• Follow Us on

Home အစိုးရက လယ္သမားမ်ား သက္သာေခ်ာင္ခ်ိေရး လုပ္ေဆာင္မည္ဟု အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

အစိုးရက လယ္သမားမ်ား သက္သာေခ်ာင္ခ်ိေရး လုပ္ေဆာင္မည္ဟု အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

Share this post

 

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၄

လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ ျပဳျပင္ေျပာင္းလဲမႈမ်ားက လယ္သမားမ်ားကို အေထာက္အပံ့ျဖစ္ေစရန္ ရည္ရြယ္သည္ဟု အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီက ေျပာၾကားလိုက္သည္။

လယ္သမားအမ်ားအျပားက ဥပေဒသစ္သုံးမ်ိဳးကို ကန္႔ကြက္သည့္ ဆႏၵေဖာ္ထုတ္မႈမ်ား ျပဳလုပ္ေနစဥ္ ဝန္ႀကီးခ်ဳပ္ မိုဒီက ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပဳျပင္ေျပာင္းလဲမႈေတြက လယ္ယာစိုက္ပ်ိဳးေရးက႑မွာ ရင္းႏွီးျမႇုပ္ႏွံမႈ ဆြဲေဆာင္ေစမွာျဖစ္ၿပီး လယ္ သမားေတြကို အက်ိဳးရွိေစမွာျဖစ္ပါတယ္” ဟု နယူးေဒလီၿမိဳ႕ရွိ အိႏၵိယ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ ငန္းရွင္မ်ားအသင္း အစည္းအေဝးတစ္ခု၌ မိုဒီက ေျပာသည္။

“အစိုးရက လုပ္ေဆာင္ေနတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြရဲ့ ရည္ရြယ္ခ်က္က လယ္သမားေတြ ႂကြယ္ဝခ်မ္း သာေစဖို႔ ျဖစ္ပါတယ္။ ပုဂၢလိကက႑က တိုင္းျပည္ရဲ့ လယ္ယာစိုက္ပ်ိဳးေရးနယ္ပယ္ကို တိုးတက္ေစရမွာျဖစ္ပါ တယ္” ဟု ၄င္းက ဆိုသည္။

လယ္သမားသမဂၢ ၃၀ ခန္႔က ဥပေဒသစ္မ်ားကို တက္တက္ႂကြႂကြ ဆႏၵျပလ်က္ရွိသည္။ လယ္သမား သမဂၢေခါင္းေဆာင္မ်ားႏွင့္ အစိုးရ တာဝန္ရွိသူမ်ားၾကား ေဆြးေႏြးမႈမ်ားက သေဘာတူညီခ်က္ မရရွိခဲ့ေပ။

ဝန္ႀကီးခ်ဳပ္ မိုဒီ၏ အာမခံမႈမ်ား ရွိေနလင့္ကစား ဥပေဒသစ္မ်ား ႐ုတ္သိမ္းေရး ဖိအားေပးရန္ အိမ္နီးခ်င္း ျပည္နယ္မ်ားမွ ေထာင္ခ်ီေသာ လယ္သမားမ်ားက နယူးေဒလီၿမိဳ႕သို႔ဝင္ေရာက္ရန္ ႀကိဳးပမ္းေနၾကသည္။

လယ္သမားမ်ား၏ဝင္ေငြကို ႏွစ္ဆအထိတိုးျမႇင့္ရန္ အစိုးရက သံႏၷိဌာန္ခ်ခဲ့ၿပီး လယ္သမားမ်ား၏ ဆႏၵၿပ မႈမ်ားကို လက္ဝဲဝါဒီမ်ား၊ ေမာ္ဝါဒီမ်ားက ေသြးထိုးလႈံ႔ေဆာ္ေနေၾကာင္း ကုန္သြယ္ေရးဝန္ႀကီး ပီယြပ္ဂိုရယ္က ေျပာၾကားလိုက္သည္။

ကိုးကား – ရိုက္တာ

Ref; Indian Prime Minister Modi says government committed to farmers’ welfare

#PeopleMedia

(unicode)
အစိုးရက လယ်သမားများ သက်သာချောင်ချိရေး လုပ်ဆောင်မည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြော
…………………………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများက လယ်သမားများကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားလိုက်သည်။

လယ်သမားအများအပြားက ဥပဒေသစ်သုံးမျိုးကို ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေစဉ် ဝန်ကြီးချုပ် မိုဒီက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြုပြင်ပြောင်းလဲမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်စေမှာဖြစ်ပြီး လယ် သမားတွေကို အကျိုးရှိစေမှာဖြစ်ပါတယ်” ဟု နယူးဒေလီမြို့ရှိ အိန္ဒိယ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း အစည်းအဝေးတစ်ခု၌ မိုဒီက ပြောသည်။

“အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရည်ရွယ်ချက်က လယ်သမားတွေ ကြွယ်ဝချမ်း သာစေဖို့ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍက တိုင်းပြည်ရဲ့ လယ်ယာစိုက်ပျိုးရေးနယ်ပယ်ကို တိုးတက်စေရမှာဖြစ်ပါ တယ်” ဟု ၄င်းက ဆိုသည်။

လယ်သမားသမဂ္ဂ ၃၀ ခန့်က ဥပဒေသစ်များကို တက်တက်ကြွကြွ ဆန္ဒပြလျက်ရှိသည်။ လယ်သမား သမဂ္ဂခေါင်းဆောင်များနှင့် အစိုးရ တာဝန်ရှိသူများကြား ဆွေးနွေးမှုများက သဘောတူညီချက် မရရှိခဲ့ပေ။

ဝန်ကြီးချုပ် မိုဒီ၏ အာမခံမှုများ ရှိနေလင့်ကစား ဥပဒေသစ်များ ရုတ်သိမ်းရေး ဖိအားပေးရန် အိမ်နီးချင်း ပြည်နယ်များမှ ထောင်ချီသော လယ်သမားများက နယူးဒေလီမြို့သို့ဝင်ရောက်ရန် ကြိုးပမ်းနေကြသည်။

လယ်သမားများ၏ဝင်ငွေကို နှစ်ဆအထိတိုးမြှင့်ရန် အစိုးရက သံန္နိဌာန်ချခဲ့ပြီး လယ်သမားများ၏ ဆန္ဒပြ မှုများကို လက်ဝဲဝါဒီများ၊ မော်ဝါဒီများက သွေးထိုးလှုံ့ဆော်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး ပီယွပ်ဂိုရယ်က ပြောကြားလိုက်သည်။

ကိုးကား – ရိုက်တာ

Ref; Indian Prime Minister Modi says government committed to farmers’ welfare

#PeopleMedia


Share this post