• Follow Us on

Home အင္းေတာ္ႀကီးေဒသ၌ ကားလမ္းခင္းရန္ေျမတူးေဖာ္ရာမွ ေရွးေဟာင္းပစၥည္းဟု ယူဆရသည့္ ပစၥည္းမ်ားေတြ႕ရွိ

အင္းေတာ္ႀကီးေဒသ၌ ကားလမ္းခင္းရန္ေျမတူးေဖာ္ရာမွ ေရွးေဟာင္းပစၥည္းဟု ယူဆရသည့္ ပစၥည္းမ်ားေတြ႕ရွိ

Share this post

အင္းေတာ္ႀကီး၊ ဒီဇင္ဘာ ၁

ကခ်င္ျပည္နယ္၊ အင္းေတာ္ႀကီးေဒသ၌ ယမန္ေန႔က ကားလမ္းခင္းရန္ ေျမတူးေဖာ္ရာမွ ေရွးေဟာင္းပစၥည္းဟု ယူဆရသည့္ ပစၥည္းမ်ား ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ အင္းေတာ္ႀကီးေဒသ၊ ေခ်ာင္းဝအုပ္စု လြဲေပါေက်းရြာတြင္ ရွမ္းမ်ိဳးႏြယ္စုမ်ား ႏွစ္သစ္ကူးႏွင့္ ေကာက္ဦးဆြမ္းကပ္လွဴဒါန္းပြဲ က်င္းပျပဳလုပ္ႏိုင္ရန္အတြက္ ႏိုဝင္ဘာလ ၂၄၊ ၂၅ ရက္ေန႔မ်ားက ေညာင္ပင္-ေခ်ာင္း၀ အၾကား လမ္းမေကာင္းသည့္ေနရာမ်ားကို ျပဳျပင္ရာ ဘုရားေတာင္(ရွမ္း)အေခၚ လြဲဘုရား ေနရာအနီး ဘက္ဟိုးယာဉ္ျဖင့္ ေျမတူးေဖာ္ရာမွ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အိုင္ေလးတူေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ေျပာျပသည္။

“ကားေတြ သြားလာေရး အဆင္ေျပေအာင္ ေျမသားလမ္းခင္းဖို႔ ေျမတူးတဲ့အခါမွာ ေတြ႕ရွိခဲ့တာပါ၊ လြဲဘုရား အနီးမွာ ေျမတူးတာ အနက္ဆယ္ေပေလာက္မွာ အဲ့ဒီ အရာေတြကို ေတြ႕ခဲ့တာပါ၊ ခြက္အနည္းငယ္နဲ႔ ေသာက္ေရအိုးေတြကေတာ့ ကြဲေနတယ္၊ ပန္းကန္လို႔ ေျပာမလား ခြက္လို႔ဘဲ ေခၚရမလား အဒီအရာ ႏွစ္ခုကေတာ့ အေကာင္းအတိုင္း ရရွိခဲ့ပါတယ္” ဟု ၎က ဆိုသည္။

အဆိုပါေရးေဟာင္းပစၥည္းမ်ားဟု ယူဆရသည့္ ပစၥည္းမ်ားကို လက္ရွိတြင္ ပန္လားအုပ္ခ်ဳပ္ေရး၌ အပ္ႏွံထားၿပီး ရွမ္းနီစာေပႏွင့္ ႐ိုးရာယဉ္ေက်းမႈ ေကာ္မတီမွတဆင့္ သက္ဆိုင္ရာသို႔ လြဲေျပာင္းေပးအပ္သြားမည္ဟုလည္း ၎ထံမွ သိရသည္။

အင္းေတာ္ႀကီးေဒသတြင္ လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန္႔ အခ်ိန္ကလည္း သမိုင္းဝင္ အင္းေတာ္ႀကီးအိုင္အတြင္း တံငါသည္တစ္ဦးမွ ငါးပိုက္တန္းခ်ရာမွ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားဟု ယူဆရသည့္ မိေခ်ာင္းသြားပုံသ႑ာန္၊ လိပ္ေက်ာခုံးပုံသ႑ာန္၊ ဆင္းတုပုံသ႑ာန္ ႏွင့္ လူဦးေခါင္းပုံသ႑ာန္ စသည့္ အရာဝတၱဳပစၥည္းမ်ားကိုလည္း ေတြ႕ရွိခဲ့ဘူးေၾကာင္း ေဒသခံေရလုပ္သား တံငါသည္မ်ားထံမွ သိရသည္။

