• Follow Us on

Home အစိုးရ၏ စွန်မလွှတ်ရ အမိန့်စာထုတ်ပြန်မှု ရုတ်သိမ်းပေးရန် တောင်းဆိုသွားမည်

အစိုးရ၏ စွန်မလွှတ်ရ အမိန့်စာထုတ်ပြန်မှု ရုတ်သိမ်းပေးရန် တောင်းဆိုသွားမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အစိုးရမှ စွန်မလွှတ်ရ အမိန့်စာထုတ်ပြန်မှု ရုတ်သိမ်းပေးရန် တောင်းဆိုသွားမယ်လို့ စွန်လွှတ်ဝါသနာရှင်တစ်ဦး ဖြစ်သည့် ဦးနေနေ (၂၀၀၂ ခုနှစ် စွန်လွှတ်ချန်ပီယံ) က ပြောဆိုလိုက်သည်။

တိုက်ကြီးမြို့နယ်တွင် ဆိုင်ကယ်စီးလာသူတစ်ဦးသည် စွန်လွှတ်ရာ၌ အသုံးပြုသည့် စွန်မှန်စာအပ်ချည်ကြိုးဖြင့် လည်ပင်းရစ်ပတ်၍ သေဆုံးမူဖြစ်ပေါ်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးဆိုင်များတွင် စွန်များ၊ မှန်စာအပ်ချည်ကြိုးများ မရောင်းချရန်နှင့် စွန်လွှတ်သူများတွေ့ရှိပါကလည်း ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးယူမည်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဦးနေနေက “စွန်လွှတ်တာနဲ့ပတ်သက်ပြီး အမိန့်ကတော့ ထုတ် ပြန်ခွင့်ရှိတယ်။ သို့သော်လည်းပဲ စည်းနဲ့ကမ်းနဲ့လွှတ်တဲ့ စွန်လွှတ်ဝါသနာရှင်တွေ အသိပညာရှင်အတတ် ပညာရှင်တွေက အခုလို ဥပဒေထုတ်တာနဲ့ အဆင်မပြေဘူး။ သေလောက်တဲ့ထိကတော့ သူဘက်သူ အထုံပါလာလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်။ လွှတ်လာတဲ့ နှစ်ပေါင်း ၂၀ ကျော် ၃၀ ကတော့ တစ်ခါမှ အခုလို ကြီးကြီးမားမား မဖြစ်ဖူးဘူး။ ဖြစ်သွားတဲ့ တိုက်ကြီးက လူအတွက်တော့ စိတ်မကောင်းဘူးပေါ့။ လွှတ်တဲ့ သက်တမ်းတစ်လျှောက်လုံး မဖြစ်ဖူးဘူး” ဟု ပြောသည်။

ထို့အပြင် လမ်းပေါ်တွင်လွှတ်နေသော စွန်လွှတ်သူများအတွက် အမိန့်ထုတ်တားမြစ်သင့်သော်လည်း အန္တရာယ်မရှိသည့် ကွင်းပြင်လိုနေရာမျိုးတွင် စွန်လွှတ်ခြင်းကိုခွှင့်ပြုသင့်ကြောင်း ၎င်းကဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ သည် အနိမ့်ဆုံးထောင်ဒဏ် တစ်လမှ ထောင်ဒဏ် ၆ လအထိ သို့မဟုတ် ဒဏ်ငွေချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်းသိရသည်။

#PeopleMedia #စွန်

(unicode)
………………………………………………………………









Share this post