• Follow Us on

Home အစိုးရမဖြဲ႕ခင္ NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား ေတြ႕ဆုံရန္ရွိေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ဦးအင္ထုံး ခါးေနာ္ဆန္ေျပာဆို

အစိုးရမဖြဲ႕ခင္ NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား ေတြ႕ဆုံရန္ရွိေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ဦးအင္ထုံး ခါးေနာ္ဆန္ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ ေရြးေကာက္ပြဲအနိုင္ရ NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈကို အစိုးရ အသစ္မဖြဲ႕မွီကာလတြင္ ေတြ႕ဆုံရန္ျဖစ္နိုင္ေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ဦးအင္ထုံးခါးေနာ္ဆန္(NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ားႏွင့္ ဘုံသေဘာတူမႈရရွိေရး ေဆြးေႏြးေရးအဖြဲ႕ဝင္)ကေျပာသည္။
 
ဒီဇင္ဘာလ ၁၂ ရက္ေန႔က ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့သည့္ NLD ပါတီ CEC အစည္းအေဝးတြင္ တိုင္းရင္း သားနိုင္ငံေရးပါတီမ်ားႏွင့္ ဘုံသေဘာတူညီမႈရရွိေရး ေဆြးေႏြးရန္ NLD ပါတီမွ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ သုံးဦးျဖစ္သည့္ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ ဦးေဆာင္ကာ အဖြဲ႕ဝင္မ်ားအျဖစ္ ေဒၚနန္းခင္ ေထြးျမင့္ႏွင့္ ဦးအင္ထုံးခါးေနာ္ဆန္တို႔ကို ဖြဲ႕စည္းေပးခဲ့ျခင္းျဖစ္သည္။
 
“အျမန္ဆုံးေတြ႕ဆုံဖို႔ေတာ့ CEC က လမ္းညြန္မႈေတာ့ ရွိပါတယ္၊ အဲ့ဒါေၾကာင့္ အစိုးရအဖြဲ႕ မဖြဲ႕ခင္ေတြ႕ဆုံဖို႔ ေတာ့ ျဖစ္နိုင္ပါတယ္” ဟု ဦးအင္ထုံးခါးေနာ္ဆန္က ေျပာသည္။
 
တိုင္းရင္းသားနိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံမည့္ေန႔ရက္ႏွင့္ ေနရာအတိအက်ကိုေတာ့ ေဒါက္တာေအာင္မိုးညိဳ က ဦးစီးကာ အျမန္ဆုံး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
 
NLD ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား ေတြ႕ဆုံရာတြင္လည္း ဖယ္ဒရယ္ျပည္ေထာင္စုေပၚေပါက္လာေရး ေခါင္းစဥ္ျဖင့္ ေဆြးေႏြးသြားမည္ျဖစ္ၿပီး၊ ေဆြးေႏြးရာတြင္လည္း တိုင္းရင္းသားပါတီမ်ား၏ ေျပာဆိုမႈမ်ားကို နားေထာင္ကာ ျပန္လည္ညႇိႏွိုင္းသြားမည္ျဖစ္ေၾကာင္း ဦးအင္ထုံးခါးေနာ္ဆန္က ဆိုသည္။
 
အဆိုပါ ေဆြးေႏြးညႇိႏွိုင္းမႈမ်ားကို NLD ပါတီ၏ CEC အဖြဲ႕ထံ ျပန္လည္တင္ျပသြားမည္ျဖစ္သည္။
 
NLD ပါတီမွ အစိုးရသစ္အဖြဲ႕အား ျပန္လည္ဖြဲ႕စည္းရာတြင္ လက္ရွိအစိုးရအဖြဲ႕ဝင္ေဟာင္းမ်ားထဲမွ ပါဝင္သင့္ ပါဝင္ထိုက္သူအခ်ိဳ႕အျပင္ လူသစ္မ်ားကိုလည္း ထည့္သြင္းဖြဲ႕စည္းရန္ ရည္ရြယ္ထားေၾကာင္း ဒီဇင္ဘာလ ၁၂ ရက္ေန႔က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ NLD ပါတီ CEC အစည္းအေဝးပြဲအၿပီးတြင္ ေဒါက္တာမ်ိဳးညြန႔္က မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။
 
