• Follow Us on

Home အစိုးရအဖြဲ႕တြင္ တိုင္းရင္းသားအနည္းစုသာေနရာေပးပါက အစိုးရ၏ ခိုင္းႏြားသာျဖစ္သြားနိုင္ဟု KSDP အတြင္းေရးမွဴးေျပာ

အစိုးရအဖြဲ႕တြင္ တိုင္းရင္းသားအနည္းစုသာေနရာေပးပါက အစိုးရ၏ ခိုင္းႏြားသာျဖစ္သြားနိုင္ဟု KSDP အတြင္းေရးမွဴးေျပာ

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၃

NLD ပါတီက ဖြဲ႕စည္းသည့္ အစိုးရအဖြဲ႕ထဲတြင္ တိုင္းရင္းသားအနည္းစုကိုသာ ေနရာေပးမည္ဆိုပါက အစိုးရ၏ ခိုင္းႏြား သာျဖစ္နိုင္ေၾကာင္း ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ အေထြေထြအတြင္းေရးမွဴး ဦးခူးသဲရယ္က ေျပာသည္။

ယခုေရြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့သည့္ NLD ပါတီအေနျဖင့္ အစိုးရအဖြဲ႕ ဖြဲ႕စည္းရာတြင္ တိုင္းရင္းသားမ်ားပါ ထည့္ သြင္းဖြဲ႕စည္းသြားမည္ဟု NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္မ်ားက ေျပာဆိုေနျခင္းႏွင့္ ပတ္သက္၍ ဦးခူးသဲရယ္က အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“တိုင္းရင္းသားေတြကို ေနရာအနည္းစုပဲ ေပးမယ္ဆိုရင္ေတာ့ သိပ္ေတာ့မထူးဘူးေပါ့ေနာ္၊ တိုင္းရင္းသားေဒသအနည္းစုပဲ ဝင္ပါခြင့္ရမယ္ဆိုရင္ ခိုင္းႏြားပဲ ျဖစ္သြားမယ္လို႔ ယူဆတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရွိ NLD ပါတီရဲ႕ ေပၚလစီကို ေလ့လာသုံးသပ္ၾကည့္တဲ့အခါ ဗဟိုခ်ဳပ္ကိုင္မႈ တအားမ်ားတယ္ အဲ့ေတာ့လုပ္ပိုင္ခြင့္ေတြကလည္း နည္းမယ္” ဟု ကယား ျပည္နယ္ဒီမိုကရက္တစ္ပါတီ အေထြေထြအတြင္းေရးမွဴး ဦးခူးသဲရယ္က ေျပာသည္။

တိုင္းရင္းသားမ်ားကို ေနရာေပးမည္ဆိုရင္ပါက တိုင္းရင္းသားကို လႊတ္ေတာ္တြင္ ေနရာေပးၿပီးမွ အစိုးရအဖြဲ႕ထဲတြင္ တိုင္းရင္းသားမ်ား မိမိအစီစဥ္ျဖင့္ အစိုးရဖြဲ႕ဆိုသည့္အေနအထားမ်ိဳးရမွသာ လႊတ္ေတာ္ႏွင့္ အစိုးရ အျပန္အလွန္ ထိန္းေက်ာင္းနိုင္မည္ျဖစ္သလို ဝန္ႀကီးမ်ား၏ လုပ္ကိုင္ခြင့္မ်ားလည္း ပိုမိုရရွိလာမည္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာသည္။

NLD ပါတီ ဖြဲ႕စည္းသည့္ ယခင္ အစိုးရအဖြဲ႕တြင္လည္း ဝန္ႀကီးခ်ဳပ္တစ္ေယာက္ထဲ လုပ္ကိုင္ေနသည့္ပုံစံကို ေတြ႕ေနရေၾကာင္း၊ သို႔ျဖစ္၍ ယခင္ပုံစံဆက္သြားပါက တိုင္းရင္းသားမ်ား ဝန္ႀကီးေနရာရပါကလည္း လုပ္ပိုင္ခြင့္မရွိသည့္အတြက္ ျပည္နယ္ဖြံ႕ၿဖိဳးေရး အတြက္ ေဆာင္ရြက္သည့္အခါ အားနည္းမည္ျဖစ္၍ ဘာမွထူးျခားမည္မဟုတ္ေၾကာင္း ဦးခူးသဲရယ္က ဆိုသည္။

#PeopleMedia #ခူးသဲရယ္ #Political

(unicode)
အစိုးရအဖွဲ့တွင် တိုင်းရင်းသားအနည်းစုသာနေရာပေးပါက အစိုးရ၏ ခိုင်းနွားသာဖြစ်သွားနိုင်ဟု KSDP အတွင်းရေးမှူးပြော
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၂၃

NLD ပါတီက ဖွဲ့စည်းသည့် အစိုးရအဖွဲ့ထဲတွင် တိုင်းရင်းသားအနည်းစုကိုသာ နေရာပေးမည်ဆိုပါက အစိုးရ၏ ခိုင်းနွား သာဖြစ်နိုင်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်က ပြောသည်။

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် တိုင်းရင်းသားများပါ ထည့် သွင်းဖွဲ့စည်းသွားမည်ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုနေခြင်းနှင့် ပတ်သက်၍ ဦးခူးသဲရယ်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေကို နေရာအနည်းစုပဲ ပေးမယ်ဆိုရင်တော့ သိပ်တော့မထူးဘူးပေါ့နော်၊ တိုင်းရင်းသားဒေသအနည်းစုပဲ ဝင်ပါခွင့်ရမယ်ဆိုရင် ခိုင်းနွားပဲ ဖြစ်သွားမယ်လို့ ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ NLD ပါတီရဲ့ ပေါ်လစီကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ဗဟိုချုပ်ကိုင်မှု တအားများတယ် အဲ့တော့လုပ်ပိုင်ခွင့်တွေကလည်း နည်းမယ်” ဟု ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခူးသဲရယ်က ပြောသည်။

တိုင်းရင်းသားများကို နေရာပေးမည်ဆိုရင်ပါက တိုင်းရင်းသားကို လွှတ်တော်တွင် နေရာပေးပြီးမှ အစိုးရအဖွဲ့ထဲတွင် တိုင်းရင်းသားများ မိမိအစီစဉ်ဖြင့် အစိုးရဖွဲ့ဆိုသည့်အနေအထားမျိုးရမှသာ လွှတ်တော်နှင့် အစိုးရ အပြန်အလှန် ထိန်းကျောင်းနိုင်မည်ဖြစ်သလို ဝန်ကြီးများ၏ လုပ်ကိုင်ခွင့်များလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။

NLD ပါတီ ဖွဲ့စည်းသည့် ယခင် အစိုးရအဖွဲ့တွင်လည်း ဝန်ကြီးချုပ်တစ်ယောက်ထဲ လုပ်ကိုင်နေသည့်ပုံစံကို တွေ့နေရကြောင်း၊ သို့ဖြစ်၍ ယခင်ပုံစံဆက်သွားပါက တိုင်းရင်းသားများ ဝန်ကြီးနေရာရပါကလည်း လုပ်ပိုင်ခွင့်မရှိသည့်အတွက် ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်သည့်အခါ အားနည်းမည်ဖြစ်၍ ဘာမှထူးခြားမည်မဟုတ်ကြောင်း ဦးခူးသဲရယ်က ဆိုသည်။

#PeopleMedia #ခူးသဲရယ် #Political


Share this post