• Follow Us on

Home အစိုးရနှင့် တပ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ

အစိုးရနှင့် တပ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၌ အစိုးရနှင့် တပ်ဆန့်ကျင်ရေးလှုပ်ရှားသည့် ဆန္ဒပြကျောင်းသား ၄ ဦးသည်  ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့သည်။

 

ယင်းကျောင်းသား ၄ ဦးသည် စစ်တွေမြို့၌ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် တပ်နှင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ၂ နှစ်၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ တို့ဖြင့် ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါအမိန့်ချမှတ်ခံရသည့် ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော် နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေး ကိုသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားသမဂ္ဂမှ တွဲဖက်အတွင်း ရေးမှူး ကိုမြတ်စိုးဝင်းနှင့် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှ ရခိုင်ကျောင်းသားသမဂ္ဂ ကိုကောင်းထွန်းတို့ ၄ ဦးဖြစ် သည်။

 

ထို့အပြင် ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် သက်မွေးဆိုင်ရာအတွင်းရေးမှူး ကိုစိုးလှ နိုင်၊ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော်နှင့် ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုဘုန်းမြင့်ကျော်တို့ကိုလည်း ရခိုင်ပြည်ကျောင်းသား ပြည်သူနှင့်အတူရပ်တည်ကြောင်း၊ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသောကြောင့် မန္တလေးအိုးဘိုထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြပါရှိသည်။

 

အလားတူ ကိုစိုးလှနိုင်နှင့် ကိုကျော်သီဟရဲကျော်တို့နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်နှင့် ၂ လစီချမှတ်ခံထားရပြီး ကိုဘုန်းမြင့်ကျော်ကိုမူ ဖမ်းဆီးထိန်းသိမ်းထားသော်လည်း လက်ရှိအချိန်ထိ တရားရုံးထုတ်ခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းများ မရှိသေးကြောင်း ဗကသ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

#PeopleMedia #ဗကသ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post