• Follow Us on

Home အစိုးရဖြဲ႔ႏိုင္ပါက ၂ ႏွစ္ အတြင္း အေျခခံ လုပ္ခလစာကို အနည္းဆုံး က်ပ္ ၁၀၀၀၀ အထိ ရရွိေအာင္ ေဆာင္ရြက္ေပးမည္ဟု သူရဦးေရႊမန္း မဲဆြယ္

အစိုးရဖြဲ႔ႏိုင္ပါက ၂ ႏွစ္ အတြင္း အေျခခံ လုပ္ခလစာကို အနည္းဆုံး က်ပ္ ၁၀၀၀၀ အထိ ရရွိေအာင္ ေဆာင္ရြက္ေပးမည္ဟု သူရဦးေရႊမန္း မဲဆြယ္

Share this post

ရန္ကုန္၊ စက္တင္ဘာ ၅၊
 
အစိုးရ၏ သတ္မွတ္ခ်က္အရ လုပ္ခလစာသည္ တစ္ေန႔လွ်င္အနိမ့္ဆုံး ေလးေထာင့္ရွစ္ရာ က်ပ္အျဖစ္ သတ္မွတ္အတည္ျပဳထားေသာ္လည္း ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိကာ အစိုးရ ဖြဲ႔ႏိုင္ပါက တစ္ေန႔အနိမ့္ဆုံးလုပ္ခ လစာကို က်ပ္တစ္ေသာင္းအထိ တိုးျမင့္ေပးသြားမယ္လို႔ ပါတီဥကၠ႒ ျဖစ္သူ သူရဦးေရႊမန္းက မဲဆြယ္စည္း႐ုံးလိုက္ပါတယ္။
 
လူမႈကြန္ယက္ကေန ဒီေန႔ျပဳလုပ္တဲ့ သူရဦးေရႊမန္းနဲ႔ သတင္းမီယာမ်ား နဲ႔ ေတြ႕ဆုံပြဲမွာ ေရြးေကာက္ပြဲအတြက္ ကတိျပဳခ်က္ ၁၂ ခ်က္ နဲ႔ ပတ္သက္လို႔ ေျပာၾကားခ်က္မွာ ယခုကဲ့သို႔ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။
 
“အလုပ္သမား နဲ႔ အလုပ္ရွင္မ်ားအတြက္ တစ္ရက္လုပ္ခႏႈန္းထားကို က်ပ္တစ္ေသာင္းရေအာင္ ၂ ႏွစ္အတြင္းအတြင္း စီမံေဆာင္ရြက္ေပးမည္။ တန္ဖိုးျမင့္ထုတ္ကုန္မ်ားထုတ္လုပ္ျခင္ းအပါအ၀င္ အငယ္စားအေသးစား ႏွင့္ အႀကီးစား လုပ္ငန္းမ်ား စက္မႈလက္မႈ လုပ္ငန္းမ်ားကို အားေပးျမႇင့္တင္မည္” ဟု သူရဦးေရႊမန္းက ေျပာပါတယ္။
 
လာမည့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိကာ အစိုးရ ဖြဲ႔ႏိုင္ပါက တစ္ေန႔အနိမ့္ဆုံးလု ပ္ခ လစာကို က်ပ္တစ္ေသာင္းအထိ တိုးျမႇင့္ေပးသြားမည့္ အျပင္ ႏိုင္ငံ၀န္ထမ္းမ်ားအတြက္လည္း လက္ရွိရရွိေနသည့္ လစာ၏ ၂ ဆကိုလည္း တိုးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာဆိုပါတယ္။
 
“ဝန္ထမ္းအားလုံးလက္ရွိလစာႏႈန္းထားထက္ အနည္းဆုံး ၂ ဆ ရရွိေရးကို ၂ ႏွစ္အတြင္း စီမံေဆာင္ရြက္ေပးမည္ အႏိုပ့္ဆုံး၀န္ထမ္းမ်ား၏ လစာကို က်ပ္ ၃၀၀၀၀၀ ႏႈန္း သတ္မွတ္ေပးမည္” ဟု သူရဦးေရႊမန္းက ေျပာပါတယ္။
 
လက္ရွိကာလသည္ မဲဆြယ္စည္း႐ုံးသည့္ ကာလျဖစ္ေနသည့္အတြက္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆြယ္မႈ ကတိက၀တ္မ်ားကို ေျပာၾကားျခင္းသည္ လြယ္ကူေသာ္လည္း အမွန္တကယ္ လက္ေတြ႕အေကာင္အထည္ေဖာ္မႈတြင္ ေဆာင္ရြက္မႈအားနည္းေၾကာင္း အလုပ္သမားအေရကူညီ ေဆာင္ရြက္ေပးေနသည့္ အနာဂတ္အလင္းေရာင္ေဖာင္ေဒးရွင္းမွ ဒါ႐ိုက္တာ ျဖစ္သူ မသက္သက္ေအာင္က ဆိုပါတယ္။
 
“ဒီကတိက၀တ္ေတြက ဒီအခ်ိန္တစ္ခ်ိန္ထဲမွာပဲ ေပးၿပီးေတာ့ ဒီကတိ က၀တ္ကို ေဖာ္ေဆာင္တဲ့ အခါက်ေတာ့ အင္မတန္မွ အားနည္းတာကို ေတြ႕ရတယ္။” ဟု မသက္သက္ေအာင္က ေျပာပါတယ္။
 
