• Follow Us on

Home အစိုးရသစ္၏ ပထမ ရက္ ၁၀၀ အတြင္း ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ထိုးေပးမည္ဟု အေမရိကန္ ေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒင္ ေျပာ

အစိုးရသစ္၏ ပထမ ရက္ ၁၀၀ အတြင္း ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း ၁၀၀ ထိုးေပးမည္ဟု အေမရိကန္ ေရြးေကာက္ခံ သမၼတ ဂ်ိဳးဘိုင္ဒင္ ေျပာ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၉ (People Media)
အေမရိကန္ ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒင္က အစိုးရသစ္၏ ပထမဆုံးရက္ ၁၀၀အတြင္း အေမရိကန္ျပည္သူ မ်ားအား ကိုဗစ္-၁၉ ကာကြယ္ေဆး အလုံးေရ သန္း၁၀၀ ထိုးေပးရန္ ရည္ရြယ္ထားသည္ဟု ေျပာသည္။
ဇန္နဝါရီလ ၂၀ရက္ေန႔တြင္ စတင္တာဝန္ယူမည့္ ဗိုင္းရပ္စ္တိုက္ဖ်က္ေရး ထိပ္တန္းအဖြဲ႕ဝင္မ်ားႏွင့္ မိတ္ဆက္ေပး သည့္ သတင္းစာရွင္းလင္းပြဲကို ဂ်ိဳးဘိုင္ဒင္က ဒီဇင္ဘာလ ၈ ရက္တြင္ ျပဳလုပ္ခဲ့သည္။
ဂ်ိဳးဘိုင္ဒင္က အစိုးရသစ္ ပထမဆုံးရက္ ၁၀၀ အတြင္း ဥပေဒအရ အေမရိကန္ျပည္သူအားလုံး ႏွာေခါင္းစည္းမ်ား ဝတ္ဆင္ရမည့္ အမိန႔္တစ္ရပ္ကို လက္မွတ္ေရးထိုးမည္ျဖစ္သည္။
အနည္းဆုံး ကိုဗစ္ကာကြယ္ေဆး အလုံးေရ သန္း၁၀၀ ထိုးေပးရန္ စီမံထားၿပီး ရက္ေပါင္း ၁၀၀အတြင္း စာသင္ ေက်ာင္းအမ်ားစု ျပန္လည္ဖြင့္လွစ္ရန္ ႀကိဳးစားသြားမည္ဟု ဂ်ိဳးဘိုင္ဒင္က ဆိုသည္။
ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါက ၎အစိုးရသစ္ သက္တမ္း ပထမ ရက္ ၁၀၀ အတြင္း မၿပီးဆုံးနိုင္ေၾကာင္း ေရာဂါ အေျခအေနကို ေျပာင္းလဲၿပီး အေမရိကန္ျပည္သူမ်ား၏ဘဝ ပိုေကာင္းေအာင္ ေျပာင္းလဲရမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
ကိုးကား – NHK
Ref; Biden vows 100 million vaccinations in 100 days
(unicode)
အစိုးရသစ်၏ ပထမ ရက် ၁၀၀ အတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထိုးပေးမည်ဟု အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင် ပြော
……………………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉ (People Media)
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က အစိုးရသစ်၏ ပထမဆုံးရက် ၁၀၀အတွင်း အမေရိကန်ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း၁၀၀ ထိုးပေးရန် ရည်ရွယ်ထားသည်ဟု ပြောသည်။
ဇန်နဝါရီလ ၂၀ရက်နေ့တွင် စတင်တာဝန်ယူမည့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ထိပ်တန်းအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေး သည့် သတင်းစာရှင်းလင်းပွဲကို ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။
ဂျိုးဘိုင်ဒင်က အစိုးရသစ် ပထမဆုံးရက် ၁၀၀ အတွင်း ဥပဒေအရ အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်းများ ဝတ်ဆင်ရမည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။
အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း၁၀၀ ထိုးပေးရန် စီမံထားပြီး ရက်ပေါင်း ၁၀၀အတွင်း စာသင် ကျောင်းအများစု ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားသွားမည်ဟု ဂျိုးဘိုင်ဒင်က ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ၎င်းအစိုးရသစ် သက်တမ်း ပထမ ရက် ၁၀၀ အတွင်း မပြီးဆုံးနိုင်ကြောင်း ရောဂါ အခြေအနေကို ပြောင်းလဲပြီး အမေရိကန်ပြည်သူများ၏ဘဝ ပိုကောင်းအောင် ပြောင်းလဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား – NHK
Ref; Biden vows 100 million vaccinations in 100 days

Share this post