• Follow Us on

Home မုံရွာမြို့၊ ကန်သာယာ မနက်ဈေး၌ သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းကို သေနတ်ဖြင့် လုပ် ကြံခံခဲ့ရသော်လည်း သေဆုံးခြင်း မရှိ

မုံရွာမြို့၊ ကန်သာယာ မနက်ဈေး၌ သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦး ဦးခေါင်းကို သေနတ်ဖြင့် လုပ် ကြံခံခဲ့ရသော်လည်း သေဆုံးခြင်း မရှိ

Share this post

မုံရွာ၊ ဇန်နဝါရီ ၁၇ (People Media)

 

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာဦး(အင်းရွာသစ်) ရပ်ကွက်နဲ့ အောင်ချမ်းသာရပ်ကွက် အကြား ပြည်ထောင်စုကားလမ်း၊ ကန်သာယာ မနက်ဈေး၌ သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးသည် ဦးခေါင်းကို သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

“ဒီမနက် ၆ နာရီခွဲလောက်က ဈေးစည်နေတဲ့အချိန် သစ်သီးရောင်းချနေတဲ့ အမျိုးသမီးရဲ့ ဦးခေါင်းကို သေ နတ်နဲ့ ပစ်တာ။ ကျည်က ဦးခေါင်းယာ နားထင်ရဲ့ ဘေးကနေ ကပ်ထွက်သွားတာ။” လို့ ဈေးသည်တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ မုံရွာမြို့နယ်အတွင်း၌ ဆိုင်ကယ်များဖြင့် ဈေးရောင်းချနေသည့် ဈေးသည်များ လုပ်ကြံသတ် ဖြတ်ခံနေရသလို ကွမ်းရောင်းချသူများလည်း လုပ်ကြံခံရ၍ သေဆုံးလျက်ရှိသည်။

 

ထို့အတူ ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့၊ သံလမ်းဈေးအနီး၌ ပန်းရောင်း၍ ပြန်လာသည့် အသက် ၅၁ နှစ်အရွယ် ဒေါ်ကြည်လှသည် တောပုရွာဝင်ဆိုင်းဘုတ်အနီး၌ သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

သွန်းသွန်း

 

#PeopleMedia #မုံရွာမြို့

 

(unicode)


…………………………………………………….

 


 


 


 


 


 


 



Share this post