• Follow Us on

Home အစိုးရ၏ လမ္းညႊန္ခ်က္မ်ားျဖင့္မညီဘဲ ဖြင့္ထားသည့္ စက္႐ုံ ၅ ႐ုံကို စက္႐ုံအလုပ္သမား ၅ ေထာင္ေက်ာ္က အလုပ္သမား႐ုံးသို႔ တိုင္ၾကားမည္

အစိုးရ၏ လမ္းညႊန္ခ်က္မ်ားျဖင့္မညီဘဲ ဖြင့္ထားသည့္ စက္႐ုံ ၅ ႐ုံကို စက္႐ုံအလုပ္သမား ၅ ေထာင္ေက်ာ္က အလုပ္သမား႐ုံးသို႔ တိုင္ၾကားမည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၃
 
က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏လမ္းညႊန္ခ်က္မ်ားျဖင့္မညီဘဲ ဖြင့္လွစ္ထားသည္ဟုဆိုကာ စက္႐ုံ ၅ ႐ုံမွ စက္႐ုံအလုပ္သမား ၅ ေထာင္ေက်ာ္သည္ သက္ဆိုင္ရာၿမိဳ႕နယ္အလုပ္သမား႐ုံးထံ ယေန႔တြင္သြားေရာက္ တိုင္ၾကားမႈျပဳလုပ္မည္ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ မသင္ဇာထက္ကေျပာ သည္။
 
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လက္ခစား(CMP)စက္႐ုံမ်ားကို ေအာက္တိုဘာ ၁၂ ရက္တြင္ ျပန္လည္ ဖြင့္လွစ္ခဲ့ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏လမ္းညြန္ခ်က္ႏွင့္ အညီလိုက္နာမႈ အဆင့္(A)ရရွိေသာ စက္႐ုံမ်ားအား COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ၏ ခြင့္ျပဳ ခ်က္ႏွင့္ ျပန္လည္ဖြင့္လွစ္နိုင္သည္ဟု အမိန႔္ထုတ္ျပန္ၿပီးေနာက္တစ္ေန႔တြင္ စက္႐ုံအခ်ိဳ႕ျပန္လည္ဖြင့္ခဲ့ ၾကျခင္းျဖစ္သည္။
 
ထိုသို႔ ျပန္လည္ဖြင့္လွစ္ခဲ့သည့္စက္႐ုံမ်ားအနက္ လိႈင္သာယာရွိ စက္႐ုံ ၅ ႐ုံတြင္ က်န္းမာေရးလမ္းညြန္ခ်က္ႏွင့္ ကိုက္ညီေအာင္ျပင္ဆင္ထားမူမရွိျခင္းေၾကာင့္ဟုဆိုကာ ယင္းစက္႐ုံအလုပ္သမားကတိုင္ၾကားရန္ျပင္ဆင္ေနျခင္း လည္းျဖစ္သည္။
 
“ဒီေန႔မွာပဲတိုင္ၾကားမွာ စက္႐ုံ ၅ ႐ုံပါ။ စက္႐ုံတစ္႐ုံမွာ အနည္းဆုံး ၅ ရာေက်ာ္ရွိတယ္၊ အမ်ားဆုံး ၁ ေထာင္ ေက်ာ္ရွိတယ္ ၅ ႐ုံဆိုေတာ့ စုစုေပါင္း လူ ၅ ေထာင္ေက်ာ္ပါတယ္။ ကၽြန္မတို႔အလုပ္သမားေတြေတာ္ေတာ္ မ်ားမ်ားက A အဆင့္ B အဆင့္ဆိုတာမသိၾကဘူး။ A အဆင့္ဆိုတာ ဘယ္အဆင့္နဲ႔ကိုက္ညီမွန္းမသိဘူး။ B အဆင့္ဆိုတာမသိၾကဘူး။ စစ္ေဆးေရးဆိုတဲ့အဖြဲ႕ေတြ ဘယ္အခ်ိန္မွာစစ္ေဆးမွာလဲ။ Online က စစ္ေဆး မယ္ဆိုရင္ေတာင္ကၽြန္မတို႔အခုခ်ိန္ထိမေတြ႕ရဘူး။ ဘယ္သူေတြစစ္ေဆးမွာလဲဆိုတာမသိရဘူး။ ဘယ္သူေတြ တာ၀န္ယူမွာလဲမသိရဘူး။ အခုသြားေရာက္တိုင္ၾကားမယ့္ေနရာေတြကဘက္ကလည္း ထိထိေရာက္ေရာက္ ေပါ့ေနာ္၊ အလုပ္သမားေတြအလုပ္ေသခ်ာလုပ္နိုင္ေအာင္ေဆာင္ရြက္ေပးေစခ်င္တယ္”ဟု မသင္ဇာထက္က ေျပာသည္။
 
ထို႔အျပင္ ျပန္လည္ဖြင့္လွစ္ေနသည့္အခ်ိဳ႕ေသာစက္႐ုံမ်ားမွာ ယခင္ကကဲ့သို႔ ဖယ္ရီကားမစီစဥ္ေပးေတာ့သည့္ အေျခအေနမ်ိဳးႏွင့္လည္း အလုပ္သမားမ်ားႀကဳံေတြ႕ေနရေၾကာင္း ၎ကဆိုသည္။
 