ၿပီးခဲ့သည့္ နိုဝင္ဘာလ (၁၂) ရက္က ေရြးေကာက္ပြဲအနိုင္ရ NLD ပါတီအေနျဖင့္ ေနာင္အနာဂတ္ျမန္မာ နိုင္ငံအတြက္ ေရွးရႈရမည့္ ျပည္ေထာင္စုအေရးကိစၥႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ တိုင္းရင္းသားပါတီ (၄၈) ပါတီထံ ဖိတ္ေခၚစာ ထုတ္ျပန္ထားသည္။
 
Photo – NLD
 
#PeopleMedia #NLD
 
(unicode)
အစိုးရမဖွဲ့ခင် NLD ပါတီနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံရန်ရှိကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဦးအင်ထုံး ခါးနော်ဆန်ပြောဆို
………………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီနှင့် တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အစိုးရ အသစ်မဖွဲ့မှီကာလတွင် တွေ့ဆုံရန်ဖြစ်နိုင်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆန်(NLD ပါတီနှင့် တိုင်းရင်းသားပါတီများနှင့် ဘုံသဘောတူမှုရရှိရေး ဆွေးနွေးရေးအဖွဲ့ဝင်)ကပြောသည်။
 
ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် NLD ပါတီ CEC အစည်းအဝေးတွင် တိုင်းရင်း သားနိုင်ငံရေးပါတီများနှင့် ဘုံသဘောတူညီမှုရရှိရေး ဆွေးနွေးရန် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သုံးဦးဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒေါ်နန်းခင် ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
 
“အမြန်ဆုံးတွေ့ဆုံဖို့တော့ CEC က လမ်းညွန်မှုတော့ ရှိပါတယ်၊ အဲ့ဒါကြောင့် အစိုးရအဖွဲ့ မဖွဲ့ခင်တွေ့ဆုံဖို့ တော့ ဖြစ်နိုင်ပါတယ်” ဟု ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။
 
တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည့်နေ့ရက်နှင့် နေရာအတိအကျကိုတော့ ဒေါက်တာအောင်မိုးညို က ဦးစီးကာ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
 
NLD ပါတီနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံရာတွင်လည်း ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဆွေးနွေးရာတွင်လည်း တိုင်းရင်းသားပါတီများ၏ ပြောဆိုမှုများကို နားထောင်ကာ ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဦးအင်ထုံးခါးနော်ဆန်က ဆိုသည်။
 
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများကို NLD ပါတီ၏ CEC အဖွဲ့ထံ ပြန်လည်တင်ပြသွားမည်ဖြစ်သည်။
 
NLD ပါတီမှ အစိုးရသစ်အဖွဲ့အား ပြန်လည်ဖွဲ့စည်းရာတွင် လက်ရှိအစိုးရအဖွဲ့ဝင်ဟောင်းများထဲမှ ပါဝင်သင့် ပါဝင်ထိုက်သူအချို့အပြင် လူသစ်များကိုလည်း ထည့်သွင်းဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ CEC အစည်းအဝေးပွဲအပြီးတွင် ဒေါက်တာမျိုးညွန့်က မီဒီယာများကို ပြောကြားခဲ့သည်။
 
ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်က ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေဖြင့် နောင်အနာဂတ်မြန်မာ နိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် တိုင်းရင်းသားပါတီ (၄၈) ပါတီထံ ဖိတ်ခေါ်စာ ထုတ်ပြန်ထားသည်။
 
Photo – NLD
 
#PeopleMedia #NLD

Share this post