• Follow Us on

Home အစိုးရဟောင်းက ခန့်ထားသော ကုလသမဂ္ဂဆိုင်ရာ အာဖဂန်သံအမတ် ရာထူးမှ နုတ်ထွက်

အစိုးရဟောင်းက ခန့်ထားသော ကုလသမဂ္ဂဆိုင်ရာ အာဖဂန်သံအမတ် ရာထူးမှ နုတ်ထွက်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇ (People Media)

 

အာဖဂန်နစ္စတန်အစိုးရဟောင်းက ခန့်အပ်ထားသော ကုလသမဂ္ဂဆိုင်ရာအာဖဂန်နစ္စတန်သံအမတ်ကြီးသည် ယခုသီတင်းပတ်အတွင်း ရာထူးမှနုတ်ထွက်သွားကြောင်း သိရသည်။

 

အာဖဂန်နစ္စတန်ကို တာလီဘန်များမသိမ်းပိုက်မီ ဇူလိုင်လအတွင်းက ဂူလမ်အိုင်ဆက်ဇိုင်းကို ထိုစဉ်က သမ္မတ ဖြစ်သူ အာရှပ်ဖ်ဂါနီက ကုလသမဂ္ဂဆိုင်ရာအာဖဂန်နစ္စတန်သံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

အာဖဂန်နစ္စတန်နိုင်ငံမှ ဖြုတ်ချခံလိုက်ရသော သံတမန်များသည် သမ္မတဂါနီထွက်ပြေးသွားချိန်ကတည်းက ၎င်း တို့တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်နေခဲ့ရာ ကုသမဂ္ဂကလည်း ၎င်းတို့ကို ဆက်လက်အသိအမှတ် ပြုခဲ့သည်။

 

သို့သော် ကုလသမဂ္ဂတွင် တာလီဘန်များ ကိုယ်စားပြုမှုကို ဆန့်ကျင်သော ဂူလမ်အိုင်ဆက်ဇိုင်းသည် တိုင်းပြည် တွင်းအခြေအနေများကြောင့် စိတ်ဓာတ်ကျဆင်းခဲ့ရကြောင်း အိုင်ဆက်ဇိုင်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်များ က ပြောသည်။

 

“ကုသလမဂ္ဂမျာ သူ့ကို ကိုယ်စားပြုဖို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘာအစိုးရမှမရှိဘူးလို့ သူက ယူဆထားတယ်” ဟု အမည်မဖော်လိုသူ အာဖဂန်သံတမန်တစ်ဦးက Foreign Policy မဂ္ဂဇင်းကိုပြောသည်။

 

ကုလသမဂ္ဂအနေဖြင့် တာလီဘန်အစိုးရကခန့်အပ်သော ကိုယ်စားလှယ်ကို ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန် သင့်/မသင့် ဆုံးဖြတ်ချက်အား ယခုလစောပိုင်းက ရွှေ့ဆိုင်းထားခဲ့သည်။

 

နောက်ဆက်တွဲအနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အိုင်ဆက်ဇိုင်းနုတ်ထွက်လိုက်ခြင်းသည် ကုလသမဂ္ဂတွင် တာလီဘန်အစိုးရကိုယ်စားလှယ်ကို နေရာပေးလိုက်ခြင်းဟု မှတ်ယူ၍မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါ ကစ္စတန်သံအမတ်ကြီးက ပြောသည်။

 

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒီကနေ့အထိ ဘယ်သူ့ကိုမှ တရားဝင်အသိအမှတ်ပြုခန့်အပ်ထားတာမရှိသေးပါဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးက မူနီယာအက်ရမ်က Foreign Policy မဂ္ဂဇင်းကိုပြောသည်။

 

“ကျွန်တော်ထင်တယ်။ ပထမဦးဆုံးအဆင့်က အစိုးရသစ်ကို နိုင်ငံတကာက အသိအမှတ်ပြုလက်ခံဖို့ပဲဖြစ်ပါ တယ်။ ပြီးတော့မှ တခြားအဖွဲ့အစည်းတွေက အသိအမှတ်ပြုတာတွေ နောက်ကလိုက်လာမှာပေါ့” ဟု ၎င်းက ပြောသည်။

 

Ref: Afghanistan: UN ambassador, appointed by last gov’t, resigns

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Afghanistan: UN ambassador, appointed by last gov’t, resigns

 

#PeopleMedia


Share this post