“အလုပ္ရွင္က ဖယ္ရီကားေတြ တိုးႀကိတ္စီးတာေတြ ဓာတ္ပုံရိုက္ၿပီး တိုင္ခံရမွာဆိုးတာေတြ၊ ဆိုရွယ္မီဒီယာေပၚ မွာ တင္ခံရမွာေတြေၾကာင့္ အလုပ္သမားေတြကို ဒီေန႔ကစၿပီးဖယ္ရီမေပးေတာ့ဘူး။ ကိုယ့္ခရီးစရိတ္နဲ႔ ကိုယ္အလုပ္လာရမယ္ဆိုတာမ်ိဳးေျပာင္းလဲျပစ္တယ္”ဟု မသင္ဇာထက္ကေျပာသည္။
 
Photo – CTUM myanmar
 
#PeopleMedia #အလုပ္သမားအေရး
 
(unicode)
အစိုးရ၏ လမ်းညွှန်ချက်များဖြင့်မညီဘဲ ဖွင့်ထားသည့် စက်ရုံ ၅ ရုံကို စက်ရုံအလုပ်သမား ၅ ထောင်ကျော်က အလုပ်သမားရုံးသို့ တိုင်ကြားမည်
…………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၁၃
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များဖြင့်မညီဘဲ ဖွင့်လှစ်ထားသည်ဟုဆိုကာ စက်ရုံ ၅ ရုံမှ စက်ရုံအလုပ်သမား ၅ ထောင်ကျော်သည် သက်ဆိုင်ရာမြို့နယ်အလုပ်သမားရုံးထံ ယနေ့တွင်သွားရောက် တိုင်ကြားမှုပြုလုပ်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ မသင်ဇာထက်ကပြော သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ခစား(CMP)စက်ရုံများကို အောက်တိုဘာ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွန်ချက်နှင့် အညီလိုက်နာမှု အဆင့်(A)ရရှိသော စက်ရုံများအား COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြု ချက်နှင့် ပြန်လည်ဖွင့်လှစ်နိုင်သည်ဟု အမိန့်ထုတ်ပြန်ပြီးနောက်တစ်နေ့တွင် စက်ရုံအချို့ပြန်လည်ဖွင့်ခဲ့ ကြခြင်းဖြစ်သည်။
 
ထိုသို့ ပြန်လည်ဖွင့်လှစ်ခဲ့သည့်စက်ရုံများအနက် လှိုင်သာယာရှိ စက်ရုံ ၅ ရုံတွင် ကျန်းမာရေးလမ်းညွန်ချက်နှင့် ကိုက်ညီအောင်ပြင်ဆင်ထားမူမရှိခြင်းကြောင့်ဟုဆိုကာ ယင်းစက်ရုံအလုပ်သမားကတိုင်ကြားရန်ပြင်ဆင်နေခြင်း လည်းဖြစ်သည်။
 
“ဒီနေ့မှာပဲတိုင်ကြားမှာ စက်ရုံ ၅ ရုံပါ။ စက်ရုံတစ်ရုံမှာ အနည်းဆုံး ၅ ရာကျော်ရှိတယ်၊ အများဆုံး ၁ ထောင် ကျော်ရှိတယ် ၅ ရုံဆိုတော့ စုစုပေါင်း လူ ၅ ထောင်ကျော်ပါတယ်။ ကျွန်မတို့အလုပ်သမားတွေတော်တော် များများက A အဆင့် B အဆင့်ဆိုတာမသိကြဘူး။ A အဆင့်ဆိုတာ ဘယ်အဆင့်နဲ့ကိုက်ညီမှန်းမသိဘူး။ B အဆင့်ဆိုတာမသိကြဘူး။ စစ်ဆေးရေးဆိုတဲ့အဖွဲ့တွေ ဘယ်အချိန်မှာစစ်ဆေးမှာလဲ။ Online က စစ်ဆေး မယ်ဆိုရင်တောင်ကျွန်မတို့အခုချိန်ထိမတွေ့ရဘူး။ ဘယ်သူတွေစစ်ဆေးမှာလဲဆိုတာမသိရဘူး။ ဘယ်သူတွေ တာဝန်ယူမှာလဲမသိရဘူး။ အခုသွားရောက်တိုင်ကြားမယ့်နေရာတွေကဘက်ကလည်း ထိထိရောက်ရောက် ပေါ့နော်၊ အလုပ်သမားတွေအလုပ်သေချာလုပ်နိုင်အောင်ဆောင်ရွက်ပေးစေချင်တယ်”ဟု မသင်ဇာထက်က ပြောသည်။
 
ထို့အပြင် ပြန်လည်ဖွင့်လှစ်နေသည့်အချို့သောစက်ရုံများမှာ ယခင်ကကဲ့သို့ ဖယ်ရီကားမစီစဉ်ပေးတော့သည့် အခြေအနေမျိုးနှင့်လည်း အလုပ်သမားများကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
 
“အလုပ်ရှင်က ဖယ်ရီကားတွေ တိုးကြိတ်စီးတာတွေ ဓာတ်ပုံရိုက်ပြီး တိုင်ခံရမှာဆိုးတာတွေ၊ ဆိုရှယ်မီဒီယာပေါ် မှာ တင်ခံရမှာတွေကြောင့် အလုပ်သမားတွေကို ဒီနေ့ကစပြီးဖယ်ရီမပေးတော့ဘူး။ ကိုယ့်ခရီးစရိတ်နဲ့ ကိုယ်အလုပ်လာရမယ်ဆိုတာမျိုးပြောင်းလဲပြစ်တယ်”ဟု မသင်ဇာထက်ကပြောသည်။
 
Photo – CTUM myanmar
 
#PeopleMedia #အလုပ်သမားအရေး

Share this post