• Follow Us on

Home အင်းစိန်မြို့နယ်၌ ရွှေဆိုင်ရှိ ရွှေထည်များ နေအိမ်သို့ ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်လာစဉ် ခုံးတံတားပေါ် အရောက် ဓါးပြအတိုက်ခံရပြီး ရွှေပိဿာချိန် ၄ ပိဿာကျော် ယူဆောင်သွားခြင်း ခံခဲ့ရ

အင်းစိန်မြို့နယ်၌ ရွှေဆိုင်ရှိ ရွှေထည်များ နေအိမ်သို့ ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်လာစဉ် ခုံးတံတားပေါ် အရောက် ဓါးပြအတိုက်ခံရပြီး ရွှေပိဿာချိန် ၄ ပိဿာကျော် ယူဆောင်သွားခြင်း ခံခဲ့ရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် လမ်းသစ်လမ်းနှင့် ကမ်းနားလမ်းဆက်သွယ်ထားသည့် တံတားပေါ် တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်က ရွှေဆိုင်သိမ်းပြီး ပြန်လာသည့် မိသားစု စီးလာသော ယာဉ်ကို လူတစ်စုက ကားရှေ့ပိတ်ရပ်ပြီး ဓါးပြတိုက်ရာ ရွှေပိဿာချိန် (၄) ပိဿာကျော်ခန့် ပါသွားကြောင်း အင်းစိန်မြို့နယ် လုံခြုံရေးအရာရှိတစ်ဦးထံမှ သိရသည်။

 

“ရွှေဆိုင်က ရွှေထည်တွေ သိမ်းပြီးပြန်လာတဲ့ကားကို ခုံးတံတားပေါ်မှာ ပရိုဘောက်ယာဉ်တစ်စီးက ကန့်လန့် ဖြတ်ပိတ်ပြီး ရွှေဆိုင်ယာဉ်ရဲ့ တံခါးလေကာမှန်ကို ရိုက်ခွဲပြီးတော့ ရွှေလေးပိသာခွဲအိတ်ကို ယူသွားတာ။ ရွှေ အိတ်ကို မိန်းမက ပြန်ဆွဲတော့ ဓားနဲ့ ထိုးပြီး ယူပြီး ထွက်ပြေးသွားတယ်” လို့  အင်းစိန်မြို့နယ် လုံခြုံရေးအရာရှိ တစ်ဦးက ပြောသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်က ရွှေဆိုင်သိမ်းပြီး ပြန်လာသည့် မိသားစုလိုက်ပါ လာသည့် ယာဉ်မှာ အင်းစိန်ခုံးတံတားအပေါ်အရောက်တွင် ပရိုဘောက်ယာဉ်နှင့် ဆိုင်ကယ်တစ်ချို့မှ ဝိုင်း ဝန်းပိတ်ဆို့ကာ လူ (၄) ဦး ဆင်းလာပြီး၊ ရွှေဆိုင်မိသားစုစီးလာသည့် ကား၏ မှန်ရိုက်ခွဲကာ ရွှေအိတ်ကို လု ယူခဲ့ကြောင်း၊ ထိုသို့ လုယူခဲ့ရာ ကားထဲရှိ အမျိုးသမီးမှ ရွှေအိတ်အား ပြန်လည်လုယူခဲ့ရာ လုယူသူများထဲမှ တစ်ဦးက ဓားဖြင့်ထိုးကာ ရွှေအိတ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ လုယူသွားခြင်းကြောင့် ရွှေ(၄)ပိသာခွဲ ကာလတန်းဖိုး သိန်း(၈၀၀၀)ဝန်းကျင်ခန့်ရှိပြီး၊ ဓာထိုးခံရသည့် အမျိုးသမီးမှာလည်း လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများကို ဖမ်းဆီးရမိနိုင်ရေး အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း လုံခြုံရေးအရာရှိက ဆိုသည်။

 

အလားတူ ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ်၊ ခုံးကျော်တံတားအဆင်း လမ်းသစ်လမ်းပေါ် တွင် ငွေလဲလုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်ပြီး ငွေကျပ်သိန်း (၁၀၀၀) ကျော် ယူဆောင်မှု ဖြစ်ပွားခဲ့သေးသည်။

 

Photo – YGEA(ပုံဟောင်း အသုံးပြုထားသည်)

 

#PeopleMedia #ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ #ပြည်ထဲရေး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 



Share this post