• Follow Us on

Home အစိုးရထိန္းခ်ဳပ္ရာနယ္ေျမ ျပင္ပ ေနထိုင္သူမ်ား လာမည့္ အေထြေထြေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရရွိမည္ မဟုတ္ဟု ဆို

အစိုးရထိန္းခ်ဳပ္ရာနယ္ေျမ ျပင္ပ ေနထိုင္သူမ်ား လာမည့္ အေထြေထြေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရရွိမည္ မဟုတ္ဟု ဆို

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၁၈

ကခ်င္ျပည္နယ္အတြင္း အစိုးရထိန္းခ်ဳပ္ရာ နယ္ေျမ ျပင္ပ ေနထိုင္သူမ်ား လာမည့္ အေထြေထြေရြးေကာက္ပြဲတြင္ မဲေပးခြင့္ရရွိမည္ မဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕႐ုံးမွ သိရသည္။

ယခင္ကတည္းက အစိုးရထိန္းခ်ဳပ္ရာ ျပင္ပရွိ အျခားလက္နက္ကိုင္ အဖြဲ႕အစည္းထိန္းခ်ဳပ္ရာေဒသ (ေရြးေကာက္ပြဲမက်င္းပႏိုင္သည့္ ေနရာမ်ား) တြင္ ေနထိုင္သူမ်ား အေနႏွင့္ လာမည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ မဲေပးႏိုင္မည္ မဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ အရာရွိ ဦးထြန္းေအာင္ခိုင္က ယခုကဲ့သို႔ ဆိုသည္။

“နဂိုကတည္းက ဟိုဘက္လက္နက္ကိုင္ နယ္ေျမထဲမွာရွိတဲ့ ေက်းရြာအုပ္စုထဲမွာ ေနတဲ့သူ ေတြအေနနဲ႔ မဲေပးႏိုင္မွာ မဟုတ္ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ျပဳစုေကာက္ခံရရွိထားတဲ့ ရပ္ကြက္၊ ေက်းရြာ မဲစရင္းေတြက အစိုးရထိန္းခ်ဳပ္ရာေဒသေတြမွာပဲ ေကာက္ယူထားတာ ျဖစ္ပါတယ္၊ ဒါေၾကာင့္ လက္ရွိ ေၾကျငာတဲ့ မဲစရင္းမွာလဲ သူတို႔မပါဘူး၊ အဲဒီအတြက္ သူတို႔ မဲေပးလို႔ မရပါဘူး” ဟု ဦးထြန္းေအာင္ခိုင္က ေျပာသည္။

သို႔ေသာ္ ၄င္းတို႔အေနႏွင့္ ေရြးေကာက္ပြဲက်င္းပႏိုင္သည့္ ေဒသမ်ားတြင္ အလုပ္လာေရာက္ လုပ္ကိုင္ေနသူ ျဖစ္ပါက၊ ဒါ႔အျပင္ ရက္ ၉၀ ႏွင့္အထက္ ေနထိုင္သူ ျဖစ္ၿပီး၊ မွတ္ပုံတင္ အေထာက္အထားျပသႏိုင္ပါက ေရြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒအရ ေလွ်ာက္ထားလွ်င္ ခြင့္ျပဳေပးႏိုင္သည္ ဟု ၄င္းက ထည့္သြင္းေျပာဆိုသည္။

သူတို႔အေနနဲ႔ ေရြးေကာက္ပြဲ က်င္းပႏိုင္တဲ့ ေဒသဘက္မွာ ေရြ႕ေျပာင္း အလုပ္လုပ္ကိုင္ေနသူျဖစ္မယ္၊ ေနာက္ၿပီး သူတို႔အေနနဲ႔ တစုံတစ္ရာ အေထာက္အထားျပနိင္ရင္ေတာ့၊ မွတ္ပုံတင္ရွိတယ္ စသျဖင့္ေပါ႔ ရက္၉၀ဆယ္နဲ႔ အက်ဳံးဝင္တယ္ဆိုရင္ေတာ့၊ နည္းဥပေဒ (၁၀) အရ ၃(က) ေလွ်ာက္ႏိုင္တယ္၊ က်ေနာ္တို႔ဘက္က စိစစ္လို႔ မွန္ကန္တယ္ဆိုရင္ေတာ့ မဲစာရင္းမွာ ထည္ေပးလို႔ရပါတယ္” ဟု ၄င္းက ရွင္းျပသည္။

