• Follow Us on

Home အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုနှင့် လွတ်မြောက်သွားသော တရားခံများကို အသေမိလျှင် ပျော်ပျော်ကြီး ဆုတော်ငွေချီးမြှင့်မည်ဟု ဒူတာတေးဆို

အစိုးရအဖွဲ့၏ အဂတိလိုက်စားမှုနှင့် လွတ်မြောက်သွားသော တရားခံများကို အသေမိလျှင် ပျော်ပျော်ကြီး ဆုတော်ငွေချီးမြှင့်မည်ဟု ဒူတာတေးဆို

Share this post

ဖိလစ်ပိုင်မှာ အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှုတွေကြောင့် ထောင်က လွတ်မြောက်ခဲ့တဲ့ ရာနဲ့ချီတဲ့ လူသတ်သမားနဲ့ မုဒိန်းသမားတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ သမ္မတဒူ တာတေးက ဆုတော်ငွေ တိုးမြှင့်ထားပါတယ်။

ဒါ့အပြင် လွတ်မြောက်သွားတဲ့ တရားခံတွေကို အရှင်ထက် အသေဖမ်းနိုင်ရင် ပိုကောင်းတယ်လို့လည်း ဒူတာတေးက ပြောပါတယ်။

“ တရားခံဟောင်းတွေကို ပြန်ဖမ်းနိုင်ရင် ဖိလစ်ပိုင်ပီဆို တစ်သန်း( အမေရိကန်ဒေါ်လာ ၁၉၁၇၅ ဒေါ်လာ) ချီးမြှင့်မှာပါ။ အသေမိရင် ပိုကောင်းပါတယ်။ ကျွန်တော် ပျော်ပျော်ကြီး ဆုတော်ငွေပေးမှာပါ” လို့ ဒူတာတေးက ပြောပါတယ်။

ယခင်အစိုးရလက်ထပ်က လွတ်ပေးလိုက်တဲ့ အကျဉ်းသား ၂၁,၀၀၀ မှာ ၂,၀၀၀ က မူးယစ်ဆေးဝါးမှု၊မုဒိန်းမှု၊ပြန်ပေးဆွဲမှုနဲ့ မီးရှို့မှုတွေကျုးလွန်ခဲ့သူတွေဖြစ်ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တရားမ၀င်တဲ့သူတွေဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိတွေကပြောပါတယ်။

၎င်းတို့ထဲက ၁၇၀၀ ဟာ ဒူတာတေး ခန့်အပ်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အဂတိလိုက်စားမှုနဲ့ လွတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်။

Ref; Reuters


Share this post