• Follow Us on

Home အစိုးရအနေဖြင့် တိုင်းရင်းသားများမှ ၎င်းတို့၏ သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုမှုများကို နှောက်ယှက်ဟန့်တား ခြင်းများ ရပ်တန့်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

အစိုးရအနေဖြင့် တိုင်းရင်းသားများမှ ၎င်းတို့၏ သမိုင်းဝင်ပုဂ္ဂိုလ်များကို ဂုဏ်ပြုမှုများကို နှောက်ယှက်ဟန့်တား ခြင်းများ ရပ်တန့်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အစိုးရအနေဖြင့် တိုင်းရင်းသားများမှ ၎င်းတို့၏ သမိုင်းဝင်ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှုများကို နှောက်ယှက်ဟန့်တား ခြင်းများရပ်တန့်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်းလိုက်သည်။

“အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ လေးစားရတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာသော်လည်း ကောင်း သမိုင်းအမွေအနှစ်ဆိုင်ရာသော်လည်းကောင်း လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို တန်းတူညီမျှစွာ လိုချင်လို့ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ စည်းရုံးရေးတာဝန်ခံ ကိုစောနန္ဒဆူးက ပြောသည်။

ဒူးပလာယာခရိုင်အတွင်း ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီး ရုပ်ထုအား စိုက်ထူရန် စီစဉ်မှုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း တပ်မတော်မှ တားမြစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကန်ကြီးဒေါင့်မြို့နယ်၊ ဘဲဂရက်ကျေးရွာမှ ရွာသားများအပေါ် အစိုးရမှ ဖိအားပေးမှုကြောင့် ကရင်အမျိုးသား ခေါင်ဆောင် စောဘဦးကြီးရုပ်ထုကို ဖြုတ်ချခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို နိုင်ငံအနှံ့လိုက်လံစိုက်ထူမှုများ ပြုနေသည်ကို သိမြင်ကြမည် ဖြစ်ပြီး ဤကဲ့သို့ စိုက်ထူမှုများကို တိုင်းရင်းသားဒေသများတွင် လက်မခံဘဲ ဆန့်ကျင်မှုများပြုလုပ်သော်လည်း အချို့သောဖြစ်ရပ်များတွင် အစိုးရမှ အင်အားသုံးပြီး နှိမ်နင်းခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ထိုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများက သာတူညီမျှစွာ ယှဉ်တွဲနေ ထိုင်နိုင်သော ပြည်ထောင်စုတစ်စုအဖြစ်သို့ ရပ်တည်မည်ဆိုလျှင် လူမျိုးကို အခြေခံ၍ ခွဲခြားမှုမရှိပဲ ပြည်သူ အားလုံးမှ တန်းတူညီမျှသာ အခွင့်အရေးများကို ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Photo – KHRG (FB Page)

#PeopleMedia #တိုင်းရင်းသားအခွင့်အရေး #ကရင်

(unicode)
…………………………………………………………







Photo – KHRG (FB Page)



Share this post