• Follow Us on

Home အင္းေတာ္ႀကီးေဒသတြင္ ေခါက္ဆြဲထုတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ က်ပ္သိန္းႏွစ္ရာေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

အင္းေတာ္ႀကီးေဒသတြင္ ေခါက္ဆြဲထုတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ က်ပ္သိန္းႏွစ္ရာေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

Share this post

အင္းေတာ္ႀကီး၊ ေအာက္တိုဘာ ၅
ကခ်င္ျပည္နယ္ မိုးညင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသတြင္ ေခါက္ဆြဲထုတ္မ်ားျဖင့္ ေရာေႏွာသယ္ေဆာင္လာသည့္ က်ပ္သိန္းႏွစ္ရာေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း လုံးတုံနယ္ေျမရဲစခန္းမွ သိရသည္။
ယမန္ေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔ နံနက္ ၉ နာရီ ၄၅ မိနစ္ အခ်ိန္ခန႔္တြင္ မူးယစ္တပ္ဖြဲ႕စု(၃)မွ ရဲအုပ္ ဝင္းေက်ာ္ေက်ာ္ ဦးစီး၍ တပ္ဖြဲ႕ဝင္မ်ား၊ လုံးတုံနယ္ေျမရဲစခန္းမွ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္ အတူ မူးယစ္ေဆးဝါ သတင္းအရ လုံးတုံ စစ္ေဆးေရးဂိတ္၌ ယာဥ္မ်ားအား ရွာေဖြစစ္ေဆးေနစဥ္ မိုင္းေနာင္ဘက္မွ ေညာင္ပင္ဘက္သို႔ ေဇေအာင္ ေမာင္းႏွင္လာေသာ KENBO-125 စာတမ္းပါ နီနက္ၾကား ဆိုင္ကယ္အား ရပ္တန႔္ရွာေဖြရာ ၎ဆိုင္ကယ္ ထိုင္ခုံအေနာက္ဘက္တြင္ သယ္ေဆာင္လာသည့္ ဆာလာအိတ္ အတြင္း ကတၳဴဂ်ပ္ဖာျဖင့္ ထည့္ထားေသာ ေခါက္ဆြဲေျခာက္ အထုပ္ငယ္မ်ားႏွင့္ ေရာေႏွာ၍ ေရာင္စုံဆပ္ျပာခြက္ မ်ားအတြင္း ဘိန္းျဖဴ ျဖဴ/ဝါ ေရာင္ စပ္ၾကား အမႈန႔္ (၉) ဂရမ္ခန႔္စီပါ (၁၁) ခြက္ပါရွိသည့္ ကတၳဳဂ်ပ္ဖာ (၃)ဖာ၊ ေပါင္း ဆပ္ျပာခြက္ (၃၃) ခြက္၊ စုစုေပါင္း ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴဝါေရာင္စပ္ၾကားအမႈန႔္ အေလးခ်ိန္ (၂၉၇)ဂရမ္ခန႔္ ကာလ တန္ဖိုးေငြ က်ပ္ သိန္းႏွစ္ရာေက်ာ္ကို ဖမ္းဆီး သိမ္းဆည္းနိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဇေအာင္၊ (၃၀)ႏွစ္၊ သီတာရြာ၊ ဟဲလုံေက်းရြာအုပ္စု၊ မိုးညႇင္းၿမိဳ႕နယ္ေနသူကို မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ မယ (ပ) ၅၅/၂ဝ၂ဝ (ဃ) ပုဒ္မ မူး/စိတ္ ပုဒ္မ ၁၉ (က)ျဖင့္ အေရးယူထားေၾကာင္း သိရသည္။
ယြန္းယြန္း
#PeopleMedia #မူးယစ္ #အင္းေတာ္ႀကီး

(unicode)

အင်းတော်ကြီးဒေသတွင် ခေါက်ဆွဲထုတ်များဖြင့် ရောနှောသယ်ဆောင်လာသည့် ကျပ်သိန်းနှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
အင်းတော်ကြီး၊ အောက်တိုဘာ ၅
ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ခေါက်ဆွဲထုတ်များဖြင့် ရောနှောသယ်ဆောင်လာသည့် ကျပ်သိန်းနှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ် ဝင်းကျော်ကျော် ဦးစီး၍ တပ်ဖွဲ့ဝင်များ၊ လုံးတုံနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ မူးယစ်ဆေးဝါ သတင်းအရ လုံးတုံ စစ်ဆေးရေးဂိတ်၌ ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မိုင်းနောင်ဘက်မှ ညောင်ပင်ဘက်သို့ ဇေအောင် မောင်းနှင်လာသော KENBO-125 စာတမ်းပါ နီနက်ကြား ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းဆိုင်ကယ် ထိုင်ခုံအနောက်ဘက်တွင် သယ်ဆောင်လာသည့် ဆာလာအိတ် အတွင်း ကတ္ထူဂျပ်ဖာဖြင့် ထည့်ထားသော ခေါက်ဆွဲခြောက် အထုပ်ငယ်များနှင့် ရောနှော၍ ရောင်စုံဆပ်ပြာခွက် များအတွင်း ဘိန်းဖြူ ဖြူ/ဝါ ရောင် စပ်ကြား အမှုန့် (၉) ဂရမ်ခန့်စီပါ (၁၁) ခွက်ပါရှိသည့် ကတ္ထုဂျပ်ဖာ (၃)ဖာ၊ ပေါင်း ဆပ်ပြာခွက် (၃၃) ခွက်၊ စုစုပေါင်း ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်စပ်ကြားအမှုန့် အလေးချိန် (၂၉၇)ဂရမ်ခန့် ကာလ တန်ဖိုးငွေ ကျပ် သိန်းနှစ်ရာကျော်ကို ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇေအောင်၊ (၃၀)နှစ်၊ သီတာရွာ၊ ဟဲလုံကျေးရွာအုပ်စု၊ မိုးညှင်းမြို့နယ်နေသူကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မယ (ပ) ၅၅/၂ဝ၂ဝ (ဃ) ပုဒ်မ မူး/စိတ် ပုဒ်မ ၁၉ (က)ဖြင့် အရေးယူထားကြောင်း သိရသည်။
ယွန်းယွန်း
#PeopleMedia #မူးယစ် #အင်းတော်ကြီး


Share this post