• Follow Us on
Latest News

Home အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုတာ တစ်ပါတီအာဏာရှင်စနစ်ကို ပြန်သွားနေတာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုတာ တစ်ပါတီအာဏာရှင်စနစ်ကို ပြန်သွားနေတာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော

Share this post

ရန်ကုန်၊ နို၀င်ဘာ ၄
အစိုးရဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုတာ တစ်ပါတီအာဏာရှင်စနစ်ကို ပြန်သွားနေတာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်မှ နို၀င်ဘာ ၄ ရက်နေ့၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကြိုတင်မဲပေးရာတွင် မဲရုံနှင့်ပတ်သက်သည့် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာတစ်ခု၏ သတင်းဌာနမှ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အစိုးရအဖွဲ့နိုင်တဲ့ပါတီကိုပဲ မဲပေးပါဆိုရင် အစိုးရဖွဲ့နိုင်တဲ့ပါတီကိုသာ မဲပုံပေးလိုက်ရင် ကျွန်မတို့က တစ်ပါတီ အာဏာရှင်စနစ်ကို ပြန်သွားတာဖြစ်နေတာပေါ့နော်။ ဒီဟာက ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ မဲဆွယ်စည်းရုံးမှုလို့ ကျွန်မယူဆပါတယ်”ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်မှပြောသည်။
ဆက်လက်ပြီး ၎င်းမှ “တကယ်တမ်းဆိုရင် ဖြစ်နိုင်တာက ကျွန်တော်တို့အစိုးရက ပြီးခဲ့တဲ့ငါးနှစ်က ဘာလုပ်ခဲ့ တယ်၊ ဘာတွေကတိပေးခဲ့တယ်။ ရွေးကောက်ပွဲကတိက၀တ် ဘာတွေပေးခဲ့တယ်၊ ဘာတွေဘယ်လို ဆောင် ရွက်နိုင်ခဲ့တယ်။ အဲဒါကြောင့် ဆက်လက်ပြီးအလုပ်လုပ်ခွင့်ရဖို့အတွက် ပြည်သူတွေကမဲပေးပါ၊ နောက် ငါးနှစ်မှာ ကျွန်တော်တို့ဘာလုပ်ပါမယ်ဆိုတဲ့ ဒီလိုမျိုး ပြည်သူနဲ့အစိုးရနဲ့ နိုင်ငံရေးပါတီကြားထဲမှာ နှစ်ဘက်ကတိက၀တ် လိုမျိုးရှိရမယ်အစား အစိုးရဖြစ်နိုင်တဲ့ပါတီပဲမဲပေးပါဆိုတာကတော့ တစ်ပါတီအာဏာရှင်စနစ်ကို ပြန်ပြီးတော့မှ ဂငယ်ကွေ့ ကွေ့သလိုမျိုးတော့ဖြစ်နေတာပေါ့။ နောက်ကြောင်းပြန်သလိုဖြစ်တယ်။ အဲဒါကတော့ ကျွန်မတို့ ပါတီအနေနဲ့ သဘောမတူပါဘူး”ဟုဆိုသည်။
ထို့အပြင် ဒီမိုကရေစီ၏အလှတရားသည် အတိုက်အခံရှိခြင်းနှင့် အတိုက်အခံမရှိသည့် အစိုးရလက်ထက် မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ကျင့်သုံးခဲ့စဉ်ကာလအတွင်း ပြည်သူလူထုအတွက် အကျိုးမရှိသော်လည်း အတိုက် အခံမရှိသည့်အတွက် ၂၆ နှစ်ကြာအထိ ရှည်ကြာခဲ့ကြောင်းနှင့် ပါတီတစ်ခုတည်းကိုသာ မျက်စိစုံမှိတ်ပြီး ပါတီ လိုဂိုသာကြည့်ပြီး မဲပေးသည်ကို ၎င်းအနေနှင့် အားမပေးကြောင်း ထပ်မံပြောကြားခဲ့သည်။
#PeopleMedia
#ဒေါ်သက်သက်ခိုင် #PPP #Political #2020Election
(unicode)
…………………………………………………………………………
#PeopleMedia


Share this post