• Follow Us on

Home အစိုးရေကာင္းမွ တိုင္းျပည္ေကာင္းမွာျဖစ္လို႔ ျပည္သူေတြအေနနဲ႕ အစိုးရေကာင္းျဖစ္ဖို႔ ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးရန္ ေဒါက္တာနႏၵာလွျမင့္ ေျပာဆို

အစိုးရေကာင္းမွ တိုင္းျပည္ေကာင္းမွာျဖစ္လို႔ ျပည္သူေတြအေနနဲ႕ အစိုးရေကာင္းျဖစ္ဖို႔ ျပည္ခိုင္ၿဖိဳးပါတီကို မဲေပးရန္ ေဒါက္တာနႏၵာလွျမင့္ ေျပာဆို

Share this post

ရန္ကုန္၊စက္တင္ဘာ-၂၄
အစိုးရေကာင္းမွ တိုင္းျပည္ေကာင္းမွာျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႕ လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အစိုးရေကာင္းကို ေ႐ြးခ်ယ္တာဝန္ေပးဖို႔လိုတယ္လို႔ ကေလာၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။
“အစိုးရေကာင္းျဖစ္ဖို႔ဆိုတာက လူတစ္ေယာက္တည္း ေကာင္းေနလို႔မရဘူး။ Team Work ေကာင္းေနဖို႔လိုတယ္။ ေဘာလုံးတစ္သင္းလိုပဲ။ ေရွ႕၊ လယ္၊ ေနာက္၊ ဂိုး၊ နည္းျပ၊ မန္ေနဂ်ာ အကုန္ေကာင္းမွ ေဘာလုံးအသင္းေကာင္း ျဖစ္သလိုပဲ အစိုးရေကာင္း တစ္ရပ္ျဖစ္ဖို႔ဆိုတာက သမၼတလည္း ေကာင္းရမယ္၊ ဝန္ႀကီးခ်ဳပ္ေတြလည္း ေကာင္းရမယ္။ ဝန္ႀကီးေတြလည္း အရည္အခ်င္းရွိၿပီး ေတာ္ရမယ္။ ၿပီးေတာ့ စုေပါင္းေဆာင္႐ြက္တက္တဲ့ အေလ့အက်င့္ေတြနဲ႕. လုပ္နိုင္ရမယ္။ အစိုးရေကာင္းမွ တိုင္းျပည္ေကာင္းမွာ ျဖစ္တဲ့အတြက္ အစိုးရေကာင္းကို ေ႐ြးခ်ယ္ေပးဖို႔ တာဝန္မွာ ျပည္သူရဲ႕တာဝန္ျဖစ္တယ္။ ျပည္သူေတြေ႐ြးခ်ယ္မႈမွားရင္ တိုင္းျပည္နာမယ္။ ျပည္သူေတြေ႐ြးခ်ယ္မႈမွန္ရင္ တိုင္းျပည္တိုးတက္မယ္”လို႔ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒါက္တာနႏၵာလွျမင့္က ေျပာဆိုပါတယ္။
၂၀၂၀ ေ႐ြးေကာက္ပြဲကို နိုဝင္ဘာ(၈)ရက္ေန႕၌ က်င္းပရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က စီစဥ္ထားၿပီးျဖစ္ပါတယ္။
#PeopleMedia #USDP #2020election
[Unicode]
အစိုးရကောင်းမှ တိုင်းပြည်ကောင်းမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အစိုးရကောင်းဖြစ်ဖို့ ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် ဒေါက်တာနန္ဒာလှမြင့် ပြောဆို
ရန်ကုန်၊စက်တင်ဘာ-၂၄
အစိုးရကောင်းမှ တိုင်းပြည်ကောင်းမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရကောင်းကို ရွေးချယ်တာဝန်ပေးဖို့လိုတယ်လို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
“အစိုးရကောင်းဖြစ်ဖို့ဆိုတာက လူတစ်ယောက်တည်း ကောင်းနေလို့မရဘူး။ Team Work ကောင်းနေဖို့လိုတယ်။ ဘောလုံးတစ်သင်းလိုပဲ။ ရှေ့၊ လယ်၊ နောက်၊ ဂိုး၊ နည်းပြ၊ မန်နေဂျာ အကုန်ကောင်းမှ ဘောလုံးအသင်းကောင်း ဖြစ်သလိုပဲ အစိုးရကောင်း တစ်ရပ်ဖြစ်ဖို့ဆိုတာက သမ္မတလည်း ကောင်းရမယ်၊ ဝန်ကြီးချုပ်တွေလည်း ကောင်းရမယ်။ ဝန်ကြီးတွေလည်း အရည်အချင်းရှိပြီး တော်ရမယ်။ ပြီးတော့ စုပေါင်းဆောင်ရွက်တက်တဲ့ အလေ့အကျင့်တွေနဲ့. လုပ်နိုင်ရမယ်။ အစိုးရကောင်းမှ တိုင်းပြည်ကောင်းမှာ ဖြစ်တဲ့အတွက် အစိုးရကောင်းကို ရွေးချယ်ပေးဖို့ တာဝန်မှာ ပြည်သူရဲ့တာဝန်ဖြစ်တယ်။ ပြည်သူတွေရွေးချယ်မှုမှားရင် တိုင်းပြည်နာမယ်။ ပြည်သူတွေရွေးချယ်မှုမှန်ရင် တိုင်းပြည်တိုးတက်မယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားပြီးဖြစ်ပါတယ်။

Share this post