ၿပီးခဲ့သည္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲ ကာလအတြင္း နယ္ေျမ မလုံၿခဳံျခင္းေၾကာင္း မဲ႐ုံမ်ား မဖြင့္လွစ္ႏိုင္သည့္ နယ္ေျမ ၂၁၂ နယ္ေျမ ရွိခဲ့ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္လည္း မဲ႐ုံမဖြင့္လွစ္ႏိုင္သည့္ နယ္ေျမ ၁၉၀ ေက်ာ္ရွိေနေသးေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ ခြဲ႐ုံး၏ စာရင္းမ်ားအရ သိရသည္။

မင္းမင္း

photo – တပ္မေတာ္က KIOထိန္းခ်ဳပ္ေဒသသို႔ COVID ကာကြယ္ေရးပစၥည္းမ်ားလွဴဒါန္းသည့္ ပုံ ျဖစ္ပါသည္။

#PeopleMedia

[Unicode]
အစိုးရထိန်းချုပ်ရာနယ်မြေ ပြင်ပ နေထိုင်သူများ လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိမည် မဟုတ်ဟု ဆို
……………………………………………………………………………

မြစ်ကြီးနား၊ သြဂုတ် ၁၈

ကချင်ပြည်နယ်အတွင်း အစိုးရထိန်းချုပ်ရာ နယ်မြေ ပြင်ပ နေထိုင်သူများ လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိမည် မဟုတ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးမှ သိရသည်။

ယခင်ကတည်းက အစိုးရထိန်းချုပ်ရာ ပြင်ပရှိ အခြားလက်နက်ကိုင် အဖွဲ့အစည်းထိန်းချုပ်ရာဒေသ (ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများ) တွင် နေထိုင်သူများ အနေနှင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည် မဟုတ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးထွန်းအောင်ခိုင်က ယခုကဲ့သို့ ဆိုသည်။

“နဂိုကတည်းက ဟိုဘက်လက်နက်ကိုင် နယ်မြေထဲမှာရှိတဲ့ ကျေးရွာအုပ်စုထဲမှာ နေတဲ့သူ တွေအနေနဲ့ မဲပေးနိုင်မှာ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြုစုကောက်ခံရရှိထားတဲ့ ရပ်ကွက်၊ ကျေးရွာ မဲစရင်းတွေက အစိုးရထိန်းချုပ်ရာဒေသတွေမှာပဲ ကောက်ယူထားတာ ဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိ ကြေငြာတဲ့ မဲစရင်းမှာလဲ သူတို့မပါဘူး၊ အဲဒီအတွက် သူတို့ မဲပေးလို့ မရပါဘူး” ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။

သို့သော် ၄င်းတို့အနေနှင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် ဒေသများတွင် အလုပ်လာရောက် လုပ်ကိုင်နေသူ ဖြစ်ပါက၊ ဒါ့အပြင် ရက် ၉၀ နှင့်အထက် နေထိုင်သူ ဖြစ်ပြီး၊ မှတ်ပုံတင် အထောက်အထားပြသနိုင်ပါက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအရ လျှောက်ထားလျှင် ခွင့်ပြုပေးနိုင်သည် ဟု ၄င်းက ထည့်သွင်းပြောဆိုသည်။

သူတို့အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ ဒေသဘက်မှာ ရွေ့ပြောင်း အလုပ်လုပ်ကိုင်နေသူဖြစ်မယ်၊ နောက်ပြီး သူတို့အနေနဲ့ တစုံတစ်ရာ အထောက်အထားပြနိင်ရင်တော့၊ မှတ်ပုံတင်ရှိတယ် စသဖြင့်ပေါ့ ရက်၉၀ဆယ်နဲ့ အကျုံးဝင်တယ်ဆိုရင်တော့၊ နည်းဥပဒေ (၁၀) အရ ၃(က) လျှောက်နိုင်တယ်၊ ကျနော်တို့ဘက်က စိစစ်လို့ မှန်ကန်တယ်ဆိုရင်တော့ မဲစာရင်းမှာ ထည်ပေးလို့ရပါတယ်” ဟု ၄င်းက ရှင်းပြသည်။

ပြီးခဲ့သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း နယ်မြေ မလုံခြုံခြင်းကြောင်း မဲရုံများ မဖွင့်လှစ်နိုင်သည့် နယ်မြေ ၂၁၂ နယ်မြေ ရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲရုံမဖွင့်လှစ်နိုင်သည့် နယ်မြေ ၁၉၀ ကျော်ရှိနေသေးကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၏ စာရင်းများအရ သိရသည်။

မင်းမင်း

photo – တပ်မတော်က KIOထိန်းချုပ်ဒေသသို့ COVID ကာကွယ်ရေးပစ္စည်းများလှူဒါန်းသည့် ပုံ ဖြစ်ပါသည်။

#PeopleMedia


Share this post