• Follow Us on

Home အစိုးရ အောင်ဘာလေထီလက်မှတ်များ Online မှရောင်းချရန် နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီ (၄၀) ကျော်ထိ လျှောက်ထားမှုရှိ

အစိုးရ အောင်ဘာလေထီလက်မှတ်များ Online မှရောင်းချရန် နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီ (၄၀) ကျော်ထိ လျှောက်ထားမှုရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆ (People Media)

 

အစိုးရ အောင်ဘာလေထီလက်မှတ်များ Online မှ ရောင်းချနိုင်ရန် နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီ (၄၀) ကျော်ထိ လျှောက်ထားမှုရှိလာပြီလို့ ပြည်တွင်းအခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က People Media သို့ ပြောပါတယ်။

 

“လောလောဆယ်ကိုပဲ ကုမ္ပဏီ လေးဆယ်လောက်ရှိနေပါပြီ။ အမြန်ဆုံးတော့ အကောင်အထည်ဖော်သွားမှာ ပါ” လို့ ဦးမင်းထွဋ်က ပြောပါတယ်။

 

အဆိုပါ ကုမ္ပဏီ (၄၀) ကျော်ထဲမှ မကြာမီ ပထမအဆင့်ကို စိစစ်ရွေးသွားမှာဖြစ်ပြီး၊ လုပ်ငန်းစတင်မည့်အချိန် ကို အတိအကျ မပြောနိုင်သေးပေမယ့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းက ထပ်မံပြောပါတယ်။

 

အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရန် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက် ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ဌားရမ်းရန် ယခုလဆန်းပိုင်းက ပြည်တွင်းအခွန်ဦး စီးဌာနက ကြေညာခဲ့ပါတယ်။

 

#PeopleMedia #အောင်ဘာလေ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post