• Follow Us on

Home အစိုးရရုံးစိုက်ရာ နေပြည်တော်၌ ပြည်ခိုင်ဖြိုးပါတီဝင် သားအမိနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် မိခင်ဖြစ် သူ ပြင်းထန်ဒဏ်ရာရရှိ

အစိုးရရုံးစိုက်ရာ နေပြည်တော်၌ ပြည်ခိုင်ဖြိုးပါတီဝင် သားအမိနှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် မိခင်ဖြစ် သူ ပြင်းထန်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁(People Media)

 

အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာ၌ နေထိုင်သည့် ပြည် ခိုင်ဖြိုးပါတီဝင် သားအမိနှစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး မိခင်ဖြစ်သူသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း ကနဦး သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၀) ရက်နေ့ ည (၇) နာရီအချိန်၌ သေနတ်သမားတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး လာရောက်လုပ်ကြံခဲ့ခြင်းကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်မာဌေးသည် ကျည်ထိမှန်ဒဏ်ရာကြောင့် ပြင်ထန် စွာ ဒဏ်ရာရှိခဲ့ပြီး သမီးဖြစ်သူမှာ စိုးရိမ်ဖွယ်မရှိကြောင်း လက်တလောသိရှိရသည်။

 

အဆိုပါ လုပ်ကြံမှုသည် ဗိဿနိုးနယ်မြေ (PDF) အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှု ပြုလုပ်ထားသည်။

 

၎င်းတို့ ထုတ်ပြန်ချက်၌ ဒေါ်ခင်မာဌေးကို သူ၏ နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

ဗိဿနိုးနယ်မြေ (PDF) အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၌ လှုပ်ရှားမှုပြုလုပ်သည့် အဖွဲ့တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီဝင်များကို လိုက်လံလုပ်ကြံနေသည့်အဖွဲ့တစ်ခုဖြစ်သည်။

 

Photo – USDP

 

#PeopleMedia #နေပြည်တော်

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

Photo – USDP

 



Share this post