အနည္းဆုံးလုပ္ခလစာ သတ္မွတ္ခ်က္အရ ၂ ႏွစ္လွ်င္ တစ္ႀကိမ္ ျပင္ဆင္ရမည္ဟု ျပ႒ာန္းထားေသာ္ လည္း လက္ရွိ ကိုဗစ္ေရာဂါျဖစ္ပြားေနမႈေၾကာင့္ က်ပ္ေလးေထာင္ရွစ္ရာက်ပ္အား ျပင္ဆင္မႈကို ျပဳလုပ္ ႏိုင္ ျခင္းမရွိေသးပါ။
 
#peoplemedia
 
(unicode)
အစိုးရဖွဲ့နိုင်ပါက ၂ နှစ် အတွင်း အခြေခံ လုပ်ခလစာကို အနည်းဆုံး ကျပ် ၁၀၀၀၀ အထိ ရရှိအောင် ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်း မဲဆွယ်
…………………………………
 
ရန်ကုန်၊ စက်တင်ဘာ ၅၊
 
အစိုးရ၏ သတ်မှတ်ချက်အရ လုပ်ခလစာသည် တစ်နေ့လျှင်အနိမ့်ဆုံး လေးထောင့်ရှစ်ရာ ကျပ်အဖြစ် သတ်မှတ်အတည်ပြုထားသော်လည်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရ ဖွဲ့နိုင်ပါက တစ်နေ့အနိမ့်ဆုံးလုပ်ခ လစာကို ကျပ်တစ်သောင်းအထိ တိုးမြင့်ပေးသွားမယ်လို့ ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦးရွှေမန်းက မဲဆွယ်စည်းရုံးလိုက်ပါတယ်။
 
လူမှုကွန်ယက်ကနေ ဒီနေ့ပြုလုပ်တဲ့ သူရဦးရွှေမန်းနဲ့ သတင်းမီယာများ နဲ့ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲအတွက် ကတိပြုချက် ၁၂ ချက် နဲ့ ပတ်သက်လို့ ပြောကြားချက်မှာ ယခုကဲ့သို့ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
 
“အလုပ်သမား နဲ့ အလုပ်ရှင်များအတွက် တစ်ရက်လုပ်ခနှုန်းထားကို ကျပ်တစ်သောင်းရအောင် ၂ နှစ်အတွင်းအတွင်း စီမံဆောင်ရွက်ပေးမည်။ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင် းအပါအဝင် အငယ်စားအသေးစား နှင့် အကြီးစား လုပ်ငန်းများ စက်မှုလက်မှု လုပ်ငန်းများကို အားပေးမြှင့်တင်မည်” ဟု သူရဦးရွှေမန်းက ပြောပါတယ်။
 
လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရ ဖွဲ့နိုင်ပါက တစ်နေ့အနိမ့်ဆုံးလု ပ်ခ လစာကို ကျပ်တစ်သောင်းအထိ တိုးမြှင့်ပေးသွားမည့် အပြင် နိုင်ငံဝန်ထမ်းများအတွက်လည်း လက်ရှိရရှိနေသည့် လစာ၏ ၂ ဆကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုပါတယ်။
 
“ဝန်ထမ်းအားလုံးလက်ရှိလစာနှုန်းထားထက် အနည်းဆုံး ၂ ဆ ရရှိရေးကို ၂ နှစ်အတွင်း စီမံဆောင်ရွက်ပေးမည် အနိုပ့်ဆုံးဝန်ထမ်းများ၏ လစာကို ကျပ် ၃၀၀၀၀၀ နှုန်း သတ်မှတ်ပေးမည်” ဟု သူရဦးရွှေမန်းက ပြောပါတယ်။
 
လက်ရှိကာလသည် မဲဆွယ်စည်းရုံးသည့် ကာလဖြစ်နေသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်မှု ကတိကဝတ်များကို ပြောကြားခြင်းသည် လွယ်ကူသော်လည်း အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်မှုတွင် ဆောင်ရွက်မှုအားနည်းကြောင်း အလုပ်သမားအရေကူညီ ဆောင်ရွက်ပေးနေသည့် အနာဂတ်အလင်းရောင်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဖြစ်သူ မသက်သက်အောင်က ဆိုပါတယ်။
 
“ဒီကတိကဝတ်တွေက ဒီအချိန်တစ်ချိန်ထဲမှာပဲ ပေးပြီးတော့ ဒီကတိ ကဝတ်ကို ဖော်ဆောင်တဲ့ အခါကျတော့ အင်မတန်မှ အားနည်းတာကို တွေ့ရတယ်။” ဟု မသက်သက်အောင်က ပြောပါတယ်။
 
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်အရ ၂ နှစ်လျှင် တစ်ကြိမ် ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသော် လည်း လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် ကျပ်လေးထောင်ရှစ်ရာကျပ်အား ပြင်ဆင်မှုကို ပြုလုပ် နိုင် ခြင်းမရှိသေးပါ။
 
#peoplemedia

Share this post