• Follow Us on

Home အစိမ္းေတြ ႏုိင္သြားရင္ အမ်ဳိးသားယဥ္ေက်းမႈ စ႐ုိက္လကၡဏာ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကုိ ဦးစားေပး ေဆာင္ရြက္သြားမယ္လုိ႔ ပုဗၺသီရိၿမိဳ႕နယ္ ကုိယ္စားလွယ္ေလာင္း ဦးေဝလြင္ ကတိျပဳ

အစိမ္းေတြ ႏုိင္သြားရင္ အမ်ဳိးသားယဥ္ေက်းမႈ စ႐ုိက္လကၡဏာ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကုိ ဦးစားေပး ေဆာင္ရြက္သြားမယ္လုိ႔ ပုဗၺသီရိၿမိဳ႕နယ္ ကုိယ္စားလွယ္ေလာင္း ဦးေဝလြင္ ကတိျပဳ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၀

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ဦးေဝလြင္ (ျပည္ ခုိင္ၿဖိဳးပါတီ)က ၂၀၂၀ ေရြးေကာက္ပြဲ၌ အစိမ္းေတြ ႏုိင္သြားရင္ အမ်ဳိးသားယဥ္ေက်းမႈ စ႐ုိက္လကၡဏာ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကုိ ဦးစားေပးေဆာင္ရြက္မယ္လုိ႔ ေျပာဆုိလုိက္ပါတယ္။

ဦးေဝလြင္သည္ ပုဗၺသီရိၿမိဳ႕နယ္ မဲဆႏၵရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါအတုိင္း ေျပာဆုိလုိက္တာလည္း ျဖစ္ပါတယ္။

ထုိ႔အတူ ဇာတိရပ္ရြာႏွင့္ခြဲ၍ ျပည္ပသုိ႔ သြားေရာက္အလုပ္လုပ္ကုိင္ေနရာသည့္ျပည္သူမ်ား ျပည္တြင္း၌ ျပန္လည္အလုပ္လုပ္ကုိင္ႏုိင္ရန္ ေဆာင္ရြက္ေပးျခင္း၊ လယ္သမားေရးရာဝန္ႀကီးဌာန ဖြဲ႕စည္းေရး၊ အလုပ္ သမားမ်ား၏ ေန႔ထြက္စရိတ္မ်ား လုံေလာက္သည့္အေနအထားတစ္ရပ္ရရွိေရးႏွင့္ ႏုိင္ငံဝန္ထမ္းမ်ား လစာတုိးျမင့္ေပးႏုိင္ေရးတုိ႔ကုိ ဦးေဝလြင္က ကတိျပဳေျပာဆုိခဲ့သည္။

“မဲေပးၿပီး ေရြးခ်ယ္တဲ့အခါ ခ်စ္လုိ႔လည္း မဲမေပးနဲ႔၊ မုန္းလုိ႔လည္း မဲမေမးနဲ႔၊ အာဏာရွိလုိ႔ ေၾကာက္လုိ႔လည္း မဲမေပးနဲ႔၊ ေငြေပးလုိ႔လည္း မဲမေပးနဲ႔၊ ကုိယ္ရဲ႕ရပ္ရြာအက်ဳိး ကုိယ္ေဒသအက်ဳိးကုိ ဘယ္သူက စြမ္းေဆာင္ႏုိင္ လည္းဆုိတာ ၾကည့္ၿပီးေတာ့မွ မဲေပးတာအေကာင္းဆုံးပါ” လုိ႔ ဦးေဝလြင္က ေျပာပါတယ္။

#PeopleMedia #ဦးေဝလြင္ #USDP #USDP

(Unicode)
အစိမ်းတွေ နိုင်သွားရင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပုဗ္ဗသီရိမြို့နယ် ကိုယ်စားလှယ်လောင်း ဦးဝေလွင် ကတိပြု
……………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၁၀

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင် (ပြည် ခိုင်ဖြိုးပါတီ)က ၂၀၂၀ ရွေးကောက်ပွဲ၌ အစိမ်းတွေ နိုင်သွားရင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဦးဝေလွင်သည် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ထို့အတူ ဇာတိရပ်ရွာနှင့်ခွဲ၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေရာသည့်ပြည်သူများ ပြည်တွင်း၌ ပြန်လည်အလုပ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ လယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းရေး၊ အလုပ် သမားများ၏ နေ့ထွက်စရိတ်များ လုံလောက်သည့်အနေအထားတစ်ရပ်ရရှိရေးနှင့် နိုင်ငံဝန်ထမ်းများ လစာတိုးမြင့်ပေးနိုင်ရေးတို့ကို ဦးဝေလွင်က ကတိပြုပြောဆိုခဲ့သည်။

“မဲပေးပြီး ရွေးချယ်တဲ့အခါ ချစ်လို့လည်း မဲမပေးနဲ့၊ မုန်းလို့လည်း မဲမမေးနဲ့၊ အာဏာရှိလို့ ကြောက်လို့လည်း မဲမပေးနဲ့၊ ငွေပေးလို့လည်း မဲမပေးနဲ့၊ ကိုယ်ရဲ့ရပ်ရွာအကျိုး ကိုယ်ဒေသအကျိုးကို ဘယ်သူက စွမ်းဆောင်နိုင် လည်းဆိုတာ ကြည့်ပြီးတော့မှ မဲပေးတာအကောင်းဆုံးပါ” လို့ ဦးဝေလွင်က ပြောပါတယ်။

#PeopleMedia #ဦးဝေလွင် #USDP #USDP


Share this post