• Follow Us on

Home အင္းေတာ္ႀကီးသို႔ ဘုရားဖူးႏွင့္ နတ္လမ္းၾကည့္ရႈရန္ လာေရာက္သည့္ အဖြဲ႕ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္

အင္းေတာ္ႀကီးသို႔ ဘုရားဖူးႏွင့္ နတ္လမ္းၾကည့္ရႈရန္ လာေရာက္သည့္ အဖြဲ႕ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္

Share this post

အင္းေတာ္ႀကီး၊ ဇြန္ ၁၀

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီး ေရႊမၪၨဴေရလယ္ဘုရားႏွင့္ နတ္လမ္းၾကည့္ရႈရန္ လာေရာက္ သည့္ နမၼတီးမွ ဘုရားဖူးအဖြဲ႕ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ဘုရားဖူးအဖြဲ႕စီးနင္းလာသည့္ ေမာ္ေတာ္သည္ ယေန႔ ဇြန္ ၁၀ ရက္၊ နံနက္ (၁ဝ) နာရီခြဲ အခ်ိန္ခန္႔တြင္ ဟဲပန္လမ္းခြဲ မိုင္တိုင္အမွတ္ ၂၆/၂၇ ၾကားတြင္ ဆီတင္ကားတစ္စီးကို ေရွာင္ရာမွ လမ္းနေဘးသို႔ ထိုးခ်တိမ္း ေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ယာဥ္ေပၚတြင္ ဘုရားဖူးခရီးသည္ ၁၀ ဦးခန္႔ လိုက္ပါၿပီး ယာဉ္မေတာ္တဆတိမ္းေမွာက္ခဲ့မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ျပင္းထန္စြာဒဏ္ရာရရွိၿပီး၊ က်န္ခရီးသည္မ်ားမွာ ခါး၊ ေျခ၊ လက္က်ိဳးသည့္ဒဏ္ရာမ်ား ရရွိ ခဲ့ေၾကာင္းသိရသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား အင္းေတာ္ႀကီးၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕၊ သေႏၶမီးသတ္တပ္ဖြဲ႕ ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား ေဆး႐ုံသို႔ ပို႔ေဆာင္ေပးရန္ လိုက္ပါကူညီေပးေနေၾကာင္းသိရသည္။

ေနၾကာ

#PeopleMedia

(unicode)
အင်းတော်ကြီးသို့ ဘုရားဖူးနှင့် နတ်လမ်းကြည့်ရှုရန် လာရောက် သည့် အဖွဲ့ မော်တော်ယာဉ်တိမ်းမှောက်
……………………………………………………

အင်းတော်ကြီး၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားနှင့် နတ်လမ်းကြည့်ရှုရန် လာရောက် သည့် နမ္မတီးမှ ဘုရားဖူးအဖွဲ့ မော်တော်ယာဉ်တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘုရားဖူးအဖွဲ့စီးနင်းလာသည့် မော်တော်သည် ယနေ့ ဇွန် ၁၀ ရက်၊ နံနက် (၁ဝ) နာရီခွဲ အချိန်ခန့်တွင် ဟဲပန်လမ်းခွဲ မိုင်တိုင်အမှတ် ၂၆/၂၇ ကြားတွင် ဆီတင်ကားတစ်စီးကို ရှောင်ရာမှ လမ်းနဘေးသို့ ထိုးချတိမ်း မှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ၁၀ ဦးခန့် လိုက်ပါပြီး ယာဉ်မတော်တဆတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး၊ ကျန်ခရီးသည်များမှာ ခါး၊ ခြေ၊ လက်ကျိုးသည့်ဒဏ်ရာများ ရရှိ ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ဆေးရုံသို့ ပို့ဆောင်ပေးရန် လိုက်ပါကူညီပေးနေကြောင်းသိရသည်။

နေကြာ

#PeopleMedia


Share this post