူကို အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးပြီး ယာဉ်ကို လုယူမှု ပြုလုပ်ခဲ့သည်။

 

လက်ရှိအချိန်၌ ယာဉ်မောင်းဖြစ်သူသည် ဓါးဒဏ်ရာဖြင့် အင်းစိန်ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ယာဉ်ကို အင်းစိန်မြို့နယ်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

“ကားသမားကို အင်းစိန် ရွာမဘက်မှာ ဓားနဲ့ထိုးပြီး လုသွားတာပါ။ ကားသမားက အခု အင်းစိန်ဆေးရုံမှာပါ။ ကားကိုတော့ ဒီနေ့မနက် ဘို့ကုန်းဘက်မှာ ပြန်တွေ့တယ်” ဟု လုယူခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

လုယူခံရသည့် တက္ကစီယာဉ် ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ် ဘို့ကုန်းရပ်၌ ပြန်လည်တွေ့ရှိခဲ့ပြီး တရားခံ များကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

#PeopleMedia #လုယက်မှု

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post