အင္းေတာ္ႀကီးအိုင္သည္ အံ့ဘြယ္ ၉းပါးႏွင့္ အတူ အင္းေတာ္ႀကီးအိုင္ႏွင့္ အင္းေတာ္ႀကီးေဒသမွ အျခား မ်ားျပားလွေသာ ထူးျခားဆန္းၾကယ္သည့္ အေၾကာင္းအရာ မ်ားကို ေဒသခံမ်ားမွ အ႐ိုးစြဲ ယုံၾကည္ၾကသည္။

ထို႔အျပင္ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာအခ်ိန္က အင္းေတာ္ႀကီးေဒသ၏ အင္းေတာ္ႀကီးအရွင္သခင္သည္ အင္းထဲ၌ ဆိုးရြားေနေသာ(လပစ္၊ လေတာင္) မိေခ်ာင္းႏွစ္ေကာင္အား သင္တို႔သည္ သမုဒၵရာပင္လယ္သို႔ ျပန္မည္လား ေရႊေတာင္ႀကီးေအာက္ ေက်ာက္လိုဏ္ဂူတြင္ ေနမည္လားဟု ေမးရာ (လပစ္၊ လေတာင္)မိေခ်ာင္းတို႔က အကြၽန္ပ္တို႔ အား သနားေသာအားျဖင့္ ေရႊေတာင္ႀကီးေအာက္တြင္ ေနပါရေစ ဟုေလွ်ာက္ေလသည္ အင္းေတာ္ႀကီး အရွင္သခင္က မိေခ်ာင္းႏွစ္ေကာင္ကို လည္ပင္းသံကြင္းစြပ္၍ ေရႊေတာင္ႀကီးေအာက္ လိုင္ဂူတြင္ ထားရွိခဲ့သျဖင့္ ယခုတိုင္ေအာင္ေဘးဥပါဒ္ အႏၲရာယ္ျပဳတတ္ေသာ မိေခ်ာင္းဆိုး ငါးဆိုးမ်ား၏ ေဘးရန္တို႔ကို မေတြ႕မျမင္ရေတာ့ေပဟု အင္းေတာ္ႀကီးအိုင္သမိုင္းမွတ္တမ္းအရ သိရသည္။

ေနၾကာ

ဓါတ္ပုံ – ေျမသားလမ္းျပဳျပင္ရန္အတြက္ ေျမတူးရာတြင္ ေတြ႕ရွိခဲသည့္ ခြက္မ်ားႏွင့္ အင္းေတာ္ႀကီးအိုင္အတြင္းမွ ရရွိခဲ့သည့္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား

#PeopleMedia #EPN

(unicode)
အင်းတော်ကြီးဒေသ၌ ကားလမ်းခင်းရန်မြေတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်းများတွေ့ရှိ

အင်းတော်ကြီး၊ ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၌ ယမန်နေ့က ကားလမ်းခင်းရန် မြေတူးဖော်ရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ၊ ချောင်းဝအုပ်စု လွဲပေါကျေးရွာတွင် ရှမ်းမျိုးနွယ်စုများ နှစ်သစ်ကူးနှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် နိုဝင်ဘာလ ၂၄၊ ၂၅ ရက်နေ့များက ညောင်ပင်-ချောင်း၀ အကြား လမ်းမကောင်းသည့်နေရာများကို ပြုပြင်ရာ ဘုရားတောင်(ရှမ်း)အခေါ် လွဲဘုရား နေရာအနီး ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိုင်လေးတူကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြသည်။

