• Follow Us on

Home အင်းတော်ကြီးဒေသတွင် အစိုးရသစ်အားကြိုဆိုပါ၏ စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ NLD ပါတီ ဝန်းရံသူများမှ ထောက်ခံပွဲပြုလုပ်

အင်းတော်ကြီးဒေသတွင် အစိုးရသစ်အားကြိုဆိုပါ၏ စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ NLD ပါတီ ဝန်းရံသူများမှ ထောက်ခံပွဲပြုလုပ်

Share this post

အင်းတော်ကြီး၊ ဇန်နဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် ယနေ့ နံနက်ပိုင်းက အစိုးရ သစ်အား ကြိုဆိုပါ၏ စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ NLD ပါတီ ဝန်းရံသူများမှ ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စီတန်းလှည့်လည်ခြင်းကို ဇန်နဝါရီ ၂၅ ယနေ့ နံနက် ၉ နာရီ အချိန်တွင် နန့်မွန်းမြို့ ရပ်ကွက် ၂ NLD ပါတီရုံးရှေ့မှ စတင်ကာ စီတန်းလှည့်လည်ခဲ့ကြပြီး နန့်မွန်းမြို့ တိုက်နယ်ဆေးရုံရှေ့ ရပ်ကွက် ၄ ကားလမ်းမ ကြီးဘေးနေရာတွင် ဗီနိုင်းဆိုင်ဘုတ် စိုက်ထူခဲ့ကြောင်းနှင့် ယင်းသို့ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးဇော်ဝင်းက ယခုကဲ့သို့ ဆိုသည်။

“၂ဝ၂ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အစိုးရအသစ်အား ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မကြာမီ ကျင်းပတော့မည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကျင်းပနိုင်ရေးကိုလည်း ထောက်ခံပါတယ်” ဟု ဦးဆောင်သူ တာဝန်ခံဦဇော်ဝင်းက ပြောသည်။

ယနေ့ ထောက်ခံပွဲကို ဦးဆောင်သူများက လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ အနံ ၃ပေ အလျား ၅ ပေ ခန့်ရှိ ဗီနိုင်းဆိုင်းဘုတ် ၄ ခုကို ရပ်ကွက် (၁၊ ၂၊ ၃၊ ၄) ရှိ NLD ပါတီရုံး မြေနေရာများတွင်လည်း စိုက်ထူသွားမည်ဟု ဆိုသည်။

“တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက် တင်မြှောက်မည့် သမ္မတအသစ်နှင့် အစိုးရ အဖွဲ့ကို တစ်နိုင်ငံလုံးရှိ အမြို့မြို့အနယ်နယ်တွင် ထောက်ခံပွဲများ ဆောင်ရွက်နေကြသည်ကို သိရှိနေရပါတယ်။

ဒါကြောင့်မို့ မိမိတို့အနေနှင့်လည်း အမေ့စုလမ်းစဉ်ကို ထောက်ခံကြိုဆိုတယ် အဲဒီအတွက်ကြောင့်အစိုးရအ သစ်အား ကြိုဆိုထောက်ခံပွဲမှာ ပါဝင်ရခြင်း ဖြစ်ပါတယ်” ဟု ဝန်းရံသူ တစ်ဦးက ပြောသည်။

ယနေ့ နန်းမွန်းမြို့တွင် ပြုလုပ်ခဲ့သည့် စီတန်းလှည့်လည်ခြင်း အတွက် ငြိမ်း၊ စု၊ စီ ဥပဒေအရ ဇန်နဝါရီလ ၂၂ရက်နေ့က မိုးညှင်းမြို့နယ် ရဲစခန်း၌ ခွင့်ပြုမိန့် တင်ထားကြောင်း သိရသည်။

နေကြာ၊ မောင်မောင်

#PeopleMedia #အစိုးရသစ်ထောက်ခံပွဲ #အင်းတော်ကြီး

(unicode)
………………………………………………












Share this post