• Follow Us on

Home အစုိးရဆုိတာ အစပဲ ႐ုိးတယ္ ပါးစပ္ကဘုရားဘုရား လက္ကကားရားကားရား ျပည္သူေတြရဲ႕ ေ၀ဖန္သံကုိ နားနဲ႔ မဆံ့ေအာင္ ၾကားေနရေၾကာင္း ျပည္ခုိင္ၿဖိဳးအမတ္ေျပာဆုိ

အစုိးရဆုိတာ အစပဲ ႐ုိးတယ္ ပါးစပ္ကဘုရားဘုရား လက္ကကားရားကားရား ျပည္သူေတြရဲ႕ ေ၀ဖန္သံကုိ နားနဲ႔ မဆံ့ေအာင္ ၾကားေနရေၾကာင္း ျပည္ခုိင္ၿဖိဳးအမတ္ေျပာဆုိ

Share this post

“လက္ရွိအစုိးရကာလမွာ ရန္ကုန္တုိင္းေဒသႀကီးအစုိးရအေနနဲ႔ တပ္မေတာ္က ျပန္အပ္ထားတဲ့ တစ္ဧကေတာင္မွ ပုိင္ရွင္ဆီ ျပန္မေပးေသးပါဘူး”ဟု ဦးေမာင္ျမင့္ (မင္းကင္းမဲဆႏၵနယ္)

ယေန႔က်င္းပျပဳလုပ္ေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ တပ္မေတာ္အစိုးရလက္ထက္ ၀န္ႀကီးဌာန မ်ားႏွင့္ ကုမၸဏီမ်ား၏လုပ္ငန္းမ်ားအတြက္ သိမ္းဆည္းခဲ့သည့္ ေျမယာမ်ားအနက္ ယခုအခ်ိန္ထိ မူလပိုင္ရွင္ မ်ားသို႔ ျပန္လည္အပ္ႏွံၿပီးသည့္ ေျမဧကမ်ားကိုရွင္းလင္း ျပန္ၾကားေပးရန္ႏွင့္ ျပန္လည္အပ္ႏွံသည့္ေျမယာမ်ား ကို မူလပိုင္ရွင္မ်ားသို႔သာ တိုက္႐ိုက္အပ္ႏွံရန္ တာ၀န္ရွိေသာ္လည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း သက္ဆိုင္ ရာဌာနမ်ားက ျပန္လည္အပ္ႏွံသည့္ေျမယာမ်ားကို မူလပိုင္ရွင္မ်ားသို႔ တိုက္႐ိုက္အပ္ႏွံျခင္းမျပဳဘဲ ႏိုင္ငံေတာ္ စီမံကိန္းအက်ဳိးျပဳလုပ္ငန္းမ်ား အသံုးျပဳရန္ တင္ျပေဆာင္ရြက္ခဲ့ျခင္းကို ရွင္းလင္းေျဖၾကားေပးရန္ မင္းကင္းမဲ ဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္မွ အထက္ပါအတိုင္း ေမးျမန္းခဲ့ျခင္းျဖစ္သည္။

“ေတာင္သူမ်ား သေဘာတူညီခ်က္မရွိပါက ေဆာင္ရြက္ခ်က္မရွိဘဲထားရွိၿပီး သိမ္းဆည္းေျမယာမ်ား၏ ၈၀ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္စီမံကိန္းမ်ား အက်ဳိးျပဳလုပ္ငန္းမ်ားအတြက္အသံုးျပဳရန္ သတ္မွတ္ေဆာင္ရြက္ခဲ့ျခင္း မရွိဘူး” ဦးတင္ျမင့္ ဒုတိယ၀န္ႀကီး ျပည္ေထာင္ စုအစိုးရအဖြဲ႕႐ံုး၀န္ႀကီးဌာနမွ မင္းကင္းမဲဆႏၵနယ္ ဦးေမာင္ျမင့္ ေမးျမန္းမႈအေပၚအထက္ပါအတိုင္းျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။

#PeopleMedia #International

(Unicode)
အစိုးရဆိုတာ အစပဲ ရိုးတယ် ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ပြည်သူတွေရဲ့ ဝေဖန်သံကို နားနဲ့ မဆံ့အောင် ကြားနေရကြောင်း ပြည်ခိုင်ဖြိုးအမတ်ပြောဆို
……………………………………………………………………………

“လက်ရှိအစိုးရကာလမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ တပ်မတော်က ပြန်အပ်ထားတဲ့ တစ်ဧကတောင် မှ ပိုင်ရှင်ဆီ ပြန်မပေးသေးပါဘူး”ဟု ဦးမောင်မြင့် (မင်းကင်း မဲဆန္ဒနယ်)

ယနေ့ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာန များနှင့် ကုမ္ပဏီများ၏လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများအနက် ယခုအချိန်ထိ မူလပိုင်ရှင် များသို့ ပြန်လည်အပ်နှံပြီးသည့် မြေဧကများကိုရှင်းလင်း ပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့်မြေယာများ ကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင် ရာဌာနများက ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့ တိုက်ရိုက်အပ်နှံခြင်းမပြုဘဲ နိုင်ငံတော် စီမံကိန်းအကျိုးပြုလုပ်ငန်းများ အသုံးပြုရန် တင်ပြဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန် မင်းကင်းမဲ ဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်မှ အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

“တောင်သူများ သဘောတူညီချက်မရှိပါက ဆောင်ရွက်ချက်မရှိဘဲထားရှိပြီး သိမ်းဆည်းမြေယာများ၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းများ အကျိုးပြုလုပ်ငန်းများအတွက်အသုံးပြုရန် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဘူး” ဦးတင်မြင့် ဒုတိယဝန်ကြီး ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ မင်းကင်းမဲဆန္ဒနယ် ဦးမောင်မြင့် မေးမြန်းမှုအပေါ်အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

#PeopleMedia #International


Share this post
https://www.facebook.com/1120229281493723/videos/2752638854826570/