“ကားတွေ သွားလာရေး အဆင်ပြေအောင် မြေသားလမ်းခင်းဖို့ မြေတူးတဲ့အခါမှာ တွေ့ရှိခဲ့တာပါ၊ လွဲဘုရား အနီးမှာ မြေတူးတာ အနက်ဆယ်ပေလောက်မှာ အဲ့ဒီ အရာတွေကို တွေ့ခဲ့တာပါ၊ ခွက်အနည်းငယ်နဲ့ သောက်ရေအိုးတွေကတော့ ကွဲနေတယ်၊ ပန်းကန်လို့ ပြောမလား ခွက်လို့ဘဲ ခေါ်ရမလား အဒီအရာ နှစ်ခုကတော့ အကောင်းအတိုင်း ရရှိခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါရေးဟောင်းပစ္စည်းများဟု ယူဆရသည့် ပစ္စည်းများကို လက်ရှိတွင် ပန်လားအုပ်ချုပ်ရေး၌ အပ်နှံထားပြီး ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှတဆင့် သက်ဆိုင်ရာသို့ လွဲပြောင်းပေးအပ်သွားမည်ဟုလည်း ၎င်းထံမှ သိရသည်။

အင်းတော်ကြီးဒေသတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့် အချိန်ကလည်း သမိုင်းဝင် အင်းတော်ကြီးအိုင်အတွင်း တံငါသည်တစ်ဦးမှ ငါးပိုက်တန်းချရာမှ ကျောက်ဖြစ်ရုပ်ကြွင်းများဟု ယူဆရသည့် မိချောင်းသွားပုံသဏ္ဍာန်၊ လိပ်ကျောခုံးပုံသဏ္ဍာန်၊ ဆင်းတုပုံသဏ္ဍာန် နှင့် လူဦးခေါင်းပုံသဏ္ဍာန် စသည့် အရာဝတ္တုပစ္စည်းများကိုလည်း တွေ့ရှိခဲ့ဘူးကြောင်း ဒေသခံရေလုပ်သား တံငါသည်များထံမှ သိရသည်။

အင်းတော်ကြီးအိုင်သည် အံ့ဘွယ် ၉းပါးနှင့် အတူ အင်းတော်ကြီးအိုင်နှင့် အင်းတော်ကြီးဒေသမှ အခြား များပြားလှသော ထူးခြားဆန်းကြယ်သည့် အကြောင်းအရာ များကို ဒေသခံများမှ အရိုးစွဲ ယုံကြည်ကြသည်။

ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအချိန်က အင်းတော်ကြီးဒေသ၏ အင်းတော်ကြီးအရှင်သခင်သည် အင်းထဲ၌ ဆိုးရွားနေသော(လပစ်၊ လတောင်) မိချောင်းနှစ်ကောင်အား သင်တို့သည် သမုဒ္ဒရာပင်လယ်သို့ ပြန်မည်လား ရွှေတောင်ကြီးအောက် ကျောက်လိုဏ်ဂူတွင် နေမည်လားဟု မေးရာ (လပစ်၊ လတောင်)မိချောင်းတို့က အကျွန်ပ်တို့ အား သနားသောအားဖြင့် ရွှေတောင်ကြီးအောက်တွင် နေပါရစေ ဟုလျှောက်လေသည် အင်းတော်ကြီး အရှင်သခင်က မိချောင်းနှစ်ကောင်ကို လည်ပင်းသံကွင်းစွပ်၍ ရွှေတောင်ကြီးအောက် လိုင်ဂူတွင် ထားရှိခဲ့သဖြင့် ယခုတိုင်အောင်ဘေးဥပါဒ် အန္တရာယ်ပြုတတ်သော မိချောင်းဆိုး ငါးဆိုးများ၏ ဘေးရန်တို့ကို မတွေ့မမြင်ရတော့ပေဟု အင်းတော်ကြီးအိုင်သမိုင်းမှတ်တမ်းအရ သိရသည်။

နေကြာ

ဓါတ်ပုံ – မြေသားလမ်းပြုပြင်ရန်အတွက် မြေတူးရာတွင် တွေ့ရှိခဲသည့် ခွက်များနှင့် အင်းတော်ကြီးအိုင်အတွင်းမှ ရရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းများ

#PeopleMedia #EPN


Share this post