• Follow Us on

Home အင်းစိန်မြို့နယ် ခုံတံတားအနီး၌ ငွေကြေးလဲလှဲသူ အမျိုးသားနှင့် အမျိုးသမီးဖြစ်သူတို့သည် သေနတ်ဖြင့် လုပ်ကြံခံရပြီး ငွေလဲရန် ယူဆောင်လာသည့် ကျပ်သိန်းတစ်ထောင်ကျော် လုယူခြင်း ခံခဲ့ရ

အင်းစိန်မြို့နယ် ခုံတံတားအနီး၌ ငွေကြေးလဲလှဲသူ အမျိုးသားနှင့် အမျိုးသမီးဖြစ်သူတို့သည် သေနတ်ဖြင့် လုပ်ကြံခံရပြီး ငွေလဲရန် ယူဆောင်လာသည့် ကျပ်သိန်းတစ်ထောင်ကျော် လုယူခြင်း ခံခဲ့ရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ (People Media)

 

ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ် လမ်းနှင့် ကမ်းနားလမ်းဆက်သွယ်ထားသည့် တံတားလမ်းသစ်ဘက်အဆင်းအနီး၌ ငွေလဲလုပ်ကိုင်သူ အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ချိန်းဆိုထားသည့် ငွေကြေးလဲမည့်သူကို စောင့်နေစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့သလို အမျိုးသမီးဖြစ်သူလည်း အရေးပေါ် ဆေးကုသမှု ခံ ယူလျက်ရှိသည်။

 

“ပိုက်ဆံလဲမယ်ဆိုပြီး ချိန်းတယ်။ ချိန်တဲ့သူက လာတယ်။ လာတော့ ချိန်းတဲ့သူက သေနတ်နဲ့ ပစ်ပြီး ပိုက်ဆံ ယူသွားတာပေါ့။ တရာခံဖမ်းဆီးနိုင်ဖို့အတွက် ရဲလုပ်ငန်းအရ ဆက်လက် ဆောင်ရွက်နေပါတယ်။ ငွေလဲမည့် ကျပ်သိန်းတစ်ထောင်ကျော် ပါသွားတယ်” လို့ အင်းစိန်မြို့နယ် လုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။

 

သင်္ဃန်းကျွန်းမြိုနယ်နေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် K-Pay ငွေလဲပေးရန် ဖုန်းဖြင့် ပြော ဆိုလာ၍ အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းပေါ်ရှိ One Stop Mark အနီးတွင် သွားရောက် စောင့်နေစဉ် ငွေလဲရန်ချိန်းဆိုထားသူ စိစစ်ဆဲတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့် ပစ်ခတ်ကာ ငွေ များကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်သွားခြင်းကြောင့် အမျိုးသားဆိုသူမှာ ဦးခေါင်းထိမှန်ဒဏ်ရာရရှိကာ နေရာပင် သေဆုံးခဲ့ပြီး၊ အမျိုး သမီးမှာတော့ သေဆုံးခြင်း မရှိသေးသော်လည်း ကျည်ထိမှန်ဒဏ်ရာကြောင့် စိုးရိမ်ရကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေးတပ်ဖွဲ့များ သွားရောက် စစ်ဆေးခဲ့စဉ် ယင်းနေရာ၌ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ခွံများ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #အကြမ်းဖက်လူသတ်မှု

 

(unicode)


………………………………………………………….

 


 


 


 


 


 


 

Photo – Credit

 